ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ဩဂုတ်လ ၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 7, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ထားဝယ် မောင်မယ်ရှောင်ရွာမှာ နေအိမ် ၁၆ ဆောင်ထက်မနည်း မီးရှို့ခံရတဲ့သတင်း – မြိတ်စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင် ကုမ္ပဏီအဆောက်အအုံတွေကို တော်လှန်ရေးပူးပေါင်းတပ်က မီးရှို့တဲ့အကြောင်း – ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်မှာ တော်လှန်ရေးအဖွဲ့ တွေ အားလုံးပါဝင်ကြဖို့ CRTH တိုက်တွန်းတဲ့ သတင်း – စစ်ရာဇဝတ်မှုကျူးလွန်နေတာကို တားဆီးပေးကြဖို့ တရုတ်နဲ့ နိုင်ငံတကာကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ တိုက်တွန်းတဲ့အကြောင်း – Move Forward ပါတီကို ဖျက်သိမ်းဖို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအမိန့်ချလိုက်တဲ့သတင်းအပါအဝင် – ရုတ်တရက်ခုန်တက်သွားတဲ့ ထိုင်းဘတ်ဈေးနဲ့ ရွှေဈေးကွက်အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၁၇)]

Dawei Watch

August 6, 2024

စစ်တပ်နှင့် တွေ့ချိန် ကိုယ်ဝန်ကြီးနှင့် မဟို။ အရေးပေါ် ခွဲစိတ် ကလေးမွေးခြင်းကို ကြည်ကြည် အသုံးချလိုက်သည်။ သို့သော်။ မိုးကြည်ကား နီနီရိန်ကို ခေါ်လျက် လွတ်ရာ ခေါင်းရှိရာသို့ ပြေးဆင်းသွားသည်။ ကျန်သူများကိုလား . . . ။

ဩဂုတ်လ ၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 6, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ပြည့်ဖြိုးထွန်းကုမ္ပဏီနဲ့ စိုက်ခင်းကို တော်လှန်ရေးတပ်တွေသိမ်းထားလို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အကြောင်း – ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့အခြေအနေ – ထားဝယ်က ကိုလိုနီခေတ်အဆောက်အဦတွေကို ပန်းချီနဲ့ မှတ်တမ်းတင်ထားတဲ့စာအုပ် ထွက်မယ့်အကြောင်း – ထားဝယ်မှာ မီးဖိုချောင်သုံးဂက်စ်ပြတ်လပ်နေတဲ့ အခြေအနေအပါအဝင် – ထိုင်းမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သားလေးရာလောက် ဘတ် ၁၈သန်းကျော် နစ်နာကြေးရတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

တရုတ်အိုလံပစ်ကစားသမားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရလေသလား?

Dawei Watch

August 6, 2024

စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခု ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ တရုတ်အိုလံပစ်ကစားသမားတွေဟာ စခန်းသွင်းလေ့ကျင့်ခံခဲ့ရစဉ်အခိုက်မှာ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရလေသလားဆိုတာပါပဲ။ အမျိုးသားနှစ်ယောက်တွဲ ဒိုင်ဗင်ပြိုင်ပွဲမှာ ရွှေဆုဆွတ်ခူးသွားတဲ့ တရုတ်ကစားသမားနှစ်ယောက်ကို ပြိုင်ဘက်ကစားသမားတွေက “ဘယ်လိုတွေ လေ့ကျင့်ခဲ့ကြရသလဲ”လို့ မေးခွန်းထုတ်လိုက်ချိန်မှာ ထင်မှတ်မထားတဲ့ အဖြေစကားကို တရုတ်ကစားသမား နှစ်ယောက်ဆီက ကြားသိလိုက်ရပါတယ်။ အဲ့ဒါကတော့ သူတို့ဟာ အိုလံပစ်အတွက် စခန်းသွင်းလေ့ကျင့်ခံရတဲ့အချိန်ကစလို့ မိသားစုနဲ့ မတွေ့ရတာ ၃ နှစ်တောင် ရှိသွားခဲ့ပြီဆိုတာပါပဲ။ အပြင်ထွက်လည်ခွင့် မရှိဘဲ တစ်နေ့ကို ၁၂ နာရီလေ့ကျင့်ရင်း ဘဝကိုဖြတ်သန်းနေခဲ့ရတယ်လို့ တရုတ်ကစားသမား နှစ်ယောက်က ပြောပြခဲ့ကြပါတယ်။ ဒီတော့ တရုတ်အိုလံပစ်ကစားသမားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရလေသလားလို့ မေးခွန်းမေးရဖို့ ရှိလာခဲ့ပါပြီ။

ဩဂုတ်လ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 5, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – စံချိန်တင်တက်ခဲ့တဲ့တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်အောက် ပြန်ကျသွားတဲ့အကြောင်း – ရဟန်းအသွင်ယူထားတဲ့ စစ်ကောင်စီတပ်သားကို တော်လှန်ရေးတပ် ဖမ်းဆီးခဲ့တဲ့အကြောင်း – ငါးရက်အကြာ ပျောက်နေတဲ့ လောင်းလုံးကအဘွားကို ကျန်းကျန်းမာမာပြန်တွေ့တဲ့သတင်း – လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားတဲ့အကြောင်း – လောင်းလုံးက သဘော့ဆိပ်ရွာမှာ အမျိုးသမီးကြီးတစ်ဦးကို PDF က ဝါးလုံးနဲ့ရိုက်ခဲ့တဲ့ အခြေအနေ အပါအဝင် – ကယန်းကျားသစ်မလေး ဗရော်နီကာ နိုင်ပွဲပြန်ရတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၁၆)]

Dawei Watch

August 4, 2024

တနင်္သာရီတိုင်းအတွင်းတွင်လည်း ကွန်မြူနစ်ပါတီစခန်းများကို အပြီးတိုင်ချေမှုန်းရန်အတွက် ဒုတိယအကြိမ် “ဖြတ်လေးဖြတ်” စစ်ဆင်ရေးကြီးစတင်လာခဲ့သည်။

မြန်မာ့ရေးရာ

Dawei Watch

August 4, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇူလိုင်လ ၂၈ ရက်နေ့ကနေ ဩဂုတ်လ ၃ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇူလိုင်လ ၂၈ ရက်ကနေ ဩဂုတ်လ ၃ ရက်နေ့အထိ)

Dawei Watch

August 3, 2024

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။