တနင်္သာရီတိုင်းတွင် မဲ မသမာမှု ပြုနိုင်သည့် မဲစာရင်း ၃၀ ရာနှုန်းကျော်ဟု တပ်မတော်ထုတ်ပြန်
diz_admin
January 15, 2021တနင်္သာရီတိုင်းတွင် စုစုပေါင်းမဲ ပေးခဲ့သူ၏ သုံးဆယ်ရာနှုန်းကျော်သည် မဲ မသမာမှုပြုနိုင်သည့် မဲစာရင်းတွင် ပါဝင်နေကြောင်း တပ်မတော်က ထုတ်ပြန်နေသည့် စာရင်းက ဖော်ပြနေသည်။ သရက်ချောင်းမြို့နယ်မှလွဲ၍ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်ကိုး မြို့နယ်တွင် မဲသမမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှုပြုနိုင်သည့် အခြားမဲစာရင်း စုစုပေါင်း နှစ်သိန်း ခြောက်သောင်းကျော် (၂၆၇၉၈၀) ပါဝင် နေသည်ဟု တပ်မတော်ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ တနင်္သာရီတိုင်းတွင် စုစုပေါင်း မဲလာပေးသူ ခြောက်သိန်းကျော် (၆၁၈၅၈၈ ဦး) ရှိကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်စာရင်းတွင် ဖော်ပြထားသည်။ ဖော်ပြပါ ကိန်းဂဏန်းနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက တနင်္သာရီတိုင်းတွင် မဲပေးခဲ့သူ စုစုပေါင်း၏ ၃၃ ဒဿမ ၈ ရာနူန်းသည် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းတွင် […]


