ထိုင်းတွင် မောင်းပြေးရာမှ ကားတိမ်းမှောက်၊ မြန်မာလုပ်သားတစ်ဦးသေဆုံး ၁၀ဦးဒဏ်ရာရ
Dawei Watch
June 2, 2023ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် မြန်မာအလုပ်သမားများ လိုက်ပါသော ပစ်ကပ်ကားတစ်စီးသည် မြောင်းထဲထိုးကျ တိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး ၁၀ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ မေလ ၃၁ရက် ည ၉နာရီခွဲတွင် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ နောလူအရပ်တွင် ကားတိမ်းမှောက်ခြင်း ဖြစ်သည်။ နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို ကားဖြင့် ခေါ်ယူလာနေသည်ဟု သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အမှောင်ထဲတွင် ပစ်ကပ်ကား သုံးစီး အရှိန်ဖြင့်မောင်းနှင်လာကြောင်း ရေးသားထားသည်။ ရပ်တန့်စစ်ဆေးခံရန် ကားများကို အချက်ပြသော်လည်း အစစ်ဆေးမခံဘဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ကားဖြင့် တိုက်ကာ ထွက်ပြေးသွားကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရပြီး အရေးပေါ်ဆေးကုသရန် စန်ခရာဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ရကြောင်း ဖော်ပြသည်။ ယင်းနောက် ပစ်ကပ်ကားတစ်စီး မြောင်းထဲထိုးကျ တိမ်းမှောက်နေသည်ဟု ထပ်မံသတင်းပေးလာသဖြင့် […]


