သရက်ချောင်းတွင် KNLA တပ်ဖွဲ့ဝင်လေးဦး လက်နက်များယူပြီး စစ်အာဏာရှင်ထံ ဘက်ပြောင်း
Dawei Watch
September 25, 2025သရက်ချောင်းမြို့နယ် ၊ ရန်တောင်ရွာ ဝန်းကျင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင်လေးဦး စစ်အာဏာရှင်တပ်ဘက်သို့ ဘက်ပြောင်းသွားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ဘက်ပြောင်းသွားသူလေးဦးသည် ကေအဲန်ယူ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ကွပ်ကဲမှုအောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ တပ်ရင်း ၁၂ ၊ တပ်ခွဲ ၁ မှ ဖြစ်ကြောင်း ကေဲအန်ယူ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား က အတည်ပြုသည် ။ ယင်းလေးဦးအနက် တစ်ဦးမှာ စစ်အာဏာရှင်တပ်သားဟောင်းဖြစ်ပြီး ကျန်သုံးဦးမှာမူ ကော်သူးလေအာမီ(KTLA) ဘက်မှ ဘက်ပြောင်းလာသူများဖြစ်ကြသည်ဟု ပဒိုစောအယ်နား ကပြောသည် ။ ” ကျွန်တော့်အထင်တော့ အဲဒီ အရင်က စကစ စစ်သားဖြစ်ခဲ့တဲ့တစ်ယောက်က ဦးဆောင်ပြီးတော့ ၊ KTLA က […]


