သရက်ချောင်းတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်၊ သင်းကျွန်းရွာက နေအိမ်အချို့မီးလောင်နေ
Dawei Watch
December 11, 2025သရက်ချောင်းမြို့နယ်ထဲ ကျေးရွာများကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး သင်းကျွန်းရွာတွင် နေအိမ်အချို့ မီးလောင်နေကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် ထားဝယ်-မြိတ်သွားကားလမ်းတစ်လျှောက်က သရက်နှစ်ခွရွာ၊ သင်းကျွန်းရွာကို စစ်အာဏာရှင် တပ်သားများ ကားများဖြင့် လာရောက်ပြီး တပ်စွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် နေ့လယ် ၁၂ နာရီခန့်မှ ညနေ ၆ နာရီအထိ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။ “အိမ်တွေ မီးလောင်နေတယ်။ (အဝေးကနေ) ကြည့်ရသလောက် သုံးလေးဆောင်လောက် ရှိမယ်ထင်တယ်။ ပစ်တာကတော့ နှစ်ဖက်ပစ်တာလား တစ်ဖက်တည်းက ပစ်နေတာလား မသိဘူး။ ဒီလောက်ပဲနော် စကားပြောလို့မရဘူး။ အသံတောင် မထွက်ရဲဘဲ နေနေရတာ” […]


