မဟာချိုင်တွင် တားမြစ်အလုပ်ဝင်လုပ်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို စစ်ဆေးအရေးယူမှု ပိုမိုလုပ်မည်
Dawei Watch
October 2, 2024ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ပိုင်ခွင့်မရှိသည့် အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေမှုများအား စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။ ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိသော ဆံပင်ညှပ်၊ ဈေးရောင်း၊ အလှပြင်၊ ကုန်စည် ပို့ဆောင်မှုလုပ်ငန်းများတွင် ပိုမိုဝင်ရောက်လုပ်ကိုင်နေကြသည်ဟု တိုင်ကြားမှုများရှိလာခဲ့ကြောင်း စမွတ်စခွန်ခရိုင် လွှတ်တော်အမတ်က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြောသည်။ စမွတ်စခွန်ခရိုင် အလုပ်သမားရုံး၊ လဝကများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဈေးဆိုင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ်က ၎င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ ထိုင်းသို့ တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာပြီး ရာဇဝတ်မှုကျူးလွန်မှုများ၊ တားမြစ်ထားသောအလုပ်များကို တရား မဝင် ဝင်ရောက်လုပ်ကိုင်နေမှုများသည် ထိုင်းလုံခြုံရေးနှင့် အလုပ်အကိုင်များကိုထိခိုက်လာကြောင်း အမတ်က ဆိုသည်။ ယင်းပြဿနာများကို ဖြေရှင်းနိုင်ရေး ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြ၍ ပူးပေါင်းနှိမ်းနင်းသွားမည်ဖြစ်သလို လွှတ်တော် […]


