ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါ(စစ်အာဏာရှင် ဆန့်ကျင်ရေး ထားဝယ် သပိတ် ၂၃ ရက်မြောက်နေ့)
ဖေဖော်ဝါရီလ ၂၄ ရက်၊ ထားဝယ်မြို့မြင်ကွင်း
နိုင်ငံအဝှမ်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူတွေ သန်းချီရှိနေပါတယ်။ ဒီအထဲမှာ မိသားစုဝမ်းရေးအတွက် ရေသန့်ဗူးကောက်ရင်း ထားဝယ်သပိတ်စစ်ကြောင်းနောက်လိုက်ကာ ဆန္ဒပြ နေကြတဲ့ မိသားစုဝင်တွေရဲ့ ဘဝကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ သူတို့ ဘာကို လိုချင်နေကြလဲ၊ သူတို့ ဘာတွေကြွေးကြော်နေကြလဲဆိုတာကို ဒီဗီဒီယိုက ပြောပြပေးသွားမှာဖြစ်ပါတယ်။