ထားဝယ်ကမ်းနားလမ်းတွင် အမျိုးသားတစ်ဦး ဓားထိုးခံရ
diz_admin
May 19, 2021ထားဝယ်မြို့ ကမ်းနားလမ်းတွင် မေလ ၁၈ ရက်ညက အမျိုးသားတစ်ဦးဓားထိုးခံရပြီး ဆေးရုံတင်ပို့ထားပြီး လက်ရှိအချိန်ထိ မိဘများနှင့် အဆက်အသွယ်မရသေးကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ည ၁၀ နာရီခန့်တွင် DDPC ဈေးဝယ်စင်တာအလွန် ကမ်းနားလမ်းပေါ်ရှိ တံတားအနီးတွင် ဖြစ်ပွားခဲ့သည်ဟု သိရကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုနိုင်က ဆိုသည်။ ဓားထိုးခံရသူမှာ ပလောက်မြို့တွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ်ရှိ ကိုသန်းဇော်ဖြစ်ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာခြောက်ချက်ရရှိထားသည့် ကိုသန်းဇော်က ကမြောကင်းတံတားဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းသို့ ပြေးဝင်လာသည်ဟု ဦးကိုကိုနိုင်က ဆိုသည်။ ထိုကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တန်းလျားအတွင်းသို့ ဓားဒဏ်ရာများဖြင့် ပြေးဝင်လာသည့် အဆိုပါ အမျိုးသားတွင် အဝတ်အစားမပါဘဲ ဝတ်လစ်စလစ်ဖြစ်နေကြောင်း ၎င်းက ပြောသည်။ ထိုနောက် ကြက်ခြေနီတပ်ဖွဲ့မှ […]


