ဖူးခက်တွင် မြန်မာငါးဖမ်းသမားတစ်ဦး လှေပေါ်မှ ပြုတ်ကျပျောက်ဆုံး
Dawei Watch
February 11, 2026ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် မြန်မာရေလုပ်သား ငါးဖမ်းသမားတစ်ဦးသည် လှေပေါ်မှ ပြုတ်ကျ၍ ပင်လယ်ထဲ ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၉ နာရီမှ ၁၁ နာရီကြားတွင် ငါးဖမ်းလှေပေါ် အလုပ်နားနေချိန် ပင်လယ်ထဲ ပြုတ်ကျ၍ ပျောက်ဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း လှေဦးစီး ပြောဆိုချက်ကို ကိုးကားပြီး သတင်းများတွင် ဖော်ပြသည်။ ပျောက်ဆုံးနေသူမှာ အသက် ၃၂ နှစ်အရွယ် ကိုကျော်မင်းဌေးဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၁ နာရီခန့်တွင် အလုပ်စတင်ရန် လူပြန်စုသည့်အချိန် ပျောက်ဆုံးနေသည်ကို သိရှိခဲ့ကြောင်း လှေဦးစီးက ဆိုသည်။ ကိုကျော်မင်းဌေး ပျောက်ဆုံးနေသည်ကို သိရှိပြီးနောက် လှေဖြင့် လှည့်ပတ်မောင်း၍ ရှာဖွေခဲ့ပြီး အနီးအနားက လှေများကလည်း မီးထိုး၍ ကူညီရှာဖွေပေးခဲ့သေးကြောင်း […]


