လှလိုက်တာဗျ
diz_admin
January 17, 2021ဘာလိုလိုနဲ့ ကျွန်းစုမြို့နယ်မှာ ကျွန်တော် တာဝန်ကျနေတာ ဒီလတစ် ဆယ့်ငါးရက်နေ့ဆိုရင် တစ်ဆယ့်ငါးလ တိတိ ရှိသွားပါပြီ။ မြိတ်-ကျွန်းစု ပြေးဆွဲနေတဲ့ အမြန်ယာဉ်ကို စီးခဲ့ရတာကလည်း အကြိမ်ရေ မြောက်မြားစွာပေါ့။ ဒီလို အမြန်ယာဉ်စီးရင်းနဲ့ ရလာခဲ့တာတွေကလည်း မနည်းဘူးဗျ။ အတွေ့အကြုံသစ်တွေ၊ ဗဟုသုတတွေ၊ စက်ဆုပ်ရွံရှာဖွယ်တွေ၊ ချီးကျူးဖွယ်တွေ စသဖြင့်ပေါ့။ မြိတ်-ကျွန်းစု အမြန်ယာဉ်အကြောင်းပြောရင် ခရီးသည်တွေက မပါလို့ မဖြစ်သလို တစ်ဆယ့်နှစ်ရာသီ ပိတ်ရက်မဲ့ ပြေးလွှားလှုပ်ရှားနေတဲ့ ဈေးသည် တွေကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး။ သူတို့ဆီမှာ အလှကလေးတွေပါပါတယ်။ တိုင်းရင်းဆေးရောင်းတဲ့သူ၊ စာအုပ် ရောင်းတဲ့သူ၊ အသီးအနှံရောင်းတဲ့သူ၊ ထမင်းကြုတ် ဟင်းထုပ်ရောင်းတဲ့သူ၊ အအေးဘူးရောင်းတဲ့သူ အစရှိသဖြင့်ပေါ့။ ဝပ်ကျင်းသေးသေးလေးထဲမှာ အချင်းချင်း တိုးဝှေ့ကြရင်း ခေါက်တုံ့ခေါက်ပြန် အသံတစာစာနဲ့ ရုန်းကန်နေကြတဲ့ သူတို့ လေးတွေကို ကျွန်တော် […]


