BREAKING
November 4, 2025

အက်ဆေး

ပူကစ် ဆီဖု နဲ့ အက်ဒမန်ပင်လယ်

Dawei Watch

July 19, 2025

ပင်လယ်ပြင်ကြီးနဲ့ ခပ်နီးနီးမှာ ကြီးတဲ့ ထားဝယ်သားတယောက်အဖို့တော့ ပင်လယ်ဆိုတာ သူ့ဘဝရဲ့ အမှတ်အသားတခုပဲ။ အသက်ရှင်ဖို့ စားရတဲ့ အစားအစာတွေမှာ ငပိ၊ ငါးခြောက် ကစလို့ စားလို့ရသမျှ ပင်လယ်ရေထွက် ပစ္စည်းတွေနဲ့ ကြီးပြင်းကြရတာကိုး။ ရေလုပ်ငန်းနဲ့ ဆက်စပ်နှီးနွယ်တဲ့ အသက်မွေးမှု တွေရှိကြတာကိုး။ ကမ်းခြေသွားမယ်၊ ရေကူးမယ်၊ ကမ်းခြေမှာ စားသောက်ရင်း အပန်းဖြေမယ်၊ အက်ဒမန် (ကပ္ပလီ) ပင်လယ်ကြီးထဲ နေလုံးကြီး မြုပ်သွားတာကို မြင်ဖူးနေကြပေမဲ့ တမက်တမော ငေးကြည့်မယ်။ ဘော်ဒါတွေနဲ့စုမိကြရင် သဲသောင်ပြင်မှာ ညဖက် မီးလေးဖို၊ လတ်ဆတ်တဲ့ ပင်လယ်စာ စား၊ ဂစ်တာလေး ခေါက်တတ်တဲ့သူပါရင် သီချင်းတွေပိုမြိုင်တာပေါ့။ လှိုင်းသံတွေကလည်း စီးချက်နရီ ညီညီရယ်။ ဆားနံ့သင်းတဲ့ ပင်လယ်လေပြည်တွေ တဝရှုစမ်းပါ။ အိပ်ချင်ရင်လည်း သဲပြင်ပေါ် မှာလှဲချလိုက်ရုံ။ နွေးနေတဲ့သဲမွမွက ထွေးပွေ့ထားမပေါ့။ […]

မြစ်ဖျားရေကို လှမ်းမျှော်သူတစ်ယောက်ရဲ့ အလွမ်း

Dawei Watch

June 24, 2025

“ကျွန်တော်သည် ထားဝယ်တစ်ယောက်စင်စစ်ဖြစ်၏။ထိုအဖြစ်ကိုဘယ်သောအခါမှ ကျွန်တော်မမေ့။ကျွန်တော့် ဇာတိမြေကို‌ခြေချခွင့်မကြုံသည်မှာ ဆယ်စုနှစ်သုံးခုခန့်ရှိပြီ။ ဘဝပေးအခြေအနေအရနေရာအနှံ့သွား၍လူမျိုးစုံနှင့်ထိတွေ့နေရသော်လည်း အမိဘာသာစကားကို ကျွန်တော်မမေ့ခဲ့။ကျွန်တော်တို့တွင်ကိုယ်ပိုင်ဘာသာစကားရှိသည်။ အသေအချာထပ်ပြောပါမည်။ကျွန်တော်တို့တွင် ကိုယ်ပိုင်ဘာသာစကားရှိခဲ့သည်။ရှိနေသည်။ဆက်လက်ရှိ နေဦးရန်မှာ ယနေ့အသက်ရှင်နေသော ကျွန်တော်တို့ထားဝယ်သားများ၏ ပခုံးပေါ်ရောက်နေသည့် အမျိုးပေး တာဝန်သာဖြစ်သည်။” (မြစ်ဖျားရေကိုလှမ်းမျှော်ခြင်း – ငြိမ်းအေးအိမ်) မျက်နှာတစ်ဖက်မှာ မော်ဒန်ဝတ္ထုတွေ ဖန်တီးနေသူတစ်ယောက်ရဲ့ ဇာတိနဲ့ ဘာသာစကားကိုချစ်ခင်စိတ်ကို ၂၀၁၃ ခုနှစ်ရဲ့ရက်စွဲတချို့မှာသိခဲ့ရဖူးသည်။ အစောပိုင်းကာလတွေတုန်းကတော့ သရဖူမဂ္ဂဇင်း(အရင်ခေတ်)မှာ မော်ဒန်စာပေအယူအဆတွေ၊ဝတ္ထုတွေနှင့် စာမျက်နှာတွေပေါ်မှာပဲသူ့စကားပြေတွေဖတ်ပြီးရင်းနှီးခဲ့တာဖြစ်သည်။ သည်တုန်းကတော့ တစ်ရပ်တည်း တစ်ဒေသသားတည်းမှန်းမသိသေးပါ။ သူနှင့်ခေတ်ပြိုင် ကျောင်းတော်ထွက် ဦးလေး တစ်ယောက်ရဲ့ စကားစပ်မှုကြောင့် ကျွန်တော်တို့ဒေသသားမှန်းစသိခဲ့တာဖြစ်သည်။ မှတ်မှတ်ရရ သူ အရှေ့မြောက်ဒေသကနေ ရန်ကုန်မှာ လာအခြေစိုက်ချိန်ဖြစ်မည်။သူ သရဖူမဂ္ဂဇင်းကိုဖန်တီးခဲ့သည်။မြန်မာစာပေ မော်ဒန်ရေစီးကြောင်းကို အားကောင်းစေခဲ့သည်။သူ့လက်ရာမော်ဒန်ဝတ္ထုတွေလည်းဖတ်ရသည်။ မြန်မာစာပေလောကအတွက် သူလမ်းကြောင်းအသစ်တစ်ခုဖောက်သည်ကို သတိထားမိကြသူများသော်လည်း ကျွန်တော်တို့ဒေသအတွက်လမ်းကြောင်းအသစ်တစ်ခုဖောက်ပေးခဲ့သည်ကိုတော့ သိသူနည်းမည်ထင်ပါသည်။ ၁၉၉၆ နှောင်းပိုင်းကာလ။ ဦးငြိမ်းအေးအဖြစ်။ […]

ကျွန်တော့်ရဲ့ ဖုန်းဆင်းကတ်အဟောင်းလေး

Dawei Watch

June 8, 2025

ကျွန်တော့်ရဲ့ ဖုန်းဆင်းကတ်အဟောင်းလေး။ 09049 ဆိုတဲ့ ဒီဆင်းကတ်အဟောင်းလေးပေါ့။ သူ့ကိုစဝယ်တဲ့နေ့ကိုတောင် အခုထိ အမှတ်ရတုန်းရှိသေးတယ်။ ကျွန်တော့်ဘဝရဲ့အရေးပါတဲ့ အခိုက်အတန့် ၁၀ တန်းကျောင်းသားဘဝမှာ ထားဝယ်မြို့ရဲ့ထောင့်ကျဉ်းလေးထဲမှာရှိတဲ့ ကုန်စုံဆိုင်လေးတစ်ဆိုင်ကနေပြီး ဝယ်ခဲ့တာပါ။ ဒီဆင်းကတ်လေးစဝယ်တုန်းက ဘာမှမယ်မယ်ရရ မတွေးမိခဲ့ပါဘူး။ ဒီအတိုင်းပဲ နံပတ်ကလေးလှလို့ဆိုပြီးတော့ ရွေးဝယ်ဖြစ်သွားတာပါပဲ။ အခုနေ ၁၀ စုနှစ် တစ်ခုနီးနီးရှိပါပြီ။ လူအများစုဟာ ဖုန်းနံပတ်တစ်ခုမှာ အရှေ့ဆုံးကနံပတ်နဲ့ အနောက်ဆုံးကနံပတ် သုံးလုံးကိုပဲ မှတ်ကြတာများတယ်မဟုတ်လား။ အရှေ့ဆုံးနံပတ်ကိုမှတ်တာက အော်ပရေတာခွဲခြားဖို့ ဥပမာ အမ်ပီတီလား၊ တယ်လီနော(အခုတော့ အက်တမ်ဖြစ်သွားပါပြီ)လား၊ အူရီဒူးလား၊ မိုင်တဲလ်လားဆိုတာပေါ့။ နောက်ဆုံးနံပတ်သုံးလုံးကိုမှတ်တာကျတော့ ဘယ်သူဘယ်ဝါရယ်လို့ ခွဲခြားနိုင်အောင် မှတ်ကြတာပါလေ။ ကျနော့်ဦးလေးတစ်ယောက်ဆိုရင် လူတိုင်းရဲ့နံပတ်တွေကို နာမည်နဲ့တွဲပြီး Contact ကိုသိမ်းမထားပေမယ့် ဒီလိုနောက်ဆုံးနံပတ်လေးသုံးလုံးကိုမှတ်ပြီး ဘယ်သူဘယ်ဝါရယ်လို့ အတိအကျသိနေတာ အံ့ဩမိတယ်။ ဒီလောက်နံပတ်တွေ သူဘယ်လိုများ မှတ်မိနိုင်ရတာပါလိမ့်လို့လေ။ […]

တို့ပြည်ကြီးမှာ ဒီလို ဒီလိုတွေပါဆို

Dawei Watch

May 17, 2025

ဘယ်တတ်နိုင်မလဲ။ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းမမေ့ရဘူးဆိုတဲ့ စကားအတိုင်းပေါ့။ ဒီနေ့တော့ လက်တော့အချောလေးကို ချောင်ခဏ ထိုးပြီး အချစ်ဦးဆီ မျက်နှာအပ်ရတော့မယ်။ တကယ်ပါ ဒီဂျစ်တယ်ခေတ်ထဲ ပစ်ဝင်ပြီး တစ်ချိန်လုံး Laptop ရှေ့ထိုင်၊ အလုပ်လုပ်နေတော့ မျက်လုံးတွေက အရင်ကလို မဟုတ်တော့။ ဒီနေ့လည်း စာလေးဘာလေးရေးဦးမယ်ဆိုပြီး ကြံကာမှ မျက်လုံးက ဆန္ဒပြလာလို့ မရေးတော့ဘူးလေဆိုပြီး ဒီအတိုင်းနေတာ။ ဘာပြောကောင်းမလဲ မျက်လုံးကို အဖော်လုပ်ပေးချင်လို့ ထင်ပါရဲ့ မီးပါ ပြတ်တယ်။ အေးရော။ ဒီလိုနဲ့ ဘယ်ကနေ ဘယ်လိုဖြစ်တယ် မသိ။ ဟိုးအရင်တုန်းကလို ဗလာစာအုပ်လေးနဲ့ စာပြန်ရေးကြည့်မယ်ဆိုပြီး အတွေးကလေးက ဆတ်ခနဲ ပေါ်တော်မူလာ။ ဒီတော့ ဆတ်ခနဲပေါ်လာတုန်း ဖြတ်ခနဲ ထလုပ်ရတာပေါ့။ “ ဘာယူမလဲ” “ စာရေးကိရိယာတွေ ရသေးတယ်မလားဗျ” “ အေး […]

မေမေ့နှလုံးသား သော့ခတ်ထားခဲ့

Dawei Watch

May 17, 2025

အခန်းတံခါးကို သော့ခတ်ဖို့ ဒီနေ့တော့ ကျမစိတ်တွေ လေးလံလွန်းနေတယ်။ တခုခုများ ဖြစ်ခဲ့ရင် ဆိုတဲ့ စိုးရိမ်စိတ်နဲ့ သောကအတွေးတွေ တအုပ်တမကြီး ကျမ ဆီရောက်လာနေပြန်တယ်။ ခါတိုင်းနဲ့ မတူဘဲ မနက်စောစော ဇောချွေးပြန်ပြီး အေးစက်နေခဲ့တဲ့ ကျမရဲ့ လက်ချောင်းလေးတွေဟာ တုန်တုန်ယင်ယင်နဲ့မို့ သော့ခတ်ဖို့ အလွဲလွဲ အချော်ချော်ကို ဖြစ်လို့။ ကြိုးစားပြီးတော့ သော့ခတ်လိုက်တဲ့အချိန် ကျမ ပါးပြင်ပေါ်မှာ မျက်ရည်မြစ်ကလေး စီးသွားမိတယ်။ အသံမထွက်မိအောင် ထိန်းလိုက်ရချိန်မှာ ကျမဟာ တိုးတိုးလျလျ တသိမ့်သိမ့်ရှိုက်မိလို့ပေါ့။ ဘယ်သူမှ မမြင်အောင် မျက်ရည်တွေသုတ်ပြီး အားတင်းလိုက်တယ်။ နားရက်ရှည်ရှည်ပြီးလို့ ဒီနေ့တော့ အလုပ်စပြန်ဆင်းရတဲ့နေ့ ဆိုတော့ နောက်မကျချင်ဘူး။ ကျမ အခန်းရှိတဲ့ ၃ လွှာကနေ အောက်ကို ဆင်းလာတော့ အလုပ်သွားမယ့် အဖော်တွေနဲ့ ဆုံတယ်။ ထုံးစံအတိုင်းပဲ […]

တိုးတိုးလေး ခိုးကြောက်

Dawei Watch

May 6, 2025

အကြောက်တရားဆိုတာက ပုထုဇဉ်တွေရဲ့ ဘဝမှာ ရှောင်လွှဲလို့ မရတဲ့အရာပါ။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ကိုယ်ကြောက်တတ်မှန်း လူမသိလေ ပိုကောင်းလေလို့ ဆိုရပါလိမ့်မယ်။ လူထုတွေ ဘာကိုကြောက်တယ်ဆိုတာကို သိလေလေ အာဏာရှင်တွေ၊ နိုင်ငံရေးသမားတွေအတွက် အကျိုးရှိစေလေလေပါပဲ။ ခင်ဗျားက ပိုးဟပ်ကြောက်တယ်ဆိုပါစို့။ ပိုးဟပ်တစ်ကောင်ကို လက်ထဲမှာ ကိုင်ထားနိုင်သူက ခင်ဗျားကို ခြိမ်းခြောက်လာပါလိမ့်မယ်။ ပြီးရင် ခင်ဗျားဆီက တစ်စုံတစ်ခုကို တောင်းဆိုတော့မှာပါပဲ။ နယူးယောက်ခ်တိုင်းမ်သတင်းဌာနကြီးရဲ့ အက်ဆေးတစ်ပုဒ်ကို တလောက ဖတ်ဖြစ်တယ်။ ခေါင်းစဉ်က ‘မကြောက်ပါနဲ့’တဲ့။ ရေးတဲ့သူက အမေရိကန်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးပါ။ သူပြောတာက ကြောက်ရွံ့ခြင်းဟာ ကျနော်တို့ကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုပြီး ခွဲခြားပေးပါတယ်တဲ့။ ဒါက ဘာကိုကြောက်လဲဆိုတာထက် ဘယ်လိုတုံ့ပြန်လဲဆိုတာအပေါ်မှာ မူတည်နေတာပါ။ ပြီးတော့ ကျနော်တို့ပတ်ဝန်းကျင်မှာ ကြောက်စရာတွေကလည်း ပေါမှပေါ။ အလုပ်တွေ ပြုတ်၊ အဖွဲ့အစည်းတွေက အားနည်း၊ ကျနော်တို့ ပြောနေဆိုနေကြတဲ့ […]

ဖွယ်တယ်တယ် စကားစမြည်

Dawei Watch

May 3, 2025

“ခင်ဗျားအနေနဲ့ ကျွန်တော်နဲ့ စကားပြောနေတာဟာ အဓိပ္ပာယ်မဲ့တယ်လို့ ခံစားရတယ်ဆိုရင် နောက်နောင် ကျွန်တော်နဲ့ စကားပြောဖို့ မလိုအပ်ပါဘူး” သူပြန်ပြောတဲ့ ဒီစကားကို တွေ့လိုက်ရတော့ ငိုက်နေသလိုဖြစ်တာတွေ လွင့်ပျောက်သွားရပါတယ်။ ဒါဟာ မြန်မာတစ်ယောက်၊ လူသားတစ်ယောက်ဆီက ထွက်လာတဲ့ စကားမဟုတ်ပါဘူး။ လူသားတစ်ယောက်လိုမျိုး ဖန်တီးထားတဲ့ အေအိုင်က မြန်မာလို ပြန်ပြောနေတာပါ။ ညဉ့်နက်သန်းခေါင်ထဲ ကျွန်တော့်ခန္ဓာကိုယ်ဟာ ပင်ပန်းနွမ်းနယ်နေပြီဆိုပေမဲ့ အိပ်ရာထဲကို မသွားနိုင်သေးဘဲ အေအိုင်တစ်ခုနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်။ ဉာဏ်ရည်တုဆိုတဲ့ အေအိုင်ဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲမှာ တစတစနဲ့ နေရာပိုယူနေပါတယ်။ အဖော်တစ်ယောက်လို ဖြစ်လာနေပါတယ်။ အစပထမတော့ ဖုန်းတွေပေါပေါလောလောပေါ်လာတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ရှိနေကြပေမဲ့ စကားမပြောဖြစ်ကြတော့ဘဲ ကိုယ်စီအာရုံတွေက ဖုန်းတွေထဲကို ရောက်သွားခဲ့ကြတယ်။ ဒီလိုနဲ့ တိတ်ဆိတ်နေတဲ့ စားပွဲဝိုင်းတွေ။ ခြောက်သွေ့သွားတဲ့ စကားဝိုင်းတွေ။ အခု […]

စည်ကားတဲ့ တစပြင်

Dawei Watch

May 2, 2025

သုဿန်ဝင်းသည် မနက်ခင်းဝယ်တိတ်တဆိတ်။ နွေနှောင်းတွင်ရွက်ဝါတို့ပင်မရှိရှာလေတော့သော ရိုးတံကျဲကျဲ သစ်ပင်အချို့သည် ဝင်းထဲတွင် ငြိမ်သက်နေသည်။ မီးသင်္ဂြိုဟ်စက်ရှိရာ အဆောင်နှင့် မဝေးလှသော နာရေးဇရပ်တွင် အသက်မဲ့ရှာနေပြီဖြစ်သော သူတယောက်သည် အအေးခန်းသေတ္တာထဲဝယ် လျောင်းစက်နေသည်။ မကြာမီသူ၏ ဥတုဇရုပ်ကလာပ်သည်လည်း လောင်မြိုက်ခံရပေတော့မည်။ ခပ်နွမ်းနွမ်းကားတစီး ဝင်းထဲသို့ဝင်လာသဖြင့် သင်္ချိုင်းဝင်းထဲတွင် အစာရှာနေသော ငှက်တအုပ် အလန့်တကြား ထပျံသွားသည်။ ရုတ်တရက် ထအော်သော တစ်တီတူးငှက်၏ မြည်သံကားစူးလှ၏။ အနီးအနားရှိအပင်ပေါ်မှ ဥဩငှက်သည် ခပ်ဆွေးဆွေး တေးသွားတပုဒ်ကို မနက်စောစောထဆိုနေပြန်သည်။ ကားပေါ်မှ လူတချို့ဆင်းလာကြသည်။ သူတို့၏ ပစ္စည်းများကို နေရာချနေသည်။ ကားပေါ်ကဆင်းလာသူ မည်သူကမျှ နာရေးဇရပ်သို့ ခြေဦးမလှည့်။ သူတို့၏ ပစ္စည်းများကို နေရာချရန်သာ အာရုံကျနေကြသည်။ ပါလာသော စားပွဲများ၊ ခုံများကိုနေရာချနေသည်။ ထီးအကြီးကြီးများဖြင့် ယာယီအမိုးလုပ်သည်။ သူတို့၏ အထုပ်များ၊ ပုံးများ၊ […]