ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းများ ဝင်ရောက်
Dawei Watch
August 15, 2025ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က ယာဉ် ၁၀စီးပါသည့် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းများ ဝင်ရောက်နေကြောင်း ဒေသခံအချို့က ပြောသည်။ ခြေလျင် စစ်ကြောင်းနှစ်ကြောင်းသည် ဩဂုတ်လ ၈ ရက်တွင် မေတ္တာမြို့ဘက်မှ ကျောက်မဲတောင်စခန်း၊ ယင်းမှတစ်ဆင့် ပကာရီစခန်းသို့ ရောက်ရှိကြောင်း ဒေသခံအချို့က ဆိုသည်။ ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၇ နာရီခန့်တွင် ထားဝယ်ဘက်မှ လာသည့် ယာဉ် ၁၀ ပါသည့် စစ်ယာဉ်တန်း ပကာရီ စခန်းသို့ ရောက်ရှိလာပြီး ယင်းမှတစ်ဆင့် ရမ္မဇူရွာသို့ ရောက်ရှိနေကြောင်း ၎င်းတို့က ပြောဆိုသည်။ “နေ့လယ်ကတော့ ရမ္မဇူရွာမှာ ယာဉ်တန်းတွေရပ်ထားပြီး ထမင်းချက်စားနေကြတယ်လို့ပြောတယ်။ ခြေလျင် စစ်ကြောင်း ကလည်း ဒီနားက ရွာတွေကို နယ်မြေရှင်းတဲ့ပုံစံနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲ ထိုးနေတယ်” ဟု […]


