တာချီလိတ်-မယ်ဆိုင်ဂိတ်က ဝင်လာသည့် မြန်မာ ၂၅ ဦး ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရ
Dawei Watch
December 27, 2025ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတား တာချီလိတ်-မယ်ဆိုင်ဂိတ်မှ ဝင်လာပြီး ထိုင်းနိုင်ငံထဲ အလုပ်လုပ်ကိုင်ရန် စီစဉ်ထားသည့် မြန်မာနိုင်ငံသား ၂၅ ဦးကို ထိုင်းလဝကအဖွဲ့က ဖမ်းဆီးပြီး နေရပ်ပြန်ပို့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်က တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှတစ်ဆင့် မယ်ဆိုင်မြို့ထဲ ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၅ ဦးကို ထိုင်းလဝကရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့သည် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) လုပ်ငန်းစဉ်အတွက် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ အမည်စာရင်း နောက်ဆုံးတင်သွင်းရမည့်ရက်လည်း ဖြစ်သည်။ နိုင်ငံခြားသားများ နယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်လာပြီး ဘန်ကောက်နှင့် အခြားခရိုင်များသို့ တရားမဝင် လမ်းကြောင်းဖြင့် သွားရောက်ရန် စီစဉ်နေသည်ဟု ချင်းရိုင်ခရိုင် လဝက က […]


