ဖူးခက်တွင် ထိုင်းအမျိုးသမီး၏ ရင်သားကို ကိုင်ခဲ့သော မြန်မာတစ်ဦး ဖမ်းဆီးခံရ
Dawei Watch
July 14, 2024ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဆိုင်ကယ်နောက်က ထိုင်လိုက်လာသော ထိုင်းအမျိုးသမီးတစ်ဦး၏ ရင်သားကို ထိကိုင်ခဲ့သော မြန်မာနိုင်ငံသားတစ်ဦး ဇူလိုင်လ ၁၂ ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူသည် အသက် ၂၃ နှစ်အရွယ် အောင်ကိုဖြိုးဆိုသူ ဖြစ်သည်။ ဖူးခက်မြို့ရှိ Super Cheap ဈေးဝယ်စတိုးအနီးတွင် ပြီးခဲ့သော ဇူလိုင်လ ၉ ရက် ည ၉ နာရီခွဲခန့်က ထိုင်းအမျိုးသမီးသည် သူငယ်ချင်းမောင်းလာသော ဆိုင်ကယ်နောက်က ထိုင်လိုက်လာစဉ် ယင်းဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် ဆိုင်ကယ်စီး အမျိုးသားတစ်ဦးက ရင်သားကို ထိကိုင်ခဲ့ကြောင်း ဆိုသည်။ ထို့နောက် သူငယ်ချင်းဖြစ်သူကို ဆိုင်ကယ် နှေးနှေးမောင်းရန်ပြောပြီး ကျူးလွန်သူကို ဖြေရှင်းပေးရန် အော်ဟစ်ခဲ့ရာ မြန်မာအမျိုးသားက ဆိုင်ကယ်ကို ပြန်လှည့်လာပြီး ရန်ပြုရန် ပြုလုပ်ခဲ့သေးကြောင်း သတင်းများတွင် […]


