ထားဝယ်တွင် ဓာတ်ငွေ့ကာ ပစ္စည်းပြတ်
diz_admin
March 9, 2021ထားဝယ်ဈေးကွက်အတွင်း ဓာတ်ငွေ့ ကာမျက်နှာဖုံးများ ပစ္စည်းပြတ်လတ်နေကြောင်း မြို့ပေါ် ကုန်မာဆိုင်များထံမှ သိရသည်။ ပုံမှန်အားဖြင့် ယင်းပစ္စည်းများကို ဆေးသုတ်ဆေးမှုတ်ရာတွင် အသုံးများပြီး ယခုအခါ ဆန္ဒပြပွဲများတွင် မျက်ရည်ယိုဗုံး ထိချိန်၌ အကာအကွယ် ဖြစ်စေရန် အသုံးပြုလာခြင်း ဖြစ်ကြောင်း အရောင်းဆိုင်များထံမှာ သိရသည်။ အဆိုပါ ပစ္စည်းများသည် ယခင်က အရောင်းအဝယ်မရှိသလောက် နည်းပါးပြီး ယခုအချိန်မှသာ ပစ္စည်းပြတ်သည်အထိ ဖြစ်လာကြောင်း ထားဝယ်မြို့ ကမြော ကင်းလမ်းရှိ ကုန်မာပစ္စည်း အရောင်းဆိုင်မှ အသက် ၃၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ “အစ ကတော့ မရောင်းရ သလောက်ပဲ။ အခုတော့ ဆိုင်မှ ရောင်းဖို့ ပစ္စည်း မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။ တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်း […]


