ထိုင်းတွင် လုပ်ငန်းခွင်ထဲသေဆုံးသော မြန်မာလုပ်သားအတွက် နစ်နာကြေးဘတ်ငါးသိန်းခွဲပေး
Dawei Watch
August 28, 2024ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် အလုပ်လုပ်ကိုင်နေရင်း သေဆုံးခဲ့သော မြန်မာအလုပ်သမား တစ်ဦးအတွက် မိသားစုဝင်များကို အလုပ်ရှင်က နစ်နာကြေး ဘတ် ငါးသိန်းခွဲပေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ကိုကျော်မင်းထက်သည် ဇူလိုင်လ ၂၄ ရက်နေ့က ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ခေါင်မိုးပေါ် သွပ်ပြားများ ဆွဲတင်နေချိန် လေတိုက်ပြီး ခေါင်မိုးပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။ သေဆုံးသူသည် အထောက်အထား မရှိဖြစ်နေသဖြင့် နစ်နာကြေးများရရှိရေး ကူညီဆောင်ရွက်ပေးရန် အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံ အကူအညီ တောင်းခံလာကြောင်း WAG ထံမှ သိရသည်။ WAG တာဝန်ရှိသူများက ရဲစခန်းတွင် အလုပ်ရှင်နှင့် သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့ရာ အလုပ်ရှင်ဘက်က မြန်မာအလုပ်သမား သေဆုံးမှုအတွက် နစ်နာကြေး ဘတ် ငါးသိန်းခွဲကို ပေးရန် သဘောတူခဲ့ကြောင်း […]


