စစ်ကြောင်းထိုးရှာဖွေဖမ်းဆီးမှုများဖြစ်ပြီးနောက် ဥတ္တူရွာသားများ အခြားမြို့ရွာများသို့ ရွှေ့ပြောင်း
diz_admin
December 20, 2022သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာနှင့် ဥတ္တူရွာမှ ဒေသခံများ ဒီဇင်ဘာလ ၁၉ ရက်က ဖမ်းဆီးစစ်ဆေးခံရပြီး နောက် ဥတ္တူရွာက ဒေသခံအများစု အခြားမြို့ရွာများသို့ ရွှေ့ပြောင်းနေကြကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်က သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာကြားရှိ ထားဝယ်-မြိတ်ကားလမ်းတွင် စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒီဇင်ဘာလ ၁၉ရက်တွင် ဥတ္တူရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရှာဖွေလာကြောင်း ဒေသခံများက ဆိုသည်။ ယင်းသို့ ရှာဖွေရာတွင် လမ်းတလျှောက်ရှိ ရော်ဘာခြစ်သွားသည့် တောင်သူများ၊ ကွမ်းသီးခြံထဲသွားသည့် တောင်သူ များကို ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးထားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ဖမ်းဆီးခံရသူများတွင် သရက်နှစ်ခွရွာမှ ရော်ဘာခြစ်သွားသူ အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးနှင့် ကလေးငယ်နှစ်ဦး ပါဝင်ကြောင်း […]


