ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ချွန်ဘူရီတွင် အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၁၀ ဦး နစ်နာကြေး ဘတ် ကိုးသောင်းနီးပါးရ

Dawei Watch

December 16, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် လျှပ်စစ်ပစ္စည်းစက်ရုံမှ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၀ ဦးသည် နစ်နာကြေး ဘတ် ကိုးသောင်းနီးပါးရကြောင်း ကူညီဆောင်ရွက်ပေးခဲ့သော အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) အဖွဲ့ထံမှ သိရသည်။ ဒီဇင်ဘာလ ၇ရက်က မြန်မာအလုပ်သမား ၁၀ဦးကို နောက်ဆုံး လစာကို ရယူရန် အလုပ်ထွက်စာတွင် လက်မှတ်ထိုးခိုင်းပြီး နစ်နာကြေး မပေးဘဲ အလုပ်ထုတ်ခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမားများက နစ်နာကြေးကိစ္စနှင့် ပတ်သက်၍ LRF အဖွဲ့ထံ အကူအညီလာရောက် တောင်းခံခဲ့သဖြင့် အလုပ်သမားများနှင့်အတူ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ သွားရောက် တိုင်ကြားခဲ့ကြောင်း LRF ထံမှ သိရသည်။ ဒီဇင်ဘာလ ၁၅ ရက်တွင် ဆာဝါဒီကန်ရုံး၌ အလုပ်ရှင်က အလုပ်သမားများနှင့် လာရောက်ဆွေးနွေးခဲ့ပြီး အလုပ်ထုတ် နစ်နာကြေးအတွက် […]

ကန်ချနဘူရီတွင် အမျိုးသားဥယျာဉ်ထဲ အမဲလိုက်နေသော မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

December 16, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စိုင်ယွတ်အမျိုးသားဥယျာဉ်ထဲတွင် လက်လုပ်သေနတ်ဖြင့် အမဲလိုက်နေသော မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေက စိုင်ယွတ်အမျိုးသားဥယျာဉ်ထဲတွင် အာဏာပိုင်များက ကင်းလှည့်နေစဉ် အမဲလိုက်ရန် ချောင်းကြည့်နေသော အမျိုးသားတစ်ဦးကို ငှက်ပျောတောထဲ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အမျိုးသားသည် မျက်နှာဖုံးပုံစံ ဝတ်ဆင်ထားပြီး တိရစ္ဆာန်များကို အမဲလိုက်ရန်အတွက် လက်လုပ်သေနတ်ဖြင့် ချောင်းကြည့်နေသဖြင့် အာဏာပိုင်အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ဟုဆိုသည်။ ဖမ်းဆီးခံရသူသည် အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနှင့်အတူ လက်လုပ်သေနတ်၊ ဓါးနှင့် အခြားဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ဟု သတင်းတွင်ပါရှိသည်။ မြန်မာအမျိုးသားသည် ရှဉ့်အပါအဝင် တိရိစ္ဆာန်များကို အမဲလိုက်ရန်အတွက် အမျိုးသားဥယျာဉ်ထဲသို့ ခိုးဝင်ခဲ့ကြောင်း ဝန်ခံခဲ့ဟုဆိုသည်။ ဖမ်းဆီးခံရချိန်တွင် တိရိစ္ဆာန်တစ်ကောင်မှ မမိသေးကြောင်း‌ သတင်းတွင် ဖော်ပြထားချက်အရသိရသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားနှင့်အတူ […]

ဖူးခက်တွင် မြန်မာတစ်ဦး ဆွဲကြိုးချသေဆုံး

Dawei Watch

December 15, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီခန့်က ဖူးခက်မြို့ ထန်လန်ဒေသရှိ ဆောက်လုပ်ရေး အလုပ်သမားတန်းလျားထဲတွင် မြန်မာနိုင်ငံသားတစ်ဦး ဆွဲကြိုးချ၍ သေဆုံးနေကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဖော်ပြသည်။ သေဆုံးသူသည် အသက် ၄၉ နှစ်အရွယ် ဦးကျော်ဝင်းနိုင်ဖြစ်ပြီး အလုပ်သမားတန်းလျားရှိ အခန်းထဲတွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း‌ ဆိုသည်။ ရဲတပ်ဖွဲ့များ လာရောက်စစ်ဆေးစဉ် ပြင်ပဒဏ်ရာများလည်း မတွေ့ရသလို အခန်းထဲ ရှာဖွေထားသည့် ပုံစံမျိုးလည်း မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ အလောင်းသည် သေဆုံးချိန် ၈ နာရီကျော် ရှိနေပြီး လက်ရှိတွင် အလောင်းကို ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးမှုနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း […]

ထိုင်းတွင် ပန်းရောင်ဘတ်အသစ် လုပ်ငန်းစဉ် စဖွင့်

Dawei Watch

December 12, 2025

ထိုင်းရောက် မြန်မာအလုပ်သမားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ် လုပ်ငန်းစဉ်များ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်လုပ်ဆောင်နိုင်ပြီဖြစ်သည်။ မြန်မာ၊ လာအို၊ ဗီယက်နမ် သုံးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ စ၍ တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် လျှောက်ထားခွင့် ရရှိသည်။ ကနဦးအဆင့်ဖြစ်သည့် အမည်စာရင်း (Name List) တင်သွင်းမှုကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၁၅အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။ ယနေ့ အမည်စာရင်း တင်သွင်းထားသော မြန်မာအလုပ်သမားများသည် Name list စာရွက်အစား ဘောတော် ၅၀ စာရွက်နှင့် ငွေရှင်းဖြတ်ပိုင်းကို ရရှိနေပြီဖြစ်ကြောင်း မြန်မာအလုပ်သမား […]

ထိုင်းတွင် ရွှေဆွဲကြိုးခိုးသည့် မြန်မာဇနီးမောင်နှံကို ဖမ်းမိ

Dawei Watch

December 11, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာအမျိုးသားတစ်ဦးထံမှ ရွှေဆွဲကြိုး အလစ်သုတ်ခိုးယူသွားသည်ဆိုသော မြန်မာဇနီးမောင်နှံကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၃ ရက်နေ့က ဘန်းလမုဒေသတွင် အခန်းငှားရန် မြန်မာဇနီးမောင်နှံက ဆိုင်ကယ်ဖြင့် လာကြည့်စဉ် အခန်းလိုက်ပြပေးသည့် ကိုမြင့်အောင်၏ ရွှေဆွဲကြိုးတစ်ကုံးကို ခိုးသွားခြင်းဖြစ်ကြောင်း သိရသည်။ ၃ ဘတ်သားခန့် အလေးချိန်ရှိပြီး ပေါက်ဈေး ၁၆၇,၀၀၀ ဘတ် တန်ဖိုးရှိသည့် ရွှေဆွဲကြိုးခိုးခံရသော ကိုမြင့်အောင်က ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် မြန်မာဇနီးမောင်နှံနှစ်ဦးကို ခြေရာခံ လိုက်လံရှာဖွေခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၁၀ ရက်တွင် ဘန်းလမုဒေသရှိ အခန်းတစ်ခုရှေ့ သံသယရှိသော ဆိုင်ကယ်ကို တွေ့ရသဖြင့် အခန်းထဲ ဝင်ရောက်စစ်ဆေးစဉ် အသက် ၂၇ နှစ်အရွယ် ကိုမောင်ဦးနှင့် အသက် […]

ထိုင်းက မြန်မာ ၇၀ ကျော် ဒီဇင်ဘာလထဲ ဒုတိယအကြိမ် ထပ်ပို့

Dawei Watch

December 10, 2025

စစ်အာဏာရှင်တပ်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းမြို့ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၇၀ ကျော် ကို ယနေ့ ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းလိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။ ဒီဇင်ဘာလ ၃ ရက်က မြန်မာနိုင်ငံသား ၁၀၄ ဦးကို ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ယခုလအတွင်း ဒုတိယအကြိမ် နေရပ်ပြန်ပို့လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ဒီဇင်ဘာလအတွင်း နေရပ်ပြန်ပို့ခံရသူ ၁၇၅ ဦးအထိ ရှိလာပြီဖြစ်သည်။ ထိုင်းတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၅၄ ဦး၊ အမျိုးသမီး ၁၇ ဦးနှင့် ကလေး ၅ ဦး စုစုပေါင်း ၇၆ဦးကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၁ နာရီခွဲတွင် […]

ထိုင်းအာဏာပိုင်းများ လုပ်ငန်းခွင်ထဲဝင်စစ် မြန်မာ ၄၅ ဦး ဖမ်းဆီးခံရ

Dawei Watch

December 10, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း လယွန်ခရိုင်ရှိ လုပ်ငန်းခွင်ထဲတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၄၅ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း လယွန်ခရိုင် အလုပ်သမားရုံးက ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၉ ရက်နေ့က လယွန်ခရိုင် နော့ခိုင်ဒေသ နော့လလွန့်ရွာထဲရှိ စက်ရုံ၊ အလုပ်ရုံများထဲ အလုပ်လုပ်ကိုင်နေသော အလုပ်သမားများကို ထိုင်းဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံက ကွင်းဆင်းစစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ စက်ရုံများထဲတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိ သို့မဟုတ် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၂၁ ဦးကို တွေ့ရကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။ နောက်ထပ် မြန်မာနိုင်ငံသား အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၂၄ […]

ဒီဇင်ဘာ ၁၂ ရက်တွင် ဘတ်အသစ် အမည်စာရင်း စလျှောက်နိုင်ဟု ထိုင်းအစိုးရထုတ်ပြန်

Dawei Watch

December 9, 2025

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) တင်သွင်းနိုင် မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာလ ၉ တွင် ထုတ်ပြန်ကြေညာသည်။ ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ၊ လာအို၊ ဗီယက်နမ် သုံးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးမည့်အစီအစဉ်တွင် ပါဝင်လာခြင်းမရှိသည်ကို တွေ့ရသည်။ အလုပ်လုပ်ခွင့်လက်မှတ် မှတ်ပုံတင် (ပန်းရောင်ဘတ်) ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော အမည်စာရင်း (Name List) တင်သွင်းခြင်းကို […]