ဘဏ်တွင် ငွေထုတ်ရခက်ခဲမှုကြောင့် သမဝါယမ စုငွေများ အပြည့်မရ ဟုဆို
diz_admin
July 2, 2021ထားဝယ်ခရိုင်အတွင်း ဘဏ်အပ်ငွေများကို အကန့်အသတ်ဖြင့်သာ ထုတ်ယူနေရသဖြင့် သမဝါယမ စုငွေများအပြည့်မရဘဲဖြစ်နေကြောင်း ယင်းအသင်းသားအချို့က ပြောဆိုကြသည်။ သမဝါယမ အသင်းသားတစ်ဦးလျှင် ငါးသိန်းကျပ်၊ ဆယ်သိန်းကျပ်မှ ကျပ်သိန်းနှစ်ဆယ်အထိ စုငွေများရရန်ရှိနေကြသည်ဟု ၎င်းတို့က ပြောဆိုသည်။ ယင်းစုငွေများအား သမဝါသမအသင်းတာဝန်ရှိသူက အပြည့်ထုတ်မပေးဘဲ အချို့ကိုတစ်ဝက်၊ အချို့ကို သုံးပုံတစ်ပုံ စသည်ဖြင့် ထုတ်ပေးနေကြောင်း အသင်းသားအချို့က ပြောကြားသည်။ အစိုးရဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရသည့်အတွက် စုငွေများကို ပြန်ထုတ်ယူခွင့်ပြုရန်နှင့် အသင်းသားအဖြစ်မှ ထွက်ခွင့်ပြုရန် မေလကတည်းက စာဖြင့်တင်ပြထားသော်လည်း ယနေ့အချိန်အထိ ငွေလဲအပြည့်မရသေးသကဲ့သို့ အသင်းသားအဖြစ်မှ ထွက်ခွင့်လည်း မပြုသေးကြောင်း သရက်ချောင်းမြို့နယ်မှ အသင်းဝင်တစ်ဦးက ဆိုသည်။ ”အချို့လူတွေကို တစ်ဝက်ထုတ်ပေးတယ်။ အချို့လူတွေကလဲ လုံးဝမထုတ်ပေးဘူး။ သူတို့ ထုတ်ပေးချင်သလို ထုတ်ပေးနေကြတယ်။ ရာခိုင်းနှုန်းနဲ့ ထုတ်ပေးတာမျိုးလဲမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။ အထူးသဖြင့် သမဝါယမ […]


