မဲသံတောင် ဆယ်ကျော်သက် ညီအစ်ကိုနှစ်ဦး အသတ်ခံရမှု စုံစမ်းနေဆဲ
diz_admin
January 13, 2021ရေဖြူမြို့နယ်၊ မဲသံတောင်ကျေးရွာနေ ဆယ်ကျော်သက် ညီအစ်ကိုနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ အားစိုက် စုံစမ်းနေဆဲဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ အသက် ၁၇ နှစ်နှင့် ၁၄ နှစ်အရွယ် အမျိုးသားဆယ်ကျော်သက် နှစ်ဦးမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြတ်ရှဒဏ်ရာများဖြင့် လမ်းပေါ်တွင် သေဆုံးနေသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သတ်ဖြတ်သွားသူအား ဖမ်းမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ အပူတပြင်းစုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း ဒုတိယ တိုင်းရဲတပ် ဖွဲ့မှူးက ဆိုသည်။ “ဒီအမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ က အပူတပြင်း စုံစမ်းနေပါတယ်” ဟု ဒုတိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။ လက်ရှိတွင် စုံစမ်းစစ်ဆဲဖြစ်သည့်အတွက် အသေးစိတ်ထုတ်ပြော၍မရဘဲ တရားခံဖမ်းဆီးရမိချိန်မှသာ ထုတ်ပြန် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဖြစ်စဉ်မှာ […]


