ဟိုဘက်ကမ်းက မီးထိန်ထိန်
Dawei Watch
November 3, 2025တန်ဆောင်မုန်းလဆန်း၏ ဆောင်းဦးကာလ ဖြစ်သော်လည်း၊ ကောင်းကင်းယံက တိမ်စိုင်မည်းညစ်ညစ်တို့က မကင်းစင်သေး။ ခါလွန်မိုးစက်တို့ တဖွဲဖွဲကျနေချိန်မှာပင် ခပ်ဝေးဝေး ထားဝယ်မြို့လယ်ဆီမှ ခမ်းနားထည်ဝါစွာ တန်ဆာဆင်ထားသည့် ဖျော်ဖြေရေးပွဲတော်မှ အသံများက ပျံ့လွင့်လာသည်။ ရောင်စုံလျှပ်စစ်မီးများ ထိန်ထိန်လင်းနေသော ကမ်းနားလမ်း၊ မြို့လယ်ခေါင် ရွှေတောင်စားစေတီသွား လမ်းမကြီးများပေါ်တွင် ပရိသတ်တို့ တိုးမပေါက်အောင် စည်ကားလျက်၊ မီးပုံးပျံတစ်ထောင် လွှတ်တင်မည်ဆိုပြီးလည်း ကြေညာထားသေးသည်။ “ခါတိုင်းနှစ်တွေနဲ့ လုံးဝမတူ၊ ဒီနှစ် လမ်းပိတ်တဲ့အထိ စည်ကားတယ်” ဟု လက်ကိုင်ဖုန်းထဲမှတစ်ဆင့် ကြားလိုက်ရသည့် မြို့ခံမိတ်ဆွေ၏ ဖောက်သည်ချစကားသံက မိမိရင်ဝသို့ အမျိုးအမည်မသိသော ဝေဒနာတစ်ခုကို ရိုက်ခတ်သွားစေသည်။ ထိုဝေဒနာမှာ ခါးသီးသော မတရားမှုများကို မြင်တွေ့နေရခြင်းကြောင့် နာကျင်ခြင်း ဖြစ်တန်ရာသည်။ ၂၀၁၉ ကိုဗစ်ကာလနှင့် ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း သုံးနှစ်တိတိ ပျောက်ဆုံးခဲ့သော ညဘက်တန်ဆောင်တိုင်ပွဲတော် […]

                    
                    
                    
                    
                    
                    
                    
                    
