တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇွန်လ ၃၀ ရက်ကနေ ဇူလိုင်လ ၆ ရက်နေ့အထိ)
Dawei Watch
July 6, 2024တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါတနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲကြီးရဲ့ ကွာတားဖိုင်နယ်အဆင့် ဒုတိယမြောက်နေ့ကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီနေ့မှာတော့ အင်္ဂလန်နဲ့ ဆွစ်ဇာလန်၊ နယ်သာလန်နဲ့ တူရကီ တို့ ယှဉ်ပြိုင်ရမှာပါ။ နာမည်ကြီး အင်္ဂလန် ဟာ ဘယ်လိုအလွဲအချော်တွေ လုပ်ပြလေဦးမလဲ၊ ပရိသတ်တွေကို ဘယ်လို စိတ်နာကျင်စရာတွေ ပေးလေဦးမလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ အင်္ဂလန်နဲ့ ဆွစ်ဇာလန်တို့က မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး နယ်သာလန်နဲ့ တူရကီတို့ရဲ့ ပွဲစဉ်ကတော့ နောက်တစ်နေ့ကူးလို့ မနက် ၁ နာရီခွဲရောက်ချိန်မှာ အားပြိုင်ရမှာပါ။ ဘယ်အသင်းတွေက ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားလေမလဲ။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – သရက်ချောင်းက သံဃာတော်တွေ စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်ခဲ့ကြတဲ့အကြောင်း – ထားဝယ်မှာ အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းတွေ အလုပ်ပါးနေတဲ့ သတင်း – စစ်ကောင်စီတပ် ဖမ်းသွားသည့် ခေါင်ပြန်ရွာသား သုံးဦးရဲ့အလောင်းထပ်တွေ့တဲ့သတင်း – ကျိုက်မရော ပျားတောင်ဒေသခံထောင်ချီ ထပ်မံထွက်ပြေးနေရတဲ့အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မိုးရာသီ အတို့အမြုပ်စားစရာ ထွက်ရှာတဲ့ မိုးကြည်တို့ ကလေး တစ်သိုက်။ ဝုန်းဆိုပြီး အသံကြားလိုက်သည်။ သေချာပြီ မိုးကြည်တို့ စခန်းကို စစ်တပ်က ဝင်တိုက်လေပြီ။ ဖဆပလက ကွန်မြူနစ်ပါတီကို မတရားအသင်း ကြေညာလိုက်ချိန် တနင်္သာရီတိုင်းမှ ပါတီဝင်များလည်း တောခိုသွားကြသည်။ စစ်တပ်က အမျိုးသမီး စခန်းများဆီ ဦးတည်တိုက်ခိုက်လာချိန်၊ သရက်ချောင်း သံခွချောင်းဖျားက စခန်းကို ဝင်စီးသည်။ မိုးကြည် အမေပါအဝင် အမျိုးသမီးအဖွဲ့ဝင်များ မည်သို့ တုံ့ပြန်ကြမည်နည်း။ ဘာဖြစ်ကြမည်နည်း။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – သရက်ချောင်းက Non CDM ဆရာမ ငါးဦးကို ပကဖအဖွဲ့က ဖမ်းဆီးခဲ့တဲ့အကြောင်း – စစ်ကောင်စီကဖမ်းသွားတဲ့ ခေါင်းပြန်ရွာသားတစ်ဦး သေဆုံးလျက်ပြန်တွေ့ခဲ့တဲ့အခြေအနေ – ထားဝယ်မီတာခ ကြွေးကျန်တွေ နောက်ဆုတ်မပေးတော့ဘဲ မီးဖြတ်တော့မယ်လို့ ကုမ္ပဏီက ထုတ်ပြန်လိုက်တာ – မလေးရှားသွားမယ့် မြန်မာတွေ ထိုင်းတောင်ပိုင်းတစ်နေရာမှာ အဖမ်းခံလိုက်ရတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ထားဝယ်အထူးစီးပွားရေးဇုန်ဒေသက နှစ်ဖက်တိုက်ပွဲအတွင်း PDF ငါးဦးသေဆုံးသွားတဲ့ သတင်း – အရင်လက စစ်ကောင်စီတပ်ဖမ်းဆီးခဲ့တဲ့ ဖောင်းတောဒေသခံလေးဦးထဲက သုံးဦးပြန်လွတ်လာတဲ့အကြောင်း – တိုက်ပွဲမဖြစ်ဘဲ တနင်္သာရီနဲ့ကျွန်းစုက ရွာတွေကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ဗုံးကြဲတဲ့သတင်း – စစ်ကောင်စီက ဖိအားပေး အရေးယူတာတွေရှိလာလို့ ထိုင်းနိုင်ငံက ကွန်ဒိုဈေးကွက် ထိခိုက်တဲ့အကြောင်းအပါအဝင် – ဒီနေ့ ရွှေ ဈေးကွက်နဲ့ ဘတ်ဈေး အတက်အကျ အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၆၀၀၀ ကျော်ရှိပြီး ၅၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ဖမ်းခံထားရတဲ့ သူတွေထဲက ၆၀၀၀ ကျော်သာ လွတ်မြောက်လာသေးပြီး နှစ်သောင်းကျော်ကတော့ ဆက်လက်အကျဉ်းကျနေဆဲပါ။ လူ့အခွင့်အရေး ချိုးဖောက်မှု များစွာရှိနေတဲ့ စစ်ကောင်စီရဲ့ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲက ပြန်လွတ်လာသူတွေမှာလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေကြရပါတယ်။ သူတို့ဘယ်လိုတွေရင်ဆိုင် ဖြတ်ကျော်နေရတယ်ဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။