ရန်တောင်ရွာတွင် စစ်ကောင်စီစစ်ကြောင်း သေနတ်ဖြင့်ပစ်ခတ်နေသဖြင့် ဒေသခံများထွက်ပြေး
Dawei Watch
July 15, 2025သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၁၅ရက် နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်နေသဖြင့် ရန်တောင်ရွာသားများထွက် ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ အင်အား တစ်ရာဝန်းကျင်ရှိသည့် အဆိုပါစစ်ကြောင်းသည် ဇူလိုင်လ ၁၄ရက် နံနက်ပိုင်းမှစတင်၍ ရန်တောင်ကျေးရွာသို့ ရောက်ရှိတပ်စွဲထားကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းသည် ရန်တောင်ရွာအတွင်းလှည့်လည်ပြီး သေနတ်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် နေသောကြောင့် ရွာသူရွာသားများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက ပြောဆိုသည်။ “သူတို့က အရပ်ဝတ်တွေနဲ့။ စပစ်ချိန် မနက် ၈ နာရီကျော်လောက်ရှိပြီ။ ထမင်းချက်ပြီးခါစပဲ ရှိသေးတယ်။ လူတွေက ထွက် ပြေးနေကြပြီ။ ကျွန်မတို့လည်း ရွာထဲမှာ တိတ်ဆိတ်လာလို့ အခု ထွက်ပြေးလာလိုက်တယ်” ဟု […]


