ရီမုကွန်ထိုး အုပ်ချုပ်ရေး
Dawei Watch
January 17, 2026တီဗီရှေ့မှာ ထိုင်ရင်း မိမိလိုချင်တဲ့ ချန်နယ်ကို ခလုတ်နှိပ်ရွေးချယ်သလိုမျိုး တိုင်းပြည်ကို အဝေးကနေ အမိန့်ပေး ထိန်းချုပ်လို့ရမည်လို့ ယူဆနေကြသူများ ရှိပါသည်။ ယင်းကို ရီမုကွန်ထိုး အုပ်ချုပ်ရေး ဟု ခေါ်ဆိုနိုင်ပါသည်။ သို့သော် လက်တွေ့တွင် ပြည်သူဆိုသည်မှာ ခလုတ်နှိပ်ရာနောက် လိုက်ရမည့် စက်ရုပ်များမဟုတ်သကဲ့သို့၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုသည်မှာလည်း ဖန်သားပြင်ပေါ်က ဗီဒီယိုဂိမ်းတစ်ခု မဟုတ်ပါ။ ရီမုကွန်ထိုးတစ်ခု အလုပ်လုပ်နိုင်ရန်မှာ စက်နှင့် အနီးကပ်ရှိနေဖို့ လိုအပ်ပါသည်။ နံရံများခြားနေလျှင် သို့မဟုတ် အဝေးသို့ ရောက်ရှိနေလျှင် ခလုတ်ကို မည်မျှပင်နှိပ်စေကာမူ စက်က တုံ့ပြန်မည်မဟုတ်ပါ။ လက်ရှိ တော်လှန်ရေးကာလအတွင်း အဝေးရောက်အုပ်ချုပ်ရေးတို့ ပေါ်လာသည်။ အဝေးရောက်သင့်၊ အဝေးကနေ လုပ်သင့်သည့် အလုပ်များ လုပ်ပါက အထူးပြောမလိုပါ။ သို့သော် မြေပြင်ဖုန်တောထဲတွင် စစ်ဘေးနှင့် ဒုက္ခပေါင်းစုံ ရင်ဆိုင်နေရသော […]


