ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦးဒဏ်ရာရ

Dawei Watch

January 24, 2026

ရွေးကောက်ပွဲ အပိုင်း ၃ အကြိုနေ့ဖြစ်သည့် ယနေ့ ဇန်နဝါရီလ ၂၄ရက်တွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်စထိမှန်သဖြင့် မြို့ပေါ်က ကလေးငယ်နှစ်ဦး ဒဏ်ရာရကြောင်း မြို့ခံများက ပြောသည်။ လောင်းလုံးမြို့ အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က မြို့အနီးဝန်းကျင်ပတ်ပတ်လည်သို့ လက်နက်ကြီးဖြင့် တောက်လျှောက်ပစ်ခတ်လျက်ရှိကြောင်း မြို့ခံများက ဆိုသည်။ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများအနက် လက်နက်ကြီးကျည်နှစ်လုံးမှာ လောင်းလုံးမြို့၊ စောင်ကြိုးလမ်းထဲရှိ နေအိမ်ခြံဝင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ စောင်းကြိုးလမ်းသည် မြို့ပြင်ရပ်ကွက်တစ်နေရာဖြစ်ပြီး ထိုနေရာမှတစ်ဆင့် စစ်ပြဲကျေးရွာသို့ သွားရောက်နိုင်သည်။ ခြံဝင်းထဲတွင် ဆော့ကစားနေသော အသက် ၉ နှစ်ဝန်းကျင်အရွယ် ကလေးငယ်နှင့် အသက် ၆ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တို့အား လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “ခပ်ကြီးကြီး ကလေးမှာက […]

ကလိန်အောင်၊ ရာဖူးရွာတွင် ပစ်ခတ်မှုထပ်ဖြစ်ပြီး ဒေသခံများ တိမ်းရှောင်

Dawei Watch

January 24, 2026

ရေဖြူမြို့နယ်၊ ကလိန်အောင်-မလွှဲတောင် လမ်းပိုင်းရှိ ရာဖူးရွာသစ်တွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားသဖြင့် ရွာသားအချို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ခြေလျင်လာသော စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ရာဖူးရွာသစ် ဘုန်းကြီးကျောင်းတွင် ဇန်နဝါရီလ ၂၂ ရက် ညနေပိုင်းက စခန်းချရပ်နားနေစဉ် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လာရောက်ပစ်ခတ်သဖြင့် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှု မရှိသော်လည်း ရာဖူးရွာသစ် ဘုန်းကြီးကျောင်းတွင် ပန်းရံလုပ်ကိုင်နေသည့် အမျိုးသားနှစ်ဦး၏ ခြေထောက်တွင် ကျည်ရှပ်ထိဒဏ်ရာများ ရရှိခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ရာဖူးရွာဝန်းကျင်၌ ဇန်နဝါရီလ ၂၄ ရက်အထိ ဆက်လက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် သာယာမွန်ရွာနှင့် ရာဖူးရွာတို့မှ ရွာသားအချို့ ကြိုတင်တိမ်းရှောင်နေကြခြင်း ဖြစ်သည်။ “သက်ကြီးပိုင်းအချို့ပဲ ရွာမှာကျန်တယ်။ ကျန်တဲ့သူတွေက ရှောင်နေတယ်။ […]

ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်တွင် နေအိမ် ၇ လုံး မီးလောင်

Dawei Watch

January 24, 2026

ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ ၂ လမ်းနှင့် ၃ လမ်းတွင် ယနေ့ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မီးလောင်မှုကြောင့် ၂ လမ်းရှိ နေအိမ် ၄ လုံးနှင့် ကျောချင်းကပ်ဖြစ်သော ၃ လမ်းရှိ နေအိမ် ၃ လုံး၊ စုစုပေါင်း နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ရပ်ကွက်နေသူများက ဆိုသည်။ မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းကိုမူ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ယခု ၂၀၂၆ […]

ရွေးကောက်ပွဲအကြို့နေ့ လောင်းလုံး ရပ်ခံတောင်ရှိ စစ်အာဏာရှင်တပ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်

Dawei Watch

January 24, 2026

လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ၊ ရပ်ခံတောင်ပေါ်တွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်စခန်းကို ယနေ့ ဇန်နဝါရီလ ၂၅ရက် နံနက်တွင် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ စစ်စခန်းသည် မနက်ဖြန် ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် ကမြောကင်းကျေးရွာအုပ်စုနှင့် စခန်းကြီးကျေးရွာအုပ်စုတို့ အနီးတွင် တည်ရှိသည်။ ယနေ့ နံနက် ၆နာရီခန့်တွင် အဆိုပါစစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ အဆိုပါစစ်စခန်းကလက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ လောင်းလုံးမြို့နယ် မြောက်ပိုင်းတွင်ရှိသော တောင်မင်းပြောင် ကျေးရွာတွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခြင်းတို့ကြောင့် ထိခိုက်မှုအခြေအနေတို့ကိုမူ […]

ထားဝယ်အရှေ့တောတွင် ဗုံးမတော်တဆပေါက်ကွဲပြီး KNLA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

Dawei Watch

January 22, 2026

ထားဝယ်အရှေ့တောတွင် ဇန်နဝါရီလ ၂၁ရက်က အီနာဂါဗုံး မတော်တဆပေါက်ကွဲပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ တပ်ရင်း ၁၂ က တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာ ရကြောင်း တပ်ဖွဲ့ဝင်အချို့ထံက သိရသည်။ အရှေ့တောဒေသကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်၏ အီနာဂါတစ်လုံးကို တပ်ဖွဲ့ဝင်အချို့က ကောက်ယူ ရရှိခဲ့ပြီးနောက် သိမ်းဆည်းထားချိန် မတော်တဆ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပေါက်ကွဲမှုကြောင့် အသက် ၂၀ ကျော်အရွယ် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သလို အချို့မှာ ဒဏ်ရာအနည်းငယ် ရရှိကြောင်း KNLA တပ်ဖွဲ့နှင့် နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ KNLA တပ်ရင်း ၁၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောဒါးဒါးကလည်း အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်တွင် တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး တပ်ဖွဲ့ဝင်အချို့ […]

ထားဝယ်မြစ်အတွင်း သက်တမ်းရင့် ဆင်ဖြူပြင်ဆိပ်ခံဘော ရေဝင်နစ်မြုပ်

Dawei Watch

January 22, 2026

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ကျေးရွာ ထားဝယ်မြစ်အတွင်းရှိသော ဆင်ဖြူပြင်ဆိပ်ခံဘောသည် ယနေ့ ဇန်နဝါရီလ ၂၂ရက် နံနက်ပိုင်းတွင် ရေဝင်နစ်မြုပ်သွားကြောင်း ထားဝယ်မြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးထံမှ သိရသည်။ ဆင်ဖြူပြင်ဆိပ်ခံဘောသည် အလျား ၃၀ ပေ ၊အနံ၂ ၀ ပေ၊ အမြင့် ၆ ပေရှိပြီး ယနေ့ နံနက် ၁ နာရီကျော်တွင် ရေဝင်ပြီး နစ်မြုပ်သွားကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ရုံးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ပြန်ဆယ်ဖို့လုပ်နေပါတယ်။ ဘောက နှစ်ပေါင်းကြာနေပြီဆိုတော့ ဆွေးနေပါပြီ” ဟု ၎င်းက ပြောဆိုသည်။ ဘောတံတားနှင့် တွဲလျက်ရှိသည့် အလျား ၈၀ ပေ၊ အနံ ၁၃ ပေရှိ သံပေါင်သစ်သားကြမ်းခင်း တံတားမှာလည်း ပျက်စီးသည်ကို တိုင်းစစ်ကော်မရှင် ပြန်ကြားရေးရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် […]

ရွေးကောက်ပွဲ ကျင်းပမည့် လောင်းလုံးက ကျေးရွာများအနီး စစ်အာဏာရှင်တပ် တပ်ဖြန့်

Dawei Watch

January 21, 2026

စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများအနီးတွင် ဇန်နဝါရီလ ၂၀ ရက်တွင် စစ်အာဏာရှင်တပ်က တပ်ဖြန့်ထားကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့နယ်တွင် မြို့ပေါ် ရပ်ကွက် လေးခုနှင့် စခန်းကြီးကျေးရွာအုပ်စု၊ ကမြောကင်းကျေးရွာအုပ်စုနှင့် မောင်းမကန်ကျေးရွာအုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပမည် ဖြစ်သည်။ လောင်းလုံးမြို့သို့ ဝင်လာနိုင်သည့် လမ်းကြောင်းကို ဟန့်တားနိုင်ရန် မြို့အနီး သဗျာရွာသို့ စစ်ကြောင်းတစ်ကြောင်း တပ်ဖြန့်ထားကြောင်း ဒေသခံများက ဆိုသည်။ မောင်းမကန်ကျေးရွာအနီး ကျောက်ဆင်ကျေးရွာအုပ်စုသို့လည်း စစ်ကြောင်းတစ်ကြောင်း တပ်ဖြန့်ထားကြောင်း ၎င်းတို့က ပြောဆိုသည်။ သဗျာကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကြောင်းမှာ ယနေ့ ဇန်နဝါရီလ ၂၁ရက်တွင် ရွာချင်းဆက်ဖြစ်သည့် အင်းဇောက် ကျေးရွာ အနီးဝန်းကျင်တွင် ရောက်ရှိနေပြီး ကျောက်ဆင်ကျေးရွာသို့ရောက်ရှိနေသည့် စစ်ကြောင်းမှာ ပြင်ကြီးကျေးရွာ ဘုန်းကြီးကျောင်းတွင် […]

လောင်းလုံး၊ စခန်းကြီးရွာတွင် မဲစာရင်းကောက်နေချိန် ဒရုန်းဗုံးပေါက်၍ အရပ်သားသုံးဦးသေ၊ သုံးဦးဒဏ်ရာရ

Dawei Watch

January 20, 2026

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုတွင် စစ်အာဏာရှင်တပ်သားများ လုံခြုံ‌ရေးယူလိုက်ပါပြီး မဲစာရင်းကောက်နေချိန် ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး အရပ်သားများကို ထိမှန်သွားကြောင်း မိသားစုဝင်နှင့် ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်အာဏာရှင်တပ်သားများ လုံခြုံရေးလိုက်ပါပြီး ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းလိုက်ကောက်နေချိန် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဒရုန်းဖြင့်ချသည့်ဗုံးမှာ မဲစာရင်းကောက်နေသည့်အဖွဲ့နှင့် ကိုက်၂၀ ခန့်အကွာတွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများကပြောဆိုသည်။ ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် မျက်နှာချင်းဆိုင် နေအိမ်နှစ်အိမ်တွင် ရှိနေသည့် အရပ်သားအမျိုးသမီးသုံးဦး သေဆုံးကာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ထိခိုက်သူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ “ပန်ကာသံ ကြားနေလို့ ဒရုန်း ဒရုန်းဆိုပြီး ပြောပြီးတာနဲ့ ဗုံးကျပြီး […]