ရေဖြူမြို့ အနောက်ဘက်ကမ်းတွင် တိုက်ပွဲပြင်းထန်၊ စစ်အာဏာရှင်တပ်က မြို့အဝင်အထွက်ဂိတ်များပိတ်
Dawei Watch
December 12, 2025ရေဖြူမြို့အနောက်ဘက်ကမ်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ အပြင်းထန်ဖြစ်ပွားနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြစ်အနောက်ကမ်းတွင်ရှိသော ရေဖြူမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၉ နာရီ ခွဲ အချိန်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “လက်နက်ကြီးတွေ တရစပ်ပစ်နေကြတယ်။ ကျောင်းလည်းဖွင့်နေတော့ ကျောင်းသားတွေပဲ စိတ်ပူနေရတယ်။ ဖုန်းတွေလည်း ဆက်မရကြဘူး”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ တိုက်ပွဲအတွင်း ရေဖြူမြို့နယ် အနီးရှိ အမှတ် ၄၀၆၊၄၀၇ စစ်အာဏာရှင်တပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မြို့ခံများထံမှသိရသည်။ နှစ်ဘက်ပစ်ခတ်မှုများအတွင်း ရေဖြူမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြိုမရဲစခန်း မီးလောင်နေကြောင်း ဒေသခံများထံမှသိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ “အခုတိုက်ပွဲဖြစ်နေတဲ့နေရာမှာ ထွေအုပ်ရုံးရှိတယ်၊ ရဲစခန်းရှိတယ်။ အဲဒီနေရာကနေ […]


