ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါအိမ်တံခါးဝ ရောက်လာတဲ့ မြေမြှုပ်မိုင်း
လေကြောင်းအားပြုလာတဲ့ စစ်အာဏာရှင်ကြောင့် စစ်ဘေးရှောင် ရှစ်သောင်းကျော်လာတဲ့ တနင်္သာရီ
မြိတ်ဒေသခံတွေကို မအိုဆေးတိုက်နေတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတွေ
ပြည်တွင်းမှာ စစ်မှုထမ်း၊ ပြည်ပမှာ ထိုင်းကဖမ်း – ခိုလှုံရာမဲ့လာတဲ့ တောင်ပိုင်းက လူငယ်တွေ
ထားဝယ်နဲ့မြိတ်က ရက်ရှည်တိုက်ပွဲတွေကြောင့် တိုးလာနေတဲ့ စစ်ရှောင်တွေ အခက်ကြုံနေရ
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေရဲ့ လုံခြုံမှုဟာ အကြီးအကျယ်ခြိမ်းခြောက်ခံနေရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ဘဝဟာ လုံခြုံမှုကင်းမဲ့လာပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ သားကောင်တွေဖြစ်လာပါတယ်။ ကျူးလွန်ခံရသူထဲမှာ အသက် ၇၀ ကျော်အရွယ်အထိ ပါဝင်နေတဲ့အတွက် အသက်အရွယ်မရွေး အမျိုးသမီးတွေဟာ အိပ်မက်ဆိုးကြီးကို ရင်ဆိုင်နေရတာပါ။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုကိုလည်း ခံစားနေကြရပေမယ့် တရားမျှတမှုကိုလည်း ခက်ခဲနေပါတယ်။ အခု အစီအစဉ်မှာတော့ ဒီလိုအခြေအနေတွေကို ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေနဲ့ သူတို့အတွက် ရပ်တည်ကူညီပေးနေကြသူတွေအကြောင်း တင်ဆက်သွားမှာ ဖြစ်ပါတယ်။