ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ဖူးခက်တွင် ဆိုင်ကယ်ခိုးမှုဖြင့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

October 15, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဆိုင်ကယ်ခိုးယူသည်ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ဖူးခက်သတင်းဌာနတွင် ဖော်ပြသည်။ အောက်တိုဘာလ ၁၃ ရက် ညနေ ၆ နာရီက ဖူးခက်မြို့၊ ပါတွန်ဒေသ အလုပ်သမားတန်းလျားတွင် အသက် ၂၂ နှစ်အရွယ် ကိုရွှေထွန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးနေသော Honda Click ဆိုင်ကယ်တစ်စီးကိုလည်း ၎င်းနှင့်အတူ တွေ့ရှိခဲ့သဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။ အောက်တိုဘာလ ၁၀ ရက်က ထိုင်းနိုင်ငံသားတစ်ဦးသည် အခန်းရှေ့တွင် ဆိုင်ကယ်ရပ်ထားစဉ် ပျောက်ဆုံးသွားသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ ရဲတပ်ဖွဲ့က အနီးရှိ CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံ စုံစမ်းစစ်ဆေးရာမှ မြန်မာနိုင်ငံသားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားသည် တရားဝင် နေထိုင်ခွင့် […]

ဘန်ကောက်အနီးတွင် မြန်မာအချင်းချင်း ရန်ဖြစ်ပြီး ကွေ့တီယိုဆိုင် ပျက်စီး

Dawei Watch

October 14, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်တွင် မြန်မာနိုင်ငံသား လေးဦး အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြပြီးနောက် အနီးရှိ ကွေ့တီယိုဆိုင်လည်း ပျက်စီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၁၃ ရက် ည ၁၁ နာရီခွဲခန့်တွင် မြန်မာနိုင်ငံသားလေးဦးသည် 7-Eleven စတိုးဆိုင်ရှေ့တွင် အတူတူ အရက်သောက်ရာမှ စကားများ ရန်ဖြစ်ကြကြောင်း စတိုးဆိုင်ဝန်ထမ်းများက ပြောဆိုထားသည်။ ရဲတပ်ဖွဲ့ဝင်များနှင့် ကွေ့တီယို ဆိုင်ပိုင်ရှင် ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံသားနှစ်ဦးသည် ထိုးကြိတ်ပြီး ခိုက်ရန်ဖြစ်ပွားနေဆဲဖြစ်သဖြင့် ကြားဝင် ဖြေရှင်းပေးခဲ့ရကြောင်း ဖော်ပြသည်။ စတိုးဆိုင်ရှေ့ တွင် ဖွင့်လှစ်ထားသော ကွေ့တီယိုဆိုင်မှာလည်း ပျက်စီးနေသည်ကို တွေ့ရကြောင်း ဆိုသည်။ ခိုက်ရန်ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံသားနှစ်ဦးက အခြားမြန်မာတစ်ဦး၏ ရင်ဘတ်ကို တက်နင်းခဲ့သဖြင့် ဒဏ်ရာရသောကြောင့် ကယ်ဆယ်ရေးအဖွဲ့က နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် […]

ချွန်ဘူရီတွင် လာကြိုသောကားဝင်တိုက်သဖြင့် မြန်မာလုပ်သားတစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

Dawei Watch

October 14, 2025

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမားများက အလုပ်သွားရန် စောင့်နေစဉ် အလုပ်သမားများကို လာကြိုသော စက်ရုံကားက ဝင်တိုက်ခဲ့သဖြင့် မြန်မာ တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာအပြင်းအထန်ရကြောင်း WAG အဖွဲ့ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၆ နာရီခွဲတွင် ချွန်ဘူရီမြို့ရှိ ဂျက်လစင်ဟွေ့ပါကွန်ဒိုအနီး ဖုန်းဆိုင်တစ်ဆိုင်တွင် အလုပ်သွားရန် စောင့်နေသော မြန်မာအလုပ်သမားများကို စက်ရုံ၏ နှစ်ထပ်မှန်လုံကားက အရှိန်လွန်၍ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ကားတိုက်ခံရမှုကြောင့် ကိုစိုးလင်းဦးသည် နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ထပ် မြန်မာနိုင်ငံသား သုံးဦးလည်း ဒဏ်ရာအပြင်းအထန် ရကြောင်း WAG အဖွဲ့ထံမှ သိရသည်။ အလုပ်သမားများသည် အလုပ်ရုံသို့ သွားရန် ကားစောင့်နေချိန် လာကြိုသောကားက စက်တစ်ခုခု ချို့ယွင်းခဲ့ပြီး မြန်မာအလုပ်သမားများကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း […]

ကော့ဖငန်းတွင် ကန်ထရိုက်ယူပြီး အိမ်ဆောက်သည်ဆိုကာ မြန်မာခြောက်ဦးဖမ်းဆီးခံရ

Dawei Watch

October 13, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် ကန်ထရိုက်ယူ၍ အိမ်များကို ကိုယ်တိုင်ဆောက်လုပ်နေသည် ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား ခြောက်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၁၁ ရက်တွင် ထိုင်းနိုင်ငံသား ကန်ထရိုက်လုပ်ငန်းရှင်များက တိုင်ကြားလာသဖြင့် နယ်မြေခံရဲတပ်ဖွဲ့က ကွင်းဆင်းစစ်ဆေးဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ကော့ဖငန်းကျွန်းပေါ်က ဆောက်လုပ်ရေးလုပ်ငန်းများတွင် ထိုင်းကန်ထရိုက်တာများက အခြားနိုင်ငံခြားသားများနှင့် ယှဉ်ပြိုင်နေရသဖြင့် စစ်ဆေးပေးရန် တိုင်ကြားခဲ့ကြောင်း ဆိုသည်။ ထိုင်းနိုင်ငံထဲ ကန်ထရိုက်ယူ၍ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းသည် ထိုင်းနိုင်ငံသားများအတွက်သာ ခွင့်ပြုထားသည့် အလုပ်တစ်ခုဖြစ်ပြီး နိုင်ငံခြားသားများ လုပ်ပိုင်ခွင့် မရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ ကွင်းဆင်းစစ်ဆေးရာ ဘန်းနိုင်ဝတ်ရပ်ကွက်တွင် မြန်မာနိုင်ငံသားသုံးဦးက အစ္စရေးစီးပွားရေးလုပ်ငန်းရှင်အတွက် အိမ် ခုနစ်လုံးကို ဆောက်လုပ်ပေးရန် ကန်ထရိုက်ယူ သဘောတူထားသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။ အိမ်တစ်လုံးလျှင် ထိုင်းဘတ် […]

အယုဒ္ဓယတွင် ကိုယ်ဝန်ဖျက်ချ၍ အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့သော မြန်မာအမျိုးသမီး ဖမ်းဆီးခံရ

Dawei Watch

October 13, 2025

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် ကိုယ်ဝန် ငါးလခန့်ရှိသော သန္ဓေသားလောင်းကို ဖျက်ချပြီး အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့သော မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ အောက်တိုဘာလ ၈ ရက်နေ့က ဘန်းပအင်းဒေသရှိ အမှိုက်ပုံးထဲတွင် ကိုယ်ဝန် ၄-၅ လခန့်ရှိသော သန္ဓေသား၏ အလောင်းကို အမှိုက်သိမ်းသမားက တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ CCTV မှတ်တမ်းများကို စစ်ဆေးကြည့်ရာ နံနက်စောစောတွင် အမျိုးသမီးတစ်ဦးက အိပ်ယာခင်းဖြင့် ရစ်ပတ်ထားသော သန္ဓေသားကို ယူဆောင်လာပြီး အမှိုက်ပုံးထဲပစ်၍ ပြန်သွားခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ အမျိုးသမီး၏ အချက်အလက်ကို သိရှိနိုင်ရန် အနီးအနားကို စုံစမ်းမေးမြန်းရာမှ အသက် ၂၅ နှစ်အရွယ် မမေအမည်ရှိ မြန်မာအမျိုးသမီးဖြစ်နေသည်ကို သိရှိခဲ့ကြကြောင်း သတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့များက မြန်မာအမျိုးသမီး ငှားထားသော […]

ကန်ချနဘူရီတွင် တရားမဝင် လာသော မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ

Dawei Watch

October 11, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား တစ်ရာ ကျော် ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယနေ့ အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းက ကန်ချနဘူရီမြို့ ဝပ်ခေါင်မေးဘုန်းကြီးကျောင်းရှေ့တွင် ရပ်ထားသော ခြောက်ဘီးတပ် အလုံပိတ်ကုန်တင်ကားကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှတစ်ဆင့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးအရေအတွက် ၁၀၇ ဦးရှိပြီး ၎င်းတို့နှင့်အတူ ကျောပိုးအိတ်များကို အလုံပိတ်ကားထဲတွင် တွေ့ရကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ ၎င်းတို့သည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ဝင်ရောက်လာကြပြီး တရားဝင် စာရွက်စာတမ်းများ မရှိကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများကို‌ ခေါ်လာသော ထိုင်းကားမောင်းသမားကိုလည်း ကားနှင့်အတူ ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။ ၎င်းတို့အားလုံးကို ဥပဒေအရ အရေးယူနိုင်ရေး […]

မြန်မာကလေး ၉၀၀ ခန့် စာသင်နေသော မဟာချိုင်ရှိ သင်ကြားရေးစင်တာကို ထိုင်းအာဏာပိုင်များ ဝင်စစ်

Dawei Watch

October 10, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ မြန်မာသင်ကြားရေးစင်တာတစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး စာသင်ကြားနေသော ဆရာ ၂၇ ဦးကိုလည်းစစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၉ ရက်နေ့က မဟာချိုင် ကထူးဘင်ဒေသရှိ မြန်မာကလေးများ လေ့ကျင့်ရေးစင်တာတစ်ခုကို ထိုင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ လဝကနှင့် ပညာရေးဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သင်ကြားရေးစင်တာထဲတွင် ကလေးငယ် ၉၀၀ ခန့်နှင့် စာသင်ပေးနေသော ဆရာ၊ ဆရာမ ၂၇ ဦးကို တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ သင်ကြားရေးစင်တာသည် လူငယ်များ အုပ်စုလိုက် လေ့ကျင့်မှုများ လုပ်ဆောင်နိုင်ရေးအတွက် ခွင့်ပြုချက်ရရှိထားသော်လည်း တရားဝင် ကျောင်းဖွင့်၍ စာသင်ကြားခွင့်ကို ပညာရေးဌာနဘက်က ခွင့်ပြုထားခြင်းမရှိသေးကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည်။ အဆောက်အဦအသုံးပြုခွင့်အတွက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုထားပြီးဖြစ်သော်လည်း ရွှေ့ပြောင်းကလေးငယ်များကို စုစည်းပြီး ပညာသင်ကြားပေးရန် ခရိုင်ပညာရေးရုံး၏ […]

ထိုင်းက မြန်မာ ၉၀ ကို ယနေ့နေရပ်ပြန်ပို့၊ ယခုနှစ်အတွင်း ပြန်ပို့ခံရသူ ၁၈၀၀ နီးပါးရှိလာ

Dawei Watch

October 9, 2025

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အဓမ္မစစ်သားစုဆောင်းမှုများ လုပ်ဆောင်နေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၉၀ ဦးကို ကော့သောင်းဘက်သို့ ယနေ့ထပ်မံလွှဲပြောင်းလိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။ စက်တင်ဘာလ ၅ ရက်နှင့် ၂၃ ရက်များတွင် မြန်မာနိုင်ငံသား ၂၉၂ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခု အောက်တိုဘာလအတွင်း ထပ်မံလွှဲပြောင်းလိုက်ခြင်းဖြစ်သည်။ ယနေ့ အောက်တိုဘာလ ၉ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၉၀ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၂ […]