ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံးရှိ နေအိမ်တစ်ဆောင် သူခိုးခိုးခံရပြီး ရွှေနှင့် ငွေကျပ်သိန်း ၂၀ ခန့်ပါသွား

diz_admin

December 17, 2022

လောင်းလုံးမြို့နယ်၊(ဂ)ရပ်ကွက် စောင်းကြိုးလမ်းတွင် ယနေ့နံနက် ငါးနာရီခန့်က နေအိမ်တစ်ဆောင်တွင် ရွှေနှင့်ငွေသားများ အခိုးခံလိုက်ရကြောင်း သိရှိရသည်။ အခိုးခံရမှုကြောင့် ငွေသား ကျပ်သိန်း ၂၀ ခန့်နှင့် ရွှေတစ်ဆယ်သားခန့်ပါသွားသည်ဟု ကနဦးသိရသည်။ အဆိုပါနေအိမ်တွင် အသက် ခုနှစ်ဆယ်ကျော်အရွယ်ရှိ ဦးသန်းကြွယ်ဆိုသူနှင့် မြေးဖြစ်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသာနေထိုင်ခြင်းဖြစ်သည်။

ထားဝယ်-မြိတ် ကားလမ်း သရက်နှစ်ခွရွာအဝင်တွင် မိုင်းဆွဲတိုက်ခိုက်မှုဖြစ်

diz_admin

December 17, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာအဝင် ထားဝယ်-မြိတ် ကားလမ်းတွင် စစ်ကောင်စီတပ်ကားတစ်စီး ယနေ့ (ဒီဇင်ဘာ ၁၇) နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာကြားရှိ ထားဝယ်-မြိတ် သွားကားလမ်းပေါ်တွင် ဆေးဖြင့်ရေးထားသည့် စစ်ကောင်စီခေါင်းဆောင်၏ ပုံတူပန်းချီနှင့် တပ်ပျက်နေပြီဟူသောစာသားကို ဆင်းဖျက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “ကျွန်တော်တို့လည်း ဖြစ်တာနဲ့ချက်ချင်း မထွက်ကြည့်ရဲဘူးပေါ့နော်၊ မိုင်းသံတော့ ကြားတယ်၊ သုံးလုံး လေးလုံးလောက်ရှိမယ်ထင်တယ်၊ အသံကျယ်ကြီးပဲ”ဟု သရက်နှစ်ခွရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပြီးနောက် ကားလမ်းတစ်လျှောက် သေနတ်သံများ မိနစ် ၃၀ ခန့်ဆူညံစွာထွက်ပေါ်ခဲ့ပြီး ရွာထဲသို့လည်း သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သရက်နှစ်ခွကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အခု […]

ထားဝယ်တွင် ဝက်ရှားလာခြင်းကြောင့် တစ်ပိဿာ ၁၇၀၀၀ ကျပ်အထိဖြစ်လာ

diz_admin

December 17, 2022

ထားဝယ်တွင် ဝက်ရှားလာခြင်းကြောင့် ဝက်သားဈေး တစ်ပိဿာ ၁၇၀၀၀ ကျပ်အထိဖြစ်လာကြောင်း ဝက်သားရောင်းသူအချို့က ပြောသည်။ ၂၀၂၂ ခုနှစ် သီတင်းကျွတ်လမတိုင်မီအချိန်ထိ ဝက်သားတစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ခန့်သာရှိပြီး သီတင်းကျွတ်ကာလမှ နိုဝင်ဘာလအတွင်း ၁၇၀၀၀ ကျပ်အထိ ခုန်တက်သွားသည်။ ဝက်သားဈေးတက်လာခြင်းမှာ ဝက်ရှာရခက်လာခြင်းကြောင့်ဖြစ်ပြီး အလုပ်သမားစရိတ်၊ အခွန်အခများနှင့် အခြားကုန်ကျစရိတ်များကြောင့်ဖြစ်သည်ဟု ထားဝယ်မြို့နယ်မှ ဝက်ဒိုင်လုပ်ငန်းတွင် လုပ်ကိုင်သူ ဦးဖိုးလားက ပြောသည်။ “ကုန်ကြမ်းက မော်လမြိုင်မှာ တက်ဝယ်နေရတယ်၊ ထားဝယ်မှာ ကုန်ကြမ်းလာရောင်းသူ သိပ်မရှိဘူး။ နယ်က တစ်နေ့တစ်ကောင်တောင် မလာဘူး၊ ဒေသဝက်ကတော့ မရှိသလောက်ပဲ” ဟု ၎င်းက ဆိုသည်။ ဝက်ဒိုင်မှ ဝယ်ယူရသည့်ဈေး တဖြည်းဖြည်း ခုန်တက်နေခြင်းကြောင့် ဝက်သားဈေး ၁၇၀၀၀ ကျပ်အထိ ခုန်တက်လာခြင်းဖြစ်သည်ဟု ကမ်းနားဈေးမှ ဝက်သားရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။ […]

ထားဝယ်အိမ်ခြံမြေဈေးကွက် အရောင်းများပြီး အဝယ်နည်း

diz_admin

December 16, 2022

ထားဝယ်အိမ်ခြံမြေဈေးကွက်တွင် ရောင်းချလိုသူများပြားပြီး ဝယ်ယူမည့်သူ မရှိသလောက်နည်းပါးနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်နှစ်ကမူ ကျပ်ငွေတန်ဖိုးကျဆင်းလာမှုနှင့်အတူ ကျပ်ငွေအပေါ်ယုံကြည်မှုနည်းပါးလာကြသဖြင့် အိမ်ခြံမြေဝယ်လိုသူ ပိုများပြားခဲ့ကြောင်း အကျိုးဆောင်အချို့က ပြောသည်။ ယခုနှစ် ပွင့်လင်းရာသီတွင်မူ ပြောင်းပြန်ဖြစ်လာပြီး ရောင်းမည့်သူကများကာ ဝယ်ယူမည့်သူမှာ မရှိသလောက်ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။ “မနှစ်က နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေအထိ ဝယ်ပေးရတာတွေရှိတယ်။ ဒီနှစ်ကတော့ စုံစမ်းတာမျိုးတောင် မရှိတော့ဘူး” ဟု လောင်းလုံးမြို့နယ်တွင် အိမ်ခြံမြေ ရောင်းဝယ်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ယခင်က အနိမ့်ဈေးဖြင့်ဝယ်ယူသိမ်းဆည်းထားသည့် အိမ်ခြံမြေများကို ပွင့်လင်းရာသီတွင် ထုတ်ရောင်းလာကြခြင်း၊ စီးပွားရေး အရင်းအနှီးလုပ်ရန်အတွက် အိမ်ခြံမြေကို ထုတ်ရောင်းလာကြခြင်း၊ မလုံခြုံမှုတို့ကြောင့် အခြားမြို့ရွာသို့ ရွှေ့ပြောင်းရန်အတွက် ရောင်းချလိုသူများရှိလာခြင်း စသည့်တို့ကြောင့် ‌‌ရောင်းလိုအားများပြားလာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ အိမ်ခြေံမြေအသင်းဝင်တစ်ဦးက ဆိုသည်။ “ဒီလိုပွင့်လင်းရာသီမှာ ရောင်းရင်တော့ (အမြတ်အစွန်း) ပိုရမယ်ဆိုပြီး […]

သရက်ချောင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွား

diz_admin

December 14, 2022

ထားဝယ်ဘက်မှ သရက်ချောင်းမြို့နယ်ဘက်သို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း ဝဲရစ်ရွာအရောက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းတစ်လုံးနှင့် ရှော့တိုက်မိုင်းတစ်လုံးခွဲခဲ့ကြောင်း၊ ယင်းနောက်တွင် နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၄) နံနက် ၅ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာရှိ ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က လာရောက်တိုက်ခိုက်ရာ နေ့လယ် ၁၂ နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီယာဉ်တန်းမှာ ပဲဒက်ပြည်သူ့စစ်အဖွဲ့ကို လာကူသည့် စစ်ကူအင်အားဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်က ရေကြောင်း၊ ကုန်းကြောင်းအသုံးပြုကာ ဖြန့်ကျက်လာနေကြောင်း ဒေသခံများထံမှသိရသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် မြိတ်-ထားဝယ်ကားလမ်းမကြီးမှာ နေ့လယ် ၁၂ နာရီအထိ လမ်းကြောင်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ၁၂ နာရီနောက်ပိုင်းမှ လမ်းကြောင်းပြန်ဖွင့်ပေးခဲ့သည်ဟု […]

နေရပ်ပြန်သည့်ရွာသား အသတ်ခံရသဖြင့် ထားဝယ် သင်္ဃန်းတုံးရွာသားများ နေရပ်မပြန်ရဲကြ

diz_admin

December 13, 2022

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စုရှိ သင်္ဃန်းတုံးရွာက နေရပ်ပြန်သည့် စစ်ဘေးရှောင် အမျိုးသားတစ်ဦး အသတ်ခံရပြီးနောက် ယင်းရွာသားများ ရွာသို့ ပြန်ကာ မနေထိုင်ရဲကြတော့ကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဒီဇင်ဘာလ ၄ ရက်တွင် သင်္ဃန်းတုံး တစ်ရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနောက် ဒီဇင်ဘာလ ၅ ရက် နံနက် ၆နာရီခွဲခန့်တွင် အသက် ၅၇ နှစ်အရွယ်ရှိ စစ်ဘေးရှောင်ဒေသခံ ဦးသန်းဝင်းမှာ မွေးမြူထားသည့် တိရစ္ဆာန်များကို အစာကျွေးရန်၊ ဖုန်းအား၊ ဓာတ်မီးအားများသွင်းရန် အိမ်သို့ ခေတ္တပြန်လာစဉ် ဖမ်းဆီးသတ်ဖြတ် ခံရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဦးသန်းဝင်းတွင် ဝမ်းဗိုက်နှင့် ဦးခေါင်းကျည်ထိမှန်ထားပြီး ဦးခေါင်းတွင် ကြေမွ ဒဏ်ရာများရရှိထားကာ ခြေထောက်တစ်ဖက် […]

လောင်းလုံးတွင် စပါးသယ်ရန် လယ်ကွင်းဖြတ်သန်းခွင့်ကိစ္စ လယ်သမားအချင်းချင်း ခိုက်ရန်ဖြစ်မှုများလာ

diz_admin

December 13, 2022

လောင်းလုံးမြို့နယ်ရှိ လယ်သမားအချို့သည် စပါးသယ်ရန်အတွက် လယ်ကွက်များကို ဖြန်သန်းခွင့် မပြုသည့် ကိစ္စနှင့်ပတ်သတ်ပြီး ခိုက်ရန်ဖြစ်ပွားမှု များလာကြောင်း လယ်သမားများထံမှ သိရသည်။ လောင်းလုံးမြို့နယ်ရှိ လယ်ကွင်းများသည် တဆက်တစပ်တည်းရှိနေကြပြီး သီးသန့်ကုန်ထုတ်လမ်း မရှိကြပေ။ ယင်းအတွက်ကြောင့် တစ်ဦးလယ်ကွင်းကို တစ်ဦးက ဖြတ်သန်းပြီး စပါးသယ်ယူရေးကို လုပ်ဆောင်ကြရသည်။ ယခုနှစ်ဆောင်းတွင် မိုးရာသီအလား မိုးကောင်းနေသဖြင့် လယ်ကွင်းများထဲ ရေများ တင်ကျန်နေခဲ့သည်။ ရေတင်ကျန်နေသည့် လယ်မြေပျော့ပေါ်သို့ စပါးရိတ်စက်၊ ကား၊ ထော်လာဂျီ စသည့် စက်ယန္တရားများ ဖြတ်သန်း သွားလာပါက လယ်မြေပျက်စီးမှု ပိုဖြစ်ပေါ်ပြီး မိုးရာသီလယ်ထွန်ချိန်တွင် ကုန်ကျစာရိတ်ပိုများလေ့ရှိကြောင်း လယ်သမာများက ပြောသည်။ ယင်းအတွက်ကြောင့် လယ်သမားအချို့မှာ မိမိပိုင်လယ်မြေပေါ်သို့ စက်ယန္တရားကြီးများ ဖြတ်သန်းသွားလာသည်ကို မလိုလားကြတော့ဘဲ တားဆီးလာကြသည်။ “သူများတွေနှစ်ခါလယ်ထွန်ရင် ကျွန်တော်တို့မှာ သုံးခါ၊ လေးခါ လိုက်ထွန်နေရတယ်။ […]

လောင်းလုံးက အမျိုးသား ၂ ဦးကို ပစ်သတ်ခဲ့ဟု ပကဖထုတ်ပြန်

diz_admin

December 13, 2022

လောင်းလုံးမြို့နယ် ရဘဲကျေးရွာနှင့် ချောင်းဖျားကြီးရွာက ဦးကိုနိုင်နိုင်နှင့် ဦးညိုအေးတို့ နှစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LLPDF) က ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်သည်။ ရဘဲရွာက ဦးကိုကိုနိုင်ဆိုသူမှာ ပျူစောထီးအဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ခရီးသည်များအား တားဆီးစစ်ဆေးခြင်း၊ ပျူစောထီးအဖွဲ့ဝင်များ စုဆောင်းစည်းရုံးခြင်းတို့ လုပ်ဆောင်နေသဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဦးညိုအေးမှာ  စစ်ကောင်စီခန့် ချောင်းဖျားကြီးကျေးရွာ ရာအိမ်မှူးတစ်ဦးဖြစ်ပြီး စစ်ဘေးရှောင်လာသူများကို အနီးရှိ ရဲစခန်းသို့ သတင်းပေးတိုင်ကြားမှုများ ပြုလုပ်ခဲ့သဖြင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ အထက်ပါအချက်များမှာ ထုတ်ပြန်ချက်အရ သိရခြင်းဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ “ဦးနိုင်နိုင်သေနေတာကို အရင်သိရတာ။ သူကိုဘယ်မှာ ပစ်သတ်လဲတော့မသိဘူး။ ချောင်းဖျားကြီးရွာကိုဝင်တဲ့လမ်းမှာ အလောင်းကိုလာပစ်သွားတာ။ ပြီးမှ ဦးညိုအေးကို သွားပစ်သတ်တာထင်တယ်” ဟု ရဘဲဒေသခံတစ်ဦးကဆိုသည်။ ရဘဲနှင့် […]