ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံးက ပျူစောထီး ဒုခေါင်းဆောင်၏ သမီးနှင့်မြေးနှစ်ဦး ပျောက်ဆုံးနေ

diz_admin

December 23, 2022

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာက ပျူစောထီး ဒုခေါင်းဆောင် ဦးစိုးသန်း၏ သမီးနှင့် မြေးနှစ်ဦးပျောက်ဆုံးနေကြောင်း ဒေသခံများထံမှသိရသည်။ ပျောက်ဆုံးနေသူများမှာ ပျူစောထီး ဒုခေါင်းဆောင်ဆိုသူ၏ သမီးဖြစ်သူ မချိုလွင်ဦး အပါအဝင်  မြေးဖြစ်သူ အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟု ဒေသခံများကဆိုသည်။ လွန်ခဲ့သည့် လေးရက်ခန့်က ထားဝယ်မြို့သို့ ကင်းမွန် တက်ရောင်းစဉ် လောင်းလုံးမြို့ လမ်းပိုင်းတစ်နေရာအရောက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်းသိရသည်။ ၎င်းတို့သုံးဦးနှင့်အတူ vigo အမျိုးစား မော်တော်ယာဥ်ပါ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ “သူတို့က မြင်းခွာအော်ဘက်မှာ ကင်းမွန် အဝယ်ဒိုင်ဖွင့်ထားပြီး ထားဝယ်မြို့မှာ ပြန်ရောင်းကြတယ်။  ကင်းမွန်သွားရောင်းတာ ပြန်မလာတာ တစ်ပတ်လောက်ရှိပြီ ကားပါ ပျောက်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါမိသားစုဝင်သုံးဦးကို မည်သည့်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို မသိရသေးဟု […]

ညင်းမော်ရွာတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ထပ်မံပစ်ခံရ

diz_admin

December 23, 2022

လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာတွင် ယနေ့ (ဒီဇင်ဘာ ၂၃) ညနေ ၃ နာရီဝန်းကျင်က ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ကပြောသည်။ ညင်းမော်ကျေးရွာ စာသင်ကျောင်းအရှေ့တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သားများ ညင်းမော်ရွာအတွင်း ရှာဖွေ စစ်ဆေးဖမ်းဆီးနေချိန် ဆိုင်ကယ်ကို အရှိန်ဖြင့် မောင်းနှင်လာခြင်းကြောင့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ “သေလားရှင်လားတော့ မသိဘူး။ လူကတော့ လမ်းလယ်မှာ လဲနေတာ အခုချိန်ထိပဲ” ဟု ဒေသခံတစ်ဦးက ယနေ့ ညနေ ၄ နာရီခန့်က ပြောဆိုသည်။ စစ်‌ကောင်စီတပ်က ညင်းမော်ရွာအတွင်း ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်၍ အသေးစိတ်အခြေအနေကို မေးမြန်းမရသေးပေ။ ယနေ့‌‌မနက်ပိုင်းကလည်း နွားကျောင်းနေသည့် ညင်း‌မော်ရွာသားတစ်ဦး ပစ်ခတ်ခံရသဖြင့် ဆေးရုံတင်ထားရသည်။ လတ်တလော ညင်းမော်ရွာတွင် ဖမ်းဆီးခံထားရသူ ဆယ်ဦးထက်မနည်း ရှိနေပြီဖြစ်သည်။

လောင်းလုံး ဝေဒီကျေးရွာတွင် ပွဲစားတစ်ဦးပစ်သတ်ခံရ

diz_admin

December 23, 2022

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက်က အမျိုးသားတစ်ဦး ပစ်သတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံအချို့ကပြောသည်။ သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင် ဦးနေလင်းထွန်း(ခ) နော်မှေးဆိုသူဖြစ်ပြီး မနက် ၁၀ နာရီကျော်အချိန်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ “လောင်းလုံးကနေ အစည်းဝေးတက်ပြီးပြန်လာတဲ့အချိန်မှာပေါ့။ ရွာအဝင်ဝက ကုက္ကိုပင်အောက်မှာ ပစ်သတ်ခံရတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ ၎င်းသည် ရွာထဲတွင် ဆိုင်ကယ်မောင်းလိုင်စင်၊ မှတ်ပုံတင်၊ အုပ်ချုပ်ရေးမှူးထောက်ခံစာ စသည်တို့ကို အခကြေးငွေဖြင့် လုပ်ပေးနေသည့် ပွဲစားတစ်ဦးဖြစ်ပြီး Mytel ဖုန်းဆင်းကတ်ရောင်းချခြင်းတို့ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ သေဆုံးသူသည် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့ကပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ “သူများတွေကတော့ ပျူစောထီးအဖွဲ့ဝင်လို့ပြောနေကြတယ်။ သူ့အကြောင်း သေချာတော့မသိဘူး။ ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရေးရှိတယ်။ ရုံးတွေကို ဝင်ထွက်သွားလာနေတာ လောက်ပဲသိရတယ်” ဟု အခြားဒေသခံတစ်ဦးကဆိုသည်။ ဝေဒီကျေးရွာအနီးနှင့် […]

ညင်းမော်ရွာတွင် ဆယ်ဦးထက်မနည်း အဖမ်းခံထားရ

diz_admin

December 23, 2022

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင် ဒေသခံ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့(ဒီဇင်ဘာ ၂၃) မနက် ၅ နာရီခန့်က လောင်းလုံးမြို့နှင့် ညင်းမော်အကြား ပိုးစာပင်ဟုခေါ်သည့်နေရာတွင် စစ်ကောင်စီကား မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က ညင်းမော်ရွာနှင့် အနီးရှိတောတောင်များအတွင်း ရှာဖွေမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။ ယင်းသို့ရှာဖွေနေစဉ် လမ်းသွားလမ်းလာများကို စစ်ဆေးပြီး မသင်္ကာသူများကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ “လူငယ်ပိုင်းကတစ်ယောက် ပန်းရန်အလုပ်သမားက နှစ်ယောက် အဲ့သုံးယောက်ပဲမြင်ရတယ်။ ဆိုင်ကယ်ကတော့ ဆယ်စီးလောက်တွေ့တယ်။ လမ်းမှာသွားနေတာကို တားပြီးစစ်ပြီး ဖမ်းထားတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ ကျေးရွာအတွင်းရှိ အမျိုးသားများမှာ အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခံရမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများကဆိုသည်။ ယနေ့မနက်ပိုင်းကလည်း နွားကျောင်းနေသည့် ညင်းမော်ရွာက လူငယ်တစ်ဦး ပစ်ခတ်ခံရသဖြင့် ဆေးရုံတင်ထားရသည်။ ညင်းမော်ရွာတွင် ယနေ့ ညနေ ၃ […]

စစ်ကောင်စီက ဖမ်းထားသည့် လောင်းလုံးမြို့ခံ ခြောက်ဦး ပြန်မလွတ်သေး

diz_admin

December 23, 2022

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် လောင်းလုံးမြို့ပေါ်ရပ်ကွက်နေ ပြည်သူခြောက်ဦးမှာ ယနေ့(ဒီဇင်ဘာလ ၂၃ ရက်) အထိ ပြန်မလွတ်သေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၂၂ ရက်ညက လောင်းလုံးမြို့နေ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။ လောင်းလုံးမြို့နေ ဒေါ်ရင်နွယ်၊ ဒေါ်ကျင်သန်း၊ ဒေါ်အေးသန်း၊ မမီးထွေး၊ မလင်းဇာခြည်၊ ဦးဖေသန်းနှင့် ဦးအောင်အောင်တို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဒေသခံအချို့ကမူ အဖမ်းခံရသည့် အမျိုးသမီး ၅ ဦးဖြစ်ကြောင်း ပြောဆိုကြသော်လည်း အတည်ပြုနိုင်သည်မှာ ၄ ဦးသာရှိပြီး မလင်းဇာခြည် အဖမ်းခံရခြင်းရှိမရှိကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် ၎င်းတို့ကို လောင်းလုံးမြို့မရဲစခန်းအတွင်းချုပ်နှောင်ထားပြီး ဒီဇင်ဘာလ ၂၃ ရက် နေ့လယ် […]

စစ်ကား မိုင်းဆွဲခံရပြီးနောက် ညင်းမော်ရွာသားတစ်ဦး ပစ်ခတ်ခံရ

diz_admin

December 23, 2022

လောင်းလုံးမြို့အထွက် ညင်းမော်ရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရပြီးနောက် ဆီအုန်းတောအစပ်တွင် နွားကျောင်းနေသည့် ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ကြောင်း ပစ်ခတ်ခံရသူ၏ မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၂၃ ရက် နံနက်စောစောတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် Vigo ကားနှစ်စီး လောင်းလုံးမြို့နှင့် ညင်းမော်ရွာကြားတွင် မိုင်းဆွဲခံရခြင်းဖြစ်သည်။ ထိုနောက် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်လာပြီး ညင်းမော်ရွာ အနောက်ဘက် ဆီအုန်းတောအတွင်း စုဖွဲ့ပြီး တောနင်းနေကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ တောနင်းရှာဖွေနေချိန်တွင် ဆီအုန်းတောအစပ်တွင် နွားကျောင်းနေသည့် ညင်းမော်ရွာနေ အသက် ၁၇ နှစ်ဝန်းကျင်ရှိ ကိုဖြိုးကို ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူကပြောသည်။ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကိုဖြိုးကို၏ တင်ပါးတွင် သေနတ်ဒဏ်ရာရခဲ့ပြီး သွေးထွက်လွန်နေကြောင်း ၎င်းက ဆိုသည်။ “ဒဏ်ရာက တင်ပါးကနေ ပေါင်ကို ဖောက်ထွက်သွားတာ။ […]

လောင်းလုံးတွင် စစ်ရေးတင်းမာ၊ စစ်ကောင်စီတပ်ကား မိုင်းခွဲခံရ

diz_admin

December 23, 2022

စစ်ရေးတင်းမာနေသည့် လောင်းလုံးတွင် မြို့အထွက်လမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီတပ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့(ဒီဇင်ဘာ ၂၃)နံနက် ငါးနာရီခန့်က စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် Vigo ကားနှစ်စီးဖြတ်သန်းချိန်တွင် လောင်းလုံးမြို့နှင့် ညင်းမော်ရွာကြား၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ လောင်းလုံး- ညင်းမော်သွားလမ်း မိုးလေဝသရုံးအနီးတွင် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ “လူထိခိုက်တာမျိုးတော့ မရှိဘူးလို့ သိရတယ်”ဟု ၎င်းက ပြောသည်။ ထိုသို့ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်ရောက်လာပြီး အခင်းဖြစ်နေရာမှ ညင်းမော်ရွာအထိ လမ်းတစ်လျှောက်တွင် နေရာယူထားကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းအပြင် ညင်းမော်ရွာရှိ နေအိမ်အများစုကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေကြောင်း ၎င်းတို့က ပြောသည်။ နံနက် ၉ နာရီခွဲခန့်တွင်မူ စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ပြီး ညင်းမော်ရွာ အနောက်ဘက်ရှိ ဆီအုန်းတောအတွင်း ‌နေရာယူထားသည်ဟု ဆိုသည်။ “ဆီအုန်းတောထဲ အင်အားထပ်ဖြည့်ပြီး […]

လောင်းလုံး တောမိုးတောင်ကြော စစ်ကြောင်းထိုးရှာဖွေနေ

diz_admin

December 22, 2022

လောင်းလုံးမြို့နယ်ရှိ တောမိုးတောင်နှင့်အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်များနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့တို့က ယနေ့ နံနက်ပိုင်းမှစတင်ကာ စစ်ကြောင်းထိုးရှာဖွေနေကြောင်း ဒေသခံက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က တောမိုးတောင် အရှေ့ဘက်က တက်ရောက်ပြီး ကရင်ကြီး ပျူစောထီးအဖွဲ့က တောမိုးတောင် အနောက်ဖက်က တက်ရောက်ကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံတို့က ဆိုသည်။ “PDF စခန်းတွေကို ရှာဖွေနေပုံရတယ်။ အခုထိတော့ သေနတ်ပစ်သံမျိုးတော့ မကြားရသေးဘူး” ဟု ဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ ၂နာရီခွဲဝန်းကျင်တွင် ပြောသည်။ ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့သည် သဘော့ဆိပ်၊ ပြင်ကြီး စသည့် ကျေးရွာများထဲတွင် လက်နက်များထမ်း၍ သွားလာလှုပ်ရှားမှုနေသည့်အတွက် ဒေသခံများ ထိတ်လန့်နေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ကျွန်မတို့က သွားစရာလည်းမရှိဘူး။ ဒီလိုပဲကိုယ့်အိမ်မှာ နေရတာပေါ့။ […]