ရနောင်းမှ မြန်မာရေလုပ်သားတစ်ဦး ဘတ် ၆ သန်းထီပေါက်
Dawei Watch
September 18, 2024ထိုင်းထီအမြင့်ဆုံးဆုဖြစ်သည့် ပထမဆုကို မြန်မာနိုင်ငံသား ရေလုပ်သားတစ်ဦးက ကံထူးခဲ့ပြီး ဘတ် ၆ သန်းထီပေါက်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၆၀၈၆၆၂ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်းကို မြန်မာရေလုပ်သားက ကံထူးခဲ့ခြင်းဖြစ်သည်။ ကံထူးခဲ့သော မြန်မာနိုင်ငံသားသည် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် နှစ်ပေါင်း ၂၀ ကြာ ရေလုပ်သားအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ထီပေါက်သူသည် ထီဖွင့်သောနေ့တွင် ထီသုံးစောင်ဝယ်ခဲ့ပြီး ယင်းတို့အနက် တစ်စောင်က ဘတ် ၆ သန်းဆုကို ကံထူးခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။ ထီပေါက်ခဲ့ပြီးနောက် ဆုငွေများထုတ်ယူပေးရန် MHAC မဟာမိတ်အဖွဲ့ထံသို့ အကူအညီတောင်းခံခဲ့သဖြင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် […]


