နှစ်သစ်တွင် မြိတ်ဒေသခံတစ်ဦးအပါအဝင် မြန်မာလေးဦး ထိုင်းထီ ဘတ် ၂၄သန်း ကံထူး
Dawei Watch
January 9, 2026နှစ်သစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ရက်တွင် ဖွင့်လှစ်ခဲ့သော ထိုင်းထီတွင် မြန်မာနိုင်ငံသားလေးဦး ဘတ် ၂၄ သန်းအထိ ထီပေါက်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ထိုင်းထီ ပထမဆု ၈၃၇၇၀၆ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့ကြခြင်းဖြစ်သည်။ ကံထူးရှင်များအနက် ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် အလုပ်လုပ်ကိုင်နေသော မြိတ်ဒေသခံတစ်ဦးလည်း ပါဝင်ကာ ဘတ် ခြောက်သန်းဆု ကံထူးခဲ့ခြင်းဖြစ်ကြောင်း MHAC ထံမှ သိရသည်။ အုန်းနွဲ၊ အုန်းရိုင်ဒေသတွင် အလုပ်လုပ်ကိုင်နေသော ပဲခူးတိုင်းဒေသခံ ဇနီးမောင်နှံနှစ်ဦးကလည်း ဘတ် ခြောက်သန်း ကံထူးကြောင်း သိရသည်။ နောက်ထပ် ထိုင်းထီ နှစ်စောင်တွဲ ဘတ် ၁၂ သန်း ကံထူးခဲ့သူမှာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် နေထိုင်နေသူ ဖြစ်ကြောင်း MHAC […]


