ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူဒေသခံ စစ်ဘေးရှောင် ခုနစ်ရာကျော် အရေးပေါ် အကူအညီလို

Dawei Watch

August 28, 2025

ရေဖြူမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံ ခုနစ်ရာကျော် အရေးပေါ် အကူအညီ လိုအပ်နေ ကြောင်း ဒေသခံများနှင့် မွန်လူသားချင်းစာနာထောက်ထားမှု အထောက်အကူပြုမဟာမိတ်အဖွဲ့ (Mon Humanitarian Support Alliance) တို့ထံမှ သိရသည်။ ရေဖြူမြို့နယ်အတွင်း သြဂုတ်လ ၁၅ ရက်ကစပြီး ၂၅ရက်အထိ စစ်အာဏာရှင်တပ်နှင့် မွန်၊ ကရင်၊ ထားဝယ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ နေ့စဉ်နီးပါး ဆက်တိုက်ဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၂၅ ရက် နောက်ပိုင်းတွင်လည်း စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ကျေးရွာများဘက်သို့ ဆက်လက် ပစ်ခတ်နေကြောင်း ၎င်းတို့က ဆိုသည်။ တိုက်ပွဲကြောင့် ကော့လှိုင်၊ မရမ်းချောင်း၊ မိုင် ၆၀၊ ရာဖူး၊ သာယာမွန်၊ အလယ်စခန်း၊ ကျွဲတလင်း အစရှိသည့် ကျေးရွာများ […]

ရေဖြူ၊ ဖားချောင်းကျေးရွာအုပ်စုတွင် သုံးရက်ဆက် ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

August 27, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စု၊ ဆယ်အိမ်စုရွာ ဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းမဟာမိတ်များအကြား သြဂုတ်လ ၂၅ ရက်မှစ၍ သုံးရက်ဆက်တိုက် ထိတွေ့ပစ်ခတ်မှုများဖြစ်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှသိရသည်။ စစ်အာဏာရှင်တပ်က ဖားချောင်းကျေးရွာအုပ်စုနှင့် ဆက်စပ်နေသည့် ဦးပိုင်ဆီအုန်းခြံအတွင်း နေရာယူထားပြီး ဖားချောင်းကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ရွာသားများကဆိုသည်။ ” လက်နက်ကြီး ပစ်နေတာတွေရှိတယ်။ မနေ့(သြဂုတ် ၂၆ ရက်) က ဆယ်အိမ်စု ဘုန်ကြီးကျောင်းဝင်းထဲ တစ်လုံးကျတယ်။ အခြားထိခိုက်မှုတော့မရှိဘူး။ ဆယ်အိမ်စု၊ တောင်ရင်းအင်းနဲ့ ဖားချောင်းရွာသုံးရွာကတော့ (စစ်)ရှောင်နေကြရတယ် ” ဟု တောရင်းအင်းရွာသားတစ်ဦးကပြောသည်။ သုံးရက်ဆက်တိုက် တိုက်ပွဲများအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှုရှိသည်ဟု တော်လှန်ရေးပူးပေါင်းမဟာမိတ်အဖွဲ့မှ တပ်ဖွဲ့တစ်ခု၏ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။ ” တိုက်ပွဲဒုတိယတစ်ရက်မှာ သူတို့ဘက်က(စစ်အာဏာရှင်တပ်) ထိခိုက်မှုရှိတယ်။ တိုက်ပွဲပြီးတာနဲ့ ဆေးရုံကားနဲ့ […]

သရက်ချောင်းတွင် ရွာသုံးရွာက နေအိမ် ၇၀ခန့် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သားနှစ်ဦးပစ်သတ်ခံရ

Dawei Watch

August 27, 2025

သရက်ချောင်းမြို့နယ်၊ စော်ဖျား၊ မိုးရွှေကုန်းနှင့် ဥတ္တူ စသည့် ကျေးရွာသုံးရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းက နေအိမ် ၇၀ ဆယ်ခန့် မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့ထံမှ သိရသည်။ ဩဂုတ်လ ၁၇ ရက်တွင် ဥတ္တူရွာက ကားတစ်စီးနှင့် နေအိမ် တစ်လုံး၊ ဩဂုတ်လ ၂၂ ရက်တွင် မိုးရွှေကုန်းရွာက နေအိမ် ၁၉ လုံး၊ ဩဂုတ်လ ၂၅ ရက်တွင် စော်ဖျားရွာက နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံအချို့က ပြောသည်။ မိုးရွှေကုန်းရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအနီးတွင် စစ်အာဏာရှင်တပ်က သတ်ဖြတ်ခဲ့သည့် လူနှစ်ဦး၏ အလောင်းနှစ်လောင်းကို ယနေ့ ဩဂုတ်လ ၂၇ ရက် ယနေ့ […]

ထားဝယ်မြို့တွင် မိုးကြီး လေပြင်းတိုက်ပြီး နေအိမ် ၁၀နီးပါး အမိုးလန်ပျက်စီး

Dawei Watch

August 27, 2025

ထားဝယ်မြို့ပေါ်တွင် ဩဂုတ်လ ၂၆ ရက် ညဦးပိုင်းနှင့် ညသန်းခေါင်အချိန်တို့တွင် မိုးကြီးပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ် ၁၀ ဆောင်နီးပါး ခေါင်မိုးလန် ပျက်စီးကြောင်း မြို့ခံအချို့က ပြောသည်။ ထားဝယ်မြို့ပေါ်နှင့် အနီးတစ်ဝိုက်တွင် ဩဂုတ်လ ၂၆ရက် ည ၇နာရီဝန်းကျင်နှင့် ညသန်းခေါင်ယံတို့တွင် မိုးကြီးပြီး လေပြင်းကျတိုက်သောကြောင့် တလိုင်းမရပ်ကွက်၊ တရုတ်တန်းလမ်းရှိ နေအိမ်အချို့ နှင့် အခြားရပ်ကွက်များတွင် နေအိမ်အချို့ ခေါင်မိုးလန်ပျက်စီးကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “မိုးကြီးတယ်။ လေတိုက်တာက နေရာစုံတော့ မဟုတ်ဘူး။ တရုတ်တန်းလမ်းမှာပဲ အများဆုံးဖြစ်သွားတာ။ ရုတ်တရက် လေပွေလှိုင်း မိသွားတာ ဖြစ်မယ်။ တရုတ်တန်းလမ်းမှာ အိမ်မိုးလန်သွားတာ ခုနစ်ဆောင်ရှိတယ်။ တခြားရပ်ကွက်တွေက တော့ မသိရသေးဘူး” ဟု ယင်းအမျိုးသားကပြောသည်။ Dawei Watch က ရရှိထားသည့် […]

မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် ခရီးသွားရာချီပိတ်မိနေပြီး ရိက္ခာအခက်အခဲဖြစ်နေ

Dawei Watch

August 27, 2025

ရန်ကုန်-ထားဝယ်လမ်းပိုင်းဖြစ်သည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မလွှဲတောင်နှင့် ကလိန်အောင်လမ်းပိုင်းတွင် ဩဂုတ်လ ၂၆ ရက် ညနေ ၃ နာရီခန့်မှစပြီး ခရီးသွားကားများ ရာ ချီပိတ်မိနေ၍ စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေကြောင်း ပိတ်မိနေသည့် ခရီးသွားများက ပြောသည်။ မလွှဲတောင်နှင့် ကလိန်အောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် တို့အကြား ဩဂုတ်လ ၂၃ ရက် နေ့မှ ၂၅ ရက် နေ့အထိ သုံးရက်ဆက်တိုက် ထိတွေ့တိုက်ပွဲ ဖြစ်နေကြောင်း၊ တော်လှန်ရေးတပ်များဘက်က ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှစပြီး ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ခရီးသွားတစ်ဦးကပြောသည်။ “တော်တော် ဒုက္ခရောက်နေတယ်။ ဒီလမ်းမမှာ ဘာစားစရာမှမရှိဘူး၊ ကျွန်တော်တို့ ရွာထဲဝင်ပြီး ထမင်းလိုက် တောင်းစားနေရတယ်။ ဒီမှာကားကြီးတွေရော ကားသေးတွေရော ရာချီရှိနေပြီ ကျမ်းမာရေး […]

ထားဝယ်ဒေသခံတစ်ဦးကို စစ်အာဏာရှင်တပ် ပစ်သတ်

Dawei Watch

August 26, 2025

ထားဝယ်မြို့နယ်၊ ပကာရီရွာသား အသက် ၅၀ ကျော်အရွယ် ဦးဇော်သန်းဆိုသူကို စစ်အာဏာရှင်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ဩဂုတ်လ ၂၀ ရက်နေ့က ဥယျာဉ်ခြံ ထဲသွားချိန် စစ်အာဏာရှင်တပ် စစ်ကြောင်းက ပခပ်ကျေးရွာအနီးတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ခြံထဲသွားချိန် စစ်ကြောင်းနဲ့ တိုးမိပြီး ပစ်သတ်ခံလိုက်ရတယ်လို့ ပြောတယ်။ အလောင်းကို ပခတ် ဘုန်းကြီးကျောင်းနားက လမ်းပိုင်းမှာ တွေ့ရတာ”ဟု ယင်းအမျိုးသမီး ကပြောသည်။ ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာနှင့် ၀ကုန်းရွာ အနီးဝန်းကျင်တို့တွင် ဩဂုတ်လ ၁၈ ရက် နေ့မှစ၍ ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။ ဩဂုတ်လ ၂၀ ရက် နေ့တွင် ပကာရီရဲစခန်းမှ စစ်ကူထွက်လာသည့် […]

ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းတွင် နေ့တိုင်းနီးပါး ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

August 26, 2025

အမှတ် ၈ ပြည်ထောင်စုကာလမ်းမ၊ ကလိန်အောင် – မလွှဲတောင် လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် မွန်၊ကရင်၊ထားဝယ် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ပစ်ခတ်မှုများ နေ့တိုင်းနီးပါး ရှိနေကြောင်း တော်လှန်ရေးအင်အားစုများ နှင့် ဒေသခံများ ထံမှသိရသည်။ သြဂုတ်လ ၂၃ ရက်၊ ၂၄ ရက် နှင့် ၂၅ ရက် သုံးရက်စလုံး ထိတွေ့ ပစ်ခတ်မှုရှိခဲ့ကြောင်း တိုက်ပွဲများတွင် ပါဝင်သည့် ဒေါနစစ်ကြောင်း ၃ ပြန်ကြားရေး တာဝန်ရှိသူ ကပြောသည်။ ” ဒီ သုံးရက်မှာ‌‌တော့ ဒီဖက်(တော်လှန်ရေးအင်အားစု) က အထိအခိုက် မရှိဘူး။ သူတို့ဖက်က ထိခိုက်မှုတော့ အတည်ပြုလို့ မရသေးဘူး။ အင်အားထပ်ဖြည့်တယ်တော့ ကြားတယ်။ အရေအတွက်တော့ မသိရဘူး။ ဒီနေ့ မနက်တော့ တိုက်ပွဲ မဖြစ်သေးဘူး ” […]

လောင်းလုံးတွင် စစ်ဘေးရှောင်များကို ထောက်ပံ့သည့်ငွေကြေး အရှုပ်အရှင်းဖြစ်နေ

Dawei Watch

August 26, 2025

လောင်းလုံးမြို့နယ် ကျေးရွာအချို့ရှိ စစ်ဘေးရှောင်များအား အဖွဲ့အစည်းတစ်ခုက ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ပြီး ယင်းငွေကြေးကို ဒေသခံများထံ ဝေမျှရန် ကြားခံအကူအညီပေးသူနှင့် ယင်းအဖွဲ့မှ ဝန်ထမ်းတို့ကြောင့် အရှုပ်အရှင်းဖြစ်ပေါ်နေသည်ဟု ကနဦးသိရှိရသည်။ ‌လုံခြုံရေးအရ နာမည်ဖော်ပြလိုခြင်းမရှိသော အဖွဲ့အစည်းတစ်ခုသည် လောင်းလုံးမြို့နယ်ရှိ ကညုံကျွန်း၊ ကထောင်းနီ၊ လေးသွန်းခံ၊ စစ်ပြဲ၊ တီဇစ်ကျေးရွာတို့ရှိ စစ်ဘေးရှောင်များအား တစ်အိမ်ထောင်လျှင် ငွေကျပ် သုံးသိန်းခြောက်သောင်းကျပ်( ၃၆၀၀၀၀ ကျပ်)နှုန်း ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ စစ်အာဏာရှင်တပ်က လောင်းလုံးမြို့နယ်ရှိ အထက်ဖော်ပြပါကျေးရွာများကို ဇွန်လထဲတွင် ရက်ရှည်စစ်ကြောင်းထိုးခဲ့သဖြင့် ဒေသခံအများအပြား စစ်ဘေးရှောင်ထွက်ပြေးခဲ့ကြရသည်။ ယင်းကြောင့် ဇူလိုင်လ လလယ်ပိုင်းနှင့် ဩဂုတ်လဆန်းပိုင်းတို့တွင် ယင်းအဖွဲ့က စစ်ဘေးရှောင်များကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ငွေကြေးထောက်ပံ့ကူညီရာတွင် ကိုယ်တိုင်ပါဝင်သူတစ်ဦးက ပြောသည်။ လုံခြံရေးအရ အမည်မဖာ်လိုသည့် အဖွဲ့အစည်းကိုယ်စား သက်ဆိုင်ရာဒေသခံကျေးရွာမှ အမျိုးသမီးလေးငါးဦးခန့်က […]