ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား/ကမ္ဘာ့ဖလား

ဂျာမနီနဲ့ ဘယ်လ်ဂျီယံကို အားပေးသင့်ပါတယ်

diz_admin

November 23, 2022

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာလည်း ကမ္ဘာ့ဖလားပွဲစဉ်ကောင်းတွေ ဆက်တိုက်ရှိနေပါတယ်။ ညနေ ၄ နာရီခွဲကနေ စလို့ နောက်တစ်နေ့မနက် ၁ နာရီခွဲလောက်အထိ ပွဲစဉ် ၄ ပွဲကို ဆက်တိုက်ဆိုသလို ယှဉ်ပြိုင်သွားမှာပါ။ ညနေ ၄ နာရီခွဲအချိန်မှာတော့ မော်ရိုကိုနဲ့ ခရိုအေးရှားတို့ရဲ့အားပြိုင်ပွဲကို ရှုစားရပါလိမ့်မယ်။ ည ၇ နာရီခွဲအချိန်ကိုရောက်ရင် နာမည်ကြီး ဂျာမနီနဲ့ အာရှထိပ်သီး ဂျပန်တို့ရဲ့အားပြိုင်ပွဲက စောင့်ကြိုနေမှာပါ။ အဲ့ဒီနောက်မှာတော့ ည ၁၀ နာရီခွဲအချိန်ကိုရောက်ရင် စပိန်နဲ့ ကော်စတာရီကာတို့ရဲ့ပွဲစဉ်ကို ရှုစားရပါလိမ့်မယ်။ နောက်တစ်နေ့မနက် ၁ နာရီခွဲအချိန်မှာတော့ ဘယ်လ်ဂျီယံနဲ့ ကနေဒါတို့ရဲ့အားပြိုင်ပွဲကို ကြည့်ရှုရမှာပါ။

အာဂျင်တီးနားရဲ့နေ့၊ မက်ဆီရဲ့နေ့ လာပြီ

diz_admin

November 22, 2022

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့ကတော့ ကမ္ဘာ့ဖလားပွဲစဉ်တွေကို တဝကြီး ကြည့်ရှုခံစားရမယ့်နေ့ပါပဲ။ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲကစပြီး နောက်တစ်နေ့မနက် ၁ နာရီခွဲအထိ ကမ္ဘာ့ဖလားပွဲစဉ်တွေ ကြည့်ရှုရမှာပါ။ ညနေ ၄ နာရီခွဲမှာ အားပြိုင်မယ့်ပွဲကတော့ အာဂျင်တီးနားနဲ့ ဆော်ဒီအာရေဗျတို့ ပွဲစဉ်ပါပဲ။ အဲ့ဒီပွဲစဉ်ပြီးရင် ည ၇ နာရီခွဲမှာ ဒိန်းမတ်နဲ့ တူနီးရှားတို့ရဲ့ပွဲစဉ် ရောက်ရှိလာမှာပါ။ ည ၁၀ နာရီခွဲအချိန်ကို ရောက်ရင်တော့ မက္ကဆီကိုနဲ့ ပိုလန်တို့ရဲ့ပွဲစဉ်ကို ကြည့်ရှုရပါလိမ့်မယ်။ မနက်ဖြန်မနက် ၁ နာရီခွဲအချိန်ကိုရောက်ရင်တော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ဩစတြေးလျတို့ရဲ့ပွဲစဉ် ရောက်ရှိလာပါလိမ့်မယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။https://youtu.be/jTfjeLNbGzw

အင်္ဂလန်ကို ယုံကြည်တာက အသေချာဆုံး ဖြစ်ပါလိမ့်မယ်

diz_admin

November 21, 2022

ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာတော့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ ပရိသတ်ကြိုက် အင်္ဂလန်အသင်းရဲ့ပွဲစဉ်လည်း ပါဝင်နေတာကြောင့် အားလုံး စောင့်မျှော်ကြည့်မယ့်ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ ပွဲစဉ်ရေးဆွဲထားမှု အချိန်ဇယားအရ အင်္ဂလန်ရဲ့ပွဲစဉ်ကတော့ ဒီနေ့ညရဲ့အစောဆုံးပွဲစဉ်ဖြစ်လာဖို့ ရှိနေပါတယ်။ အင်္ဂလန်နဲ့ အီရန်တို့ဟာ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ယှဉ်ပြိုင်ကြမှာပါ။ အဲ့ဒီပွဲစဉ်ပြီးရင်တော့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ဆီနီဂေါနဲ့ နယ်သာလန်တို့ရဲ့ ပွဲစဉ်ရောက်ရှိလာမှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ညသန်းခေါင်ကျော်လို့ မနက် ၁ နာရီခွဲအချိန်ကိုရောက်ရင် အမေရိကန်နဲ့ ဝေလတို့ရဲ့ပွဲစဉ်ကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ ဒီနေ့အတွက် မြန်မာဘောလုံးပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေနိုင်တာက အင်္ဂလန်ရဲ့ပွဲစဉ်၊ နယ်သာလန်ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်။

ကာတာ – အီကွေဒေါပွဲစဉ် ပွဲကြိုသုံးသပ်ချက်

diz_admin

November 20, 2022

ဒီနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီခွဲအချိန်မှာ လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်တော့မှာပဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ မစခင်ကတည်းက ပွဲဆူနေပါတယ်။ မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာ ပြိုင်ပွဲကြီးရဲ့အဖွင့်ပွဲအဖြစ် ကာတာနဲ့ အီကွေဒေါတို့ရဲ့ယှဉ်ပြိုင်မှုကို အစပြုမှာပါ။ အခမ်းအနားဖျော်ဖြေမှုတွေနဲ့ ဖွင့်ပွဲအစပြုမှုတွေကိုတော့ မြန်မာစံတော်ချိန် ည ၉ နာရီမှာ စတင်ဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ကာတာ-အီကွေဒေါပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်ကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။https://youtu.be/kgiPbJDc_6k

ကမ္ဘာ့ဖလားစည်ကားဖို့ မြန်မာနိုင်ငံကလမ်းစဉ်ကို ကော်ပီကူးလိုက်တဲ့ ကာတာ….

diz_admin

November 19, 2022

ကမ္ဘာ့ဖလားပွဲဆိုတာ ဘောလုံးပြိုင်ပွဲ တစ်ခုထက်ပိုတဲ့ ယဉ်ကျေးမှုတွေရှိတယ်ဆိုတာ မသိတဲ့ ကာတာကတော့ အနှစ်သာရကင်းမဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ခုကို ဖော်ဆောင်နေပါပြီ။ ကမ္ဘာ့ဖလား စည်ကားဖို့ မြန်မာနိုင်ငံမှာ လုပ်လေ့ရှိတဲ့ ၅၀၀၀ စားလမ်းစဉ်ကို ကော်ပီကူးကျင့်သုံးတော့မှာပါ။ ကာတာမှာတော့ ၅၀၀၀ စားမဟုတ်ပါဘူး ၁၀ ဒေါ်လာပေးခေါ်ထားတဲ့ နေ့စားတွေပါ။ ၁၀ ဒေါ်လာစားတွေနဲ့ ကမ္ဘာ့ဖလားဂုဏ်ကျက်သရေကို တစ်စစီ ဖျက်ဆီးတော့မဲ့ ကာတာအကြောင်း အပြည့်အစုံကို ရှုစားကြပါဦးခင်ဗျား။

အောင်လအန်ဆန်း နိုင်သွားမလား…..

diz_admin

November 18, 2022

မနက်ဖြန် နိုဝင်ဘာလ ၁၉ ရက်နေ့ကိုရောက်ရင် အောင်လအန်ဆန်းနဲ့ ဂျပန်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ယူရှင်းအိုကာမီတို့ One Championship ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ပါတော့မယ်။ စင်ကာပူ Indoor Stadium မှာ တိုက်ခိုက်ထိုးသတ်ကြမယ့်ပွဲစဉ်ပါ။ One Championship ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ အောင်လအန်ဆန်းက မြန်မာပရိသတ်ရဲ့အားပေးမှုကို အခိုင်အမာရရှိပြီးသား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမားတစ်ဦးပါ။ နောက်ပိုင်းထိုးသတ်တဲ့ပွဲစဉ်တွေမှာ အောင်လအန်ဆန်းက ရလဒ်တွေ ဆိုးရွားနေတဲ့အတွက် အခုပွဲစဉ်မှာ နိုင်ပွဲနဲ့အတူ အောင်ပွဲခံခွင့်ရနိုင်လေမလားဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ ယူရှင်း အိုကာမီက မစ်ဒယ်ဝိတ်တန်းဆီကို ကူးပြောင်းပြီး အောင်လအန်ဆန်းနဲ့ စိန်ခေါ်ပွဲထိုးသတ်ဖို့ စီစဉ်လိုက်တာပါ။ အောင်လအန်ဆန်းနဲ့ ယူရှင်း အိုကာမီတို့ရဲ့ပွဲစဉ်မှာ ဘယ်သူ အနိုင်ရသွားနိုင်ခြေ ရှိနေသလဲဆိုတာကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြ ပေးလိုက်ပါတယ်။

လိမ္မော်ရောင် ဒတ်ချ်တပ်သားတွေလည်း ကမ္ဘာ့ဖလားကို မျှော်လင့်ခွင့်ရှိတယ်

diz_admin

November 17, 2022

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၇) ကမ္ဘာ့ဖလားပြိုင်ပွဲကြီး နီးကပ်လာတာနဲ့အမျှ ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းတွေကို Dawei Watch က တင်ဆက်ပေးလာခဲ့တာကလည်း အပိုင်း(၇)အထိ ရောက်ရှိလို့ လာခဲ့ပါပြီ။ အခုတစ်ခေါက် ရွေးချယ်လိုက်တဲ့အသင်းကတော့ နယ်သာလန်ပါပဲ။ ခြေစွမ်းတည်ငြိမ်သလို ဖျော်ဖြေရသ အပြည့်အဝပေးနိုင်အောင် ကြိုးစားကစားတတ်တဲ့ နယ်သာလန်ဟာ ကမ္ဘာ့ဖလားကို ဆွတ်ခူးရရှိနိုင်ခြေရှိတဲ့ အသင်းတွေထဲ တစ်သင်းအပါအဝင်ပဲဖြစ်ပါတယ်။ လိမ္မော်ရောင်ဒတ်ချ်တပ်သားတွေလို့ တင်စားခေါ်ဝေါ်လေ့ရှိတဲ့ နယ်သာလန်ရဲ့လက်ရွေးစင်အသင်းလူစာရင်းဟာလည်း အင်အားတောင့်တင်းမှု အပြည့်ရှိပါတယ်။ အသင်းကို ဦးဆောင်နေသူက အစဉ်အလာကြီးမားတဲ့ နည်းပြ ဗန်ဟားလ် ဖြစ်နေတဲ့အတွက်လည်း နယ်သာလန်က ချန်ပီယံဆုကို စိတ်ကူးယဉ်ခွင့် ရှိနေပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ နယ်သာလန် အရေးနိမ့်ခဲ့ရတာတွေကို လေ့လာကြည့်လိုက်မယ်ဆိုရင် အသင်းအားနည်းချက်ဆိုတာထက် ကံဖေးမမှု မရရှိတာကြောင့်ဆိုတာကို အမြဲလိုလိုပဲ မြင်တွေ့ရလေ့ရှိပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ကမ္ဘာ့ဖလားကို ဆွတ်ခူးဖို့အတွက် နယ်သာလန် ကံကောင်းနိုင်လေမလား။

ချန်ပီယံဖြစ်နိုင်ခြေအသင်းစာရင်းထဲမှာ အမြဲတမ်း နာမည်ထည့်ရေးပေးရတဲ့ အင်္ဂလန်

diz_admin

November 16, 2022

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၆) ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုရဲ့ချန်ပီယံလောင်းစာရင်းကို ပြုစုကြပြီဆိုရင် အမြဲတစေ နေရာတစ်ခု ပေးရလေ့ရှိတာက အင်္ဂလန် ပါပဲ။ စာရွက်ပေါ်က ကစားသမားနာမည်စာရင်းကို ကြည့်လိုက်ပြီးရင် ဒီလိုအသင်းမျိုး ချန်ပီယံ မဖြစ်လို့ ဘယ်အသင်း ချန်ပီယံဖြစ်မှာလဲလို့ ထင်ရလောက်တဲ့အထိ အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းက တောင့်တင်းခိုင်မာပါတယ်။ ဒါပေမဲ့ စက္ကူကျား လို့ ပြောရလောက်တဲ့အထိ စာရွက်ပေါ်က နာမည်ကြီးတွေ ခြေစွမ်းမပြနိုင်တာကြောင့် ပြိုင်ပွဲကနေ စောစောစီးစီး ပတ်စာခွာ ဖျာသိမ်းရလေ့ရှိတာဟာလည်း အင်္ဂလန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တာ၊ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တာ ဆိုတဲ့ အရှိန်တစ်ခုနဲ့တော့ အင်္ဂလန်ကို ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့ အသင်းစာရင်းထဲမှာ ထည့်ထားကြရဦးမှာပါပဲ။ နည်းပြ ဆောက်ဂိတ်နဲ့ သူ့တပည့် အင်အားစုဟာ ချန်ပီယံခရီးလမ်းကို ဘယ်လိုလျှောက်လှမ်းကြလေမလဲဆိုတာ […]