ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

မြန်မာအချင်းချင်း ရန်ဖြစ်နေစဉ် ဝင်ဖျန်ဖြေသည့် ထိုင်းနိုင်ငံသား ဓားထိုးခံရပြီးသေဆုံး

Dawei Watch

December 24, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ လုပ်ငန်းခွင်တစ်ခုတွင် မြန်မာနိုင်ငံသားအချင်းချင်း စကားများ ရန်ဖြစ်နေစဉ် ဝင်ရောက်ဖျန်ဖြေပေးခဲ့သည့် ထိုင်းနိုင်ငံသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၂၃ ရက် ည ၉ နာရီခန့်က ဖန်ထောဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ အလုပ်ကအပြန် ထမင်းဘူးဝေစဉ် မလောက်ငှသဖြင့် လုကြရာမှ မြန်မာနိုင်ငံသားနှစ်ဦး အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်ကို ဖော်ပြသည်။ မြန်မာအချင်းချင်း ရန်ဖြစ်နေသည်ကို ထိုင်းနိုင်ငံသား လုံခြုံရေး အမျိုးသားက ဝင်တားပြီး ဖျန်ဖြေပေးစဉ် ရန်ဖြစ်နေသော မြန်မာနိုင်ငံသားတစ်ဦးက ဓားဖြင့် ဝင်ထိုးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာစဉ် ထိုင်းနိုင်ငံသား လုံခြုံရေးအမျိုးသား၏ ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် ဓားဒဏ်ရာ ငါးချက် ပြင်းပြင်းထန်ထန် ရရှိထားသဖြင့် အရေးပေါ်အသက်ကယ်နည်း […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၃၀နီးပါး ဖမ်းဆီးခံရ

Dawei Watch

December 23, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကန်ချနဘူရီမြို့ထဲ နေရာနှစ်ခုတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကန်ချနဘူရီမြို့ နော့ဘိုဝါဒေသ အမြန်လမ်းမပေါ်တွင် ပစ်ကပ်ကားဖြင့်လာသော မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၁၈ဦးကို ကန်ချနဘူရီ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ နိုင်ငံခြားသားများကို တရားမဝင် ပို့ဆောင်မှုဖြင့် ထိုင်းနိုင်ငံသား ကားသမားကို အမှုဖွင့်ထားပြီး မြန်မာနိုင်ငံသားများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်၍ ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း‌ ဆိုသည်။ ယင်းနေ့တွင်ပင် ကန်ချနဘူရီမြို့ ပါဖဲဒေသတွင် အိမ်စီးကားတစ်စီးကို အလေးချိန် များနေသဖြင့် မသင်္ကာဖြစ်၍ တားဆီး စစ်ဆေးရာမှ တရားမဝင် […]

ထိုင်းတွင် ယခုလအတွင်း မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁၃၀၀၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

December 22, 2025

ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသာ ၁၃၀၀၀ ကျော်ကို ယခုလရက်ပေါင်း ၂၀ အတွင်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ နိုင်ငံအတွင်း တရားမဝင် နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးအရေးယူမည့် စီမံချက်အောက်တွင် တစ်နိုင်ငံလုံးအနေဖြင့် နိုင်ငံခြားသား ၁၃,၀၇၃ ဦးကို ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အခြားနိုင်ငံသားများ ပါဝင်ကြောင်း ဖော်ပြထားသော်လည်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ၎င်းတို့ကို တရားမဝင် နေထိုင်မှု၊ နေထိုင်ခွင့် ဗီဇာကျော်လွန်မှု၊ တရားမဝင် နိုင်ငံခြားသားများကို ပို့ဆောင်ကူညီမှု၊ ပြည်ဝင်ခွင့် ပိတ်ပင်ထားမှု၊ နေထိုင်ခွင့်ဗီဇာ […]

ထိုင်းရောက် မြန်မာလုပ်သားများအတွက် ဒီဇင်ဘာ ၃၁ ရက်အထိ CI သက်တမ်းတိုးစခန်းများ ဖွင့်မည်

Dawei Watch

December 19, 2025

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သက်တမ်းတိုးစခန်းများကို ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်တိုးဖွင့်လှစ်မည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက ယနေ့ ထုတ်ပြန်သည်။ CI စာအုပ် ထုတ်ပေးရေးစခန်းများကို ချင်းမိုင်၊ စမွတ်စခွန်၊ စမွတ်ပရကန်နှင့် စူရတ်ဌာနီခရိုင်များတွင် ဖွင့်လှစ်ထားပြီး ကရာဘီခရိုင်တွင်လည်း မိုဘိုင်းစခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်ထားသည်။ ယင်းစခန်းများကို ဒီဇင်ဘာလ ၂၁ ရက်တွင် ပိတ်သိမ်းရန် ကနဦး ကြေညာထားသော်လည်း 7-Eleven စတိုးဆိုင်များတွင် ငွေပေးသွင်းသူများ ကျန်ရှိနေသည့်အတွက် လာမည့် ဒီဇင်ဘာလ ၃၁ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာမှုမရှိစေရန် သတ်မှတ်ကာလအမီ CI စာအုပ် သက်တမ်းတိုးစခန်းများတွင် လုပ်ဆောင်ကြရန် ရေးသားထားသည်။ CI မှာ […]

ထိုင်းတွင် စက်ရုံထဲ အာဏာပိုင်များဝင်စစ်၊ မြန်မာလုပ်သား ၁၀ဦး ဖမ်းဆီးခံရ

Dawei Watch

December 18, 2025

ထိုင်းနိုင်ငံ၊ ရယွန်ခရိုင်ရှိ စက်ရုံတစ်ရုံထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၀ ဦးအပါအဝင် ရွှေ့ပြောင်း အလုပ်သမား ၈၀ ခန့် ဖမ်းဆီးခံရကြောင်း ရယွန်လဝကရုံးက ယနေ့ ဒီဇင်ဘာလ ၁၈ရက်တွင် ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၇ ရက်က ပလွန့်ဒေ့ဒေသရှိ Heung Sung Electronics စက်ရုံထဲသို့ ထိုင်းအာဏာပိုင်များက ကွင်းဆင်း စစ်ဆေးခဲ့စဉ် တရားမဝင် လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ စက်ရုံထဲ အလုပ်လုပ်ခွင့်လက်မှတ်မရှိသော နိုင်ငံခြားသားအလုပ်သမား ၆၁ ဦးနှင့် အလုပ်ရှင် ပြောင်းရွှေ့လုပ်ကိုင် နေသည်ကို ၁၅ ရက်အတွင်း အကြောင်းမကြားထားသော အလုပ်သမား ၁၇ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ အလုပ်လုပ်ခွင့် လက်မှတ် မရှိသူများတွင် မြန်မာနိုင်ငံသား နှစ်ဦး၊ ကမ္ဘောဒီးယား […]

ထိုင်းတွင် လူသတ်မှု သံသယဖြင့် မြန်မာတစ်ဦးကို ဖမ်းဆီး

Dawei Watch

December 18, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း ကျန်ထဘူရီခရိုင်တွင် အလောင်းကို ရေပုံးထဲထည့်ပြီး စွန့်ပစ်အလောင်းဖျောက်ထားမှုနှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ရှာဖွေနေစဉ် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၄ ရက်နေ့က ကျန်ထဘူရီခရိုင် ဘုန်းကြီးကျောင်းအနီး ဝါးတောထဲတွင် အနက်ရောင်ရေပုံးကြီးထဲမှ အပုပ်နံ့ရသဖြင့် ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးစဉ် အမည်မသိသူတစ်ဦး၏ အလောင်းကို ကြိုးတုပ်ထားသည့်ပုံစံဖြင့် တွေ့ခဲ့ရသည်။ သေဆုံးသူသည် အသက် ၄၀ နှစ်အရွယ်ရှိပြီး အလောင်းကို အနက်ရောင် ပလပ်စတစ်နှင့်အတူ ပုဆိုးဖြင့် ထုပ်ပိုးထားသည်ကို တွေ့ရကြောင်း သိရသည်။ ခေါင်းနှင့် ခြေထောက်ကိုလည်း ခေါက်ထားပြီး ခြေလက်များကို ကြိုးတုပ်ထားကာ လည်ပင်းနှင့် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာများကို တွေ့ရကြောင်း သတင်းတွင်ဖော်ပြသည်။ သေဆုံးသူသည် အနီးအနားတွင် နေထိုင်သူများထဲက မဟုတ်ဘဲ မြန်မာပုဆိုးကို တွေ့ရသဖြင့် မြန်မာနိုင်ငံသားဖြစ်နိုင်ပြီး […]

ရွှေဆွဲကြိုး အလစ်သုတ်မှုဖြင့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

December 18, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ရှိ ရွှေဆိုင်တွင် ရွှေဆွဲကြိုးကို အလစ်သုတ်သွားသည်ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၁၄ ရက်က စမွတ်ပရကန်ခရိုင်၊ ဘန်ဖလီဒေသတွင် ရွှေဆိုင်ပိတ်ခါနီး အသက် ၂၅ နှစ်အရွယ် အမည်မသိ အမျိုးသားတစ်ဦးက ဝယ်သူအဖြစ် ဟန်ဆောင်၍ ဆိုင်ထဲဝင်လာကာ ရွှေထည်ပစ္စည်းများကို ပြစေခဲ့ကြောင်း ဆိုသည်။ ဆိုင်ဝန်ထမ်းများက ဘတ်တစ်သိန်းကျော်တန်ဖိုးရှိ ရွှေဆွဲကြိုးသုံးကုံးကို ပြသစဉ် ဝယ်သူက ရွှေဆွဲကြုံးတစ်ကုံးအား အလစ်သုတ်၍ ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံ လိုက်လံဖမ်းဆီးရာ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခန့်တွင် သံသယရှိသူကို လုပ်ငန်းခွင်ထဲ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူသည် ရွှေဆိုင်နှင့် မဝေးသော […]

ထိုင်းသို့ တရားမဝင် လာသော မြန်မာ ၇၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

December 17, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်နှင့် စူဖန်ဘူရီခရိုင်များတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၇၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၁၆ ရက်က ကန်ချနဘူရီမြို့ အမှတ် ၃၂၃ အဝေးပြေးလမ်းမကြီးပေါ်တွင် ထိုင်းရဲတပ်ဖွဲ့က ဂိတ်ချစစ်ဆေးနေစဉ် ပုံမှန်အလေးချိန်ထက် ပိုနေသော ပစ်ကပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဆိုသည်။ ပစ်ကပ်ကားသည် ရပ်တန့်စစ်ဆေးမခံဘဲ လမ်းကြောင်းပြောင်း၍ မောင်းပြေးစဉ် ကန်ချနဘူရီမြို့ဝမ်ယန်ဒေသရှိ ကြံခင်းထဲအရောက် ကားက လမ်းဘေးမြောင်းဘောင်နှင့် တိုက်မိပြီး ရပ်တန့်ခဲ့ကာ ကားသမားထွက်ပြေးသွားကြောင်း ဖော်ပြသည်။ ကားပေါ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသားအချို့လည်း ထွက်ပြေးခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် မြန်မာနိုင်ငံသား ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး […]