မသန်စွမ်းကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေး ပေးမည်
diz_admin
July 21, 2020အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသော မသန်စွမ်းကျောင်းသူ၊ ကျောင်းသားများကို ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် ပညာသင်ထောက် ပံ့ကြေးပေးမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ မသန်စွမ်းကျောင်းသူ ကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေးပေးရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနက စာရင်းတောင်းယူထားသော်လည်း တစ်ဦးလျှင် ငွေကြေးမည်မျှ ထောက်ပံ့ပေးမည်ကိုမူ မသိရသေးကြောင်း တိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပြောသည်။ “သူတို့တွေ ပုံမှန်ကလေးတွေနဲ့ယှဉ် ပြီးတော့မှ ပညာသင်ယူတဲ့အခါကျတော့ သူတို့မိဘတွေအနေနဲ့ ဖြည့်ဆည်း မပေးနိုင်တဲ့ အတွက်ကြောင့်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်အား ငယ်နေရမယ်လေ။ တခြားလူတွေနဲ့ ယှဉ်ရင်၊ အဲတော့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးတဲ့သဘော၊ သူတို့ရဲ့အခက်အခဲတွေကို အမှန်တကယ်လိုအပ်လို့ ဖြည့်ဆည်းပေးတဲ့ သဘောနဲ့ ထောက်ပံ့ပေးတဲ့ သဘောဖြစ်မှာပေါ့နော်” ဟု ဦးအောင်စိုးက ပြောသည်။ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ စာရေးကိရိယာ ထောက်ပံ့မည် ပြီးခဲ့သည့် […]


