ထိုင်းမှာ ကားတစ်စီး ဓါတ်တိုင်ဝင်တိုက်ပြီး တိမ်းမှောက်လို့ မြန်မာလုပ်သား ငါးဦး ဒဏ်ရာရ
Dawei Watch
November 5, 2025ထိုင်းမှာ ကားတစ်စီး ဓါတ်တိုင်ဝင်တိုက်ပြီး တိမ်းမှောက်လို့ မြန်မာလုပ်သား ငါးဦး ဒဏ်ရာရ
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါထိုင်းမှာ ကားတစ်စီး ဓါတ်တိုင်ဝင်တိုက်ပြီး တိမ်းမှောက်လို့ မြန်မာလုပ်သား ငါးဦး ဒဏ်ရာရ
ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ထားသော မြန်မာနိုင်ငံသား ၁၆ ဦးသည် တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ပြန်လည်ဝင်ရောက် လာစဉ် ချွန်ဖော်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် ထပ်မံဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ နိုဝင်ဘာဘာလ ၃ ရက်က ချွန်ဖော်မြို့ အာရှလမ်းမကြီးပေါ် မောင်းနေသော ကားတစ်စီးကို ရဲတပ်ဖွဲ့များက မသင်္ကာ၍ စစ်ဆေးရာမှ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသား ၁၆ ဦးသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရာဘူရီသို့ တရားမဝင် ဝင်ရောက်လာကြပြီး မလေးရှားသို့ သွားရောက်ရန် ထိုင်းတောင်ပိုင်းလာစဉ် အဝေးပြေးလမ်းမကြီးပေါ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ တရားမဝင် ဝင်လာမှုကြောင့် အောက်တိုဘာလ ၂၆ရက်က ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် ရတ်တဖူဒေသတွင် ဖမ်းဆီးခံရဖူးသူများဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ […]
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ကော့စမွေကျွန်းတွင် ဆံပင်ညှပ်နေသော မြန်မာဆံသဆရာတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၃၀ ရက်က ကော့စမွေကျွန်း ဘိုဖွတ်ဒေသရှိ ဆံပင်ညှပ်ဆိုင်ကို ရဲတပ်ဖွဲ့က ဆံပင်ညှပ်လိုသူအဖြစ် အသွင်ယူပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူသည် အသက် ၂၁ နှစ်အရွယ် ကိုအောင်ဇော်ထွန်းဖြစ်ပြီး ထိုင်းနိုင်ငံသားပိုင် ဆံပင်ညှပ်ဆိုင်တွင် ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသည်မှာ နှစ်လသာရှိသေးကြောင်း ဆိုသည်။ ဆိုင်တွင် မြန်မာနှင့် ထိုင်းနိုင်ငံသားများသာမက နိုင်ငံခြားသားများလည်း လာရောက်ဆံပင်ညှပ်လေ့ရှိပြီး တစ်ဦးလျှင် ဘတ် ၂၀၀ မှ ၃၀၀ အထိ ရရှိကြောင်း မြန်မာနိုင်ငံသားက ထွက်ဆိုသည်ဟု ဖော်ပြသည်။ ရဲအရာရှိက အသွင်ယူ၍ ဆံပင်လာညှပ်ခြင်းဖြစ်ပြီး ဆံပင်ညှပ်ပြီးမှသာ အခြားလဝကအရာရှိများဖြင့် ကိုအောင်ဇော်ထွန်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကိုအောင်ဇော်ထွန်းကို နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော […]
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် စွန့်ပစ်အမှိုက်များ ပို့ဆောင်နေသော ကားပေါ်က ပြုတ်ကျသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ဖူးခက်မြို့ ကထူဒေသတွင် မြန်မာအလုပ်သမားက စွန့်ပစ်အမှိုက်များပို့ဆောင်နေစဉ် မောင်းနေသော ကားပေါ်က ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၂၈ နှစ်အရွယ် ကိုဝေလင်းကျော်ဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်ကုသပေးပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ စွန့်ပစ်ပစ္စည်းများကို ရောင်းချရန် ကားဖြင့်သယ်ဆောင်လာစဉ် အလုပ်သမားနှစ်ဦးက စွန့်ပစ်ပစ္စည်းများကို ထည့်ထားသော အိတ်များပေါ်တွင် ထိုင်၍ လိုက်ပါလာခဲ့ကြောင်း၊ စွန့်ပစ်ပစ္စည်းများ ထည့်ထားသော အိတ်တစ်လုံး ကားပေါ်က ပြုတ်ကျသွားရာ ကိုဝေလင်းကျော်လည်း ဟန်ချက်ပျက်သွားပြီး ၄ မီတာခန့်ရှိအမြင့်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ကားသမားက […]
ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် နိုင်ငံခြားသား ဖွင့်လှစ်ထားသော တည်းခိုခန်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးပြီးနောက် ယင်းတည်းခိုခန်းတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားငါးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ တွင် ဖော်ပြသည်။ အောက်တိုဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ကော့ဖငန်းကျွန်း လှေဆိပ်အနီးရှိ The 10 Club Hostel ကို နိုင်ငံခြားသားများက ဖွင့်လှစ်ထားကြောင်း တိုင်ကြားချက်ရရှိသဖြင့် ကော့ဖငန်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ တည်းခိုခန်းသည် အနီးက ပြည်သူများကို စိတ်အနှောက်အယှက်ပေးနေပြီး အရက်နှင့် ပက်သက်သောပွဲများ ပြုလုပ်၍ စပိန်နိုင်ငံသားများကိုသာ ဝန်ဆောင်မှုပေးနေသည်ဟု တိုင်ကြားချက်ရရှိခဲ့ကြောင်း ဖော်ပြသည်။ ထို့အပြင် နိုင်ငံခြားသားများက အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေကြောင်း ဆိုသည်။ ထိုင်းနိုင်ငံသားတစ်ဦး အမည်ခံပေးပြီး နိုင်ငံခြားသားများက စီးပွားရေးလုပ်ကိုင်နေကြောင်း သတင်းပေးပို့တိုင်ကြားလာသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ တည်းခိုခန်းတွင် […]
ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် အိမ်သာအတွင်း မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းပြီး လည်ပင်းအား ဓားဖြင့် တိုက်ခိုက်ခဲ့သူကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းက မဲဆောက်မြို့ ခရိုင်အုပ်ချုပ်ရေးရုံးအနီးရှိ အိမ်သာထဲတွင် မြန်မာအမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခံရသူသည် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး လည်ပင်းတွင် သွေးအလွန်အကျွံ ထွက်နေ သည်ကို တွေ့ရသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက မဲဆောက်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီး၏ အခြေအနေသည် စိုးရိမ်ရပြီး လက်ရှိအချိန်တွင် သွေးလှူဒါန်းမှု လိုအပ်နေကြောင်း သတင်းများတွင် ဖော်ပြသည်။ အခင်းဖြစ်ပြီးနောက် ဓားဖြင့် တိုက်ခိုက်သူသည် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ကို CCTV မှတ်တမ်းများအရ သိရသည်။ ယင်းနေ့ ည […]
ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၆၀ ကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အောက်တိုဘာလ ၂၆ ရက်နေ့က တာခ့်ခရိုင် မယ်လမတ်ဒေသတွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၆၄ ဦးရှိပြီး ခိုးဝင်ရန် ကူညီပေးသော ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ဟုဆိုသည်။ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရဘဲ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကိုလည်း တွေ့ရှိရသဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားများကို […]
မဟာချိုင်အခြေစိုက် Labour Rights Foundation အဖွဲ့၏ စည်းရုံးရေးတာဝန်ခံ ကိုဇော်နှင့် ဆက်သွယ်မေးမြန်းခြင်း ထိုင်းဘုရင် မဟာ ဝချီရာလောင်ကွန်း၏မယ်တော် မိဖုရားကြီး သီရိခေတ်သည် အောက်တိုဘာလ ၂၄ ရက် ည ၉ နာရီ ၂၁ မိနစ်တွင် ချူလာလောင်ကွန်းဆေးရုံ၌ နတ်ရွာစံသည်။ မိဖုရားကြီး နတ်ရွာစံသည့်အပေါ် ပြည်သူများအနေဖြင့် ဝမ်းနည်းခြင်းကာလကို ရက် ၉၀ သတ်မှတ်ထားပြီး ယင်းကာလ အတွင်း အနက်ရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ကိုသာ ဝတ်ဆင်ကြရန် ထိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံ ပန်ကြားထား သည်။ အစိုးရဝန်ထမ်းနှင့် အရာရှိများအနေဖြင့် တစ်နှစ်ပတ်လုံး ဝမ်းနည်းခြင်း ဝတ်စုံများကိုသာ ဝတ်ဆင်ထားရန် ပန်ကြားထား သည်။ အစိုးရရုံးနှင့် ကျောင်းများတွင်လည်း တစ်လအတွင်း နိုင်ငံတော်အလံကို တစ်ဝက်လွှင့်ထူထားရန် ထိုင်းအစိုးရက ညွှန်ကြားထားသလို […]