ဘန်ကောက်ရှိ စားသောက်ဆိုင်တွင် တရားမဝင်လုပ်ကိုင်မှုဖြင့် မြန်မာငါးဦးဖမ်းဆီးခံရ
Dawei Watch
May 19, 2025ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တရုတ်စားသောက်ဆိုင်တစ်ဆိုင်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ငါးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၁၇ ရက်က ဟွေးခွမ်ဒေသ RCA ဈေးထဲရှိ တရုတ်စားသောက်ဆိုင်ထဲသို့ ရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့တို့က ဝင်ရောက်စစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့သည် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ထို့ကြောင့် အားလုံးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် ဝင်ရောက်လာမှု၊ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်မှုတို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဆိုသည်။ မြန်မာအလုပ်သမားများကို တရားမဝင် အလုပ်ခန့်ထားမှုဖြင့် အရေးယူရန် အလုပ်ရှင်ကိုလည်း ဆက်လက်စုံစမ်းရှာဖွေနေကြောင်း ဖော်ပြသည်။ ထိုင်းနိုင်ငံထဲ Work Permit မရှိဘဲ အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ […]


