ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၇၅ ဦး ဖမ်းဆီးခံရ
Dawei Watch
September 8, 2025ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနတစ်ခုတွင် ဖော်ပြသည်။ ယနေ့ စက်တင်ဘာလ ၈ ရက် နေ့လယ် ၁၂ နာရီခန့်က ကန်ချနဘူရီမြို့ ကဲ့စီယမ်ဒေသ လမ်းမကြီးဘေးရှိ တောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက်ရှိနေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် အာဏာပိုင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ နောက်ထပ် ကားသုံးစီးကလည်း မြန်မာနိုင်ငံသားများကို တင်ဆောင်ရန် လမ်းဘေးတွင် ရပ်ထားသည်ကို တွေ့ရှိခဲ့သည်ဟု တိုင်ကြားခဲ့ကြောင်း ဆိုသည်။ အာဏာပိုင်များ ရောက်ရှိလာချိန်တွင် ကားသုံးစီးမှာ မောင်းပြေးသဖြင့် နောက်ကလိုက်လံဖမ်းဆီးခဲ့သော်လည်း မိုးသည်းထန်လာသဖြင့် ကားသုံးစီးမှာ လွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြသည်။ အနီးရှိ တောထဲကို စစ်ဆေးရာ မိုးရေထဲ ပုန်းနေကြသော မြန်မာနိုင်ငံသား အမျိုးသား ၅၂ ဦး၊ အမျိုးသမီး […]