ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အက်ဆေး

မနက်စာ ပြုံးပြုံးကလေး

Dawei Watch

April 5, 2026

အတွေးအမြင်ဆောင်းပါးလေးတစ်ပုဒ် ဖတ်ကြည့်ဖြစ်တယ်။ စာရေးသူက မီးခိုးမြူ ။ ဆောင်းပါးနာမည်က “ ဟာသဓါတ် မချို့ယွင်းပါစေနဲ့”တဲ့။

အဆီအငေါ်မတည့်ကြလေသောအခါ

Dawei Watch

April 1, 2026

စွမ်းအားပြင်းထန်တဲ့ လှုပ်ခတ်ခြင်းတွေဆိုတာ ဆိတ်ညံခြင်းများဆီ ကနေပဲထွက် ပေါ်လာလေ့ရှိပါတယ်။ နေ့ခင်းကြောင်တောင် ပူလောင်မှုဟာ ညမှောင်မှောင် ခြောက်ကပ်မှုထက် စိတ်ပျက်ညည်းငွေ့ဖွယ်ပါပဲ။ ဆည်းဆာကို အမြည်းမပါဘဲ မြိုချ၊ ချိုမြခဲ့ရတဲ့ ကာလ တွေလည်းကြာလှပါပြီ။‌ နွေရာသီဟာ ပူတာထက် မအေးတာကပိုဆိုးတယ်။ လူတွေကကော သဘာဝနဲ့ သဟဇာတဖြစ်ကြလို့လား။ အဆီအငေါ်တွေ တည့်မနေကြဘူးလေ၊ ရာသီဥတုနဲ့။ သစ်ပင်ပန်းမန် ကျေးငှက်သာရကာတွေလည်း ရာသီစက်ဝန်းနဲ့ ကပြောင်းကပြန်တွေဖြစ်ကြလို့။ အဆီအငေါ်မတည့်ကြပုံများ ဆောင်းကာလ အလယ်လောက်မှာ ကတည်းက ဥသြက ထ ထ တွန်နေပြီ။ ‌ နွေဦးစီချဥ်းနင်းလာပြီဖြစ်တဲ့ မနက်ခင်းတချို့ကျပြန် တော့ တကူကူ ကူး ကူး ချိုးငှက်သံသာ မြူးပြန်ရော။ ပိတောက်တွေ သစ္စာဖောက်နေတာသင်္ကြန်ကာလတွေမှာ သိသာတယ်။ မပွင့်ကြဘူး။ မိုးဦးလေဦးကျမှ တစ်လမ်းလုံး ဝါထိန်အောင် ပွင့်ကြ ကြွေကျနေကြတာ။ […]

တွယ်တာခြင်းရဲ့သဘော အားကိုးခြင်းမနော

Dawei Watch

March 21, 2026

သို့/ ချစ်ရတဲ့သူရေ ဒီနေ့မနက် နေသာတယ်။ ချစ်ချစ်တောက်ပူပြီး ချွေးဖြိုင်ဖြိုင်ကျလောက်အောင် ပူပြင်းလွန်းတဲ့ နေ့ခင်းမျိုးပါပဲ။ မနက်ခင်းတုန်းက မီးတောက်တစ်ခုလို ပြင်းရှပူလောင်လွန်းလှတဲ့အပူဒဏ်က အနောက်မြောက်ရပ်ဆီကခရီးဆန့်လာတဲ့ မုတ်သုံတိမ်တိုက်တွေကြားမှာ တိုးလျှိုးကွယ်ပျောက်သွားပြီး ညနေခင်းရောက်တော့ ဆောင်းလလယ်မိုးကလေးရွာတယ်။ ဖြိုးဖြိုးဖြောက်ဖြောက်မဟုတ်ဘဲ အညှိုးနဲ့ဆင်သလို သည်းကြီးမည်းကြီးရွာသွန်းသောမိုးမျိုး။ ဆီးနှင်းတစ်ပြိုက် မိုးတလိုက်၊ မိုးသားမငြိမ် ဆင်ရာတိမ်ဆိုတဲ့ တန်ဆောင်မုန်း-နတ်တော်လ ရာသီမိုးကိုး။ ညရောက်ပြန်တော့ မိုးငွေ့တွေဝေ့ဝေ့စင်ပြီး လေနုအေးလေးတွေတိုက်ခတ်လို့၊ မြူခိုးတွေက အုံ့မှိုင်းလို့ပေါ့။ မှိန်ပြပြလင်းစွမ်းလျက်ရှိတဲ့ သော်တာဝန်းရှေ့ဖြတ်ပြီး တိမ်ရထားတို့က ရံဖန်ရံခါခုတ်မောင်း ခရီးဆန့်နေကြတာ တွေ့ရတယ်။ အဲဒီလရောင်အောက် စစ်ရှောင်တဲလေးတစ်ခုမှာ အစ်ကိုတို့လူစု ဝိုင်းဖွဲ့ထိုင်နေကြရင်း အာလ္လာပ သလ္လာပရောက်တတ်ရာရာ စကားစမြည်ပြောဖြစ်ကြတယ်။ အညှိုးနဲ့ဆင်တဲ့မိုးအပြီးညခင်းရဲ့ အေးမြတဲ့လေညှင်းတွေကြားမှာ စကားဝိုင်းက တစ်ခါတလေ ရယ်သံမောသံနည်းနည်းစွက်ပြီး တစ်ခါတရံမှာတော့ စကားဝိုင်းတစ်ခုလုံးငြိမ်လျက်သားကျလို့ ကိုယ်စီကိုယ်စီက တွေးမိတွေးရာအတွေးနက်နက်တွေကြားကို လှမ်းတိုးဝင်သွားတတ်တာကို သတိထားမိတယ်။ ဒီလိုငြိမ်လျက်သားကျနေတဲ့စကားဝိုင်းကို […]

သုံးရာသီဥဩ

Dawei Watch

March 7, 2026

“ ဥဩ…ဥဩ…” “ ဝေး……” နွေဟာ နွေပီပီသသပါပဲ။ အလည်တစ်ခေါက် ထပ်ရောက်လာပြန်တယ်။ နဂိုကတည်းက အပူတွေကိုယ်ဝန်ဆောင်ထားလို့ဖြစ်မယ် ဒီနှစ်လည်း ဘယ်လူတစ်ဦးတစ်ယောက်ရဲ့ အပူကိုမှ မငဲ့ကွက်ဘဲ အပြုံးမပျက် ဆက်ဆက်ရှိနေပြန်တယ်။ သူ့အဖော် သူ့အပေါင်း ဖုန်မှုန့်သင်းသင်းတွေ၊ ရော်ရွက်ဝါတွေ၊ ဥဩသံတွေ ခြံရံလျက်။ “ ဥဩ…ဥဩ…” “ ဝေး……” ဥဩသံလေးတွေဟာ ပေါ်ချည်ပျောက်ချည်နဲ့ နွေရဲ့ နာကျင်မှုကို ကူပြီး တူးဆွပေးနေရှာတယ်။ ဘယ်သူကများ တာဝန်ပေးထားပါလိမ့်။ “ ဥဩက ဘယ်နားကနေ အော်နေတာလဲ” “ ဟိုး… အုန်းပင်ထက်မှာတွေ့လား၊ အဖြူရောင်အစက်လေးတွေနဲ့ ငှက်၊ အဲဒါ ဥဩပဲ” စက္ကူပါးဟောင်းတစ်ချပ်နှယ် ပါးလှပ်လျော့တွဲတွဲ အရေပြားတွေအုပ်မိုးထားတဲ့ ဘွားကြင်အိုရဲ့ လက်ညိုးညွှန်ရာကို ကျွန်တော်လှမ်းကြည့်လိုက်တော့ အုန်းခက်ဖျားအစွန်းမှာ တစ်ကောင်တည်းနားပြီး တစာစာနဲ့ အော်နေတဲ့ […]

မှတ်ဉာဏ်နဲ့ ဒဏ်ရာ

Dawei Watch

February 21, 2026

မှတ်ဉာဏ်က ဒဏ်ရာကိုပြောတယ်၊ အဲဒါမင်းရဲ့ကံကြမ္မာပဲ။ ဒဏ်ရာကပြန်ပြောတယ်။ အဖန်တစ်ရာဆိုလည်း လက်မခံဘူး မှတ်ဥာဏ်ရေ။ ကိုယ့်မှာ ဒဏ်ရာကော မှတ်ဉာဏ်ပါသေချာ ပေါက်ရှိပါတယ်။ မှတ်ဉာဏ်အချို့ကို လက်မခံချင်ဘူး။ ပါမန်းနန့်ဒလိထ် လုပ်ပစ်ချင်တာ။ လုံးလုံးဝဝ ကို ဖျက်ပစ်လိုက်ချင်တာ။ ဒဏ်ရာအချို့အခင်းအကျင်းဟာ ကံကြမ္မာချို့ယွင်း ဟင်းလင်းမှုကြောင့်ဆိုတာကိုလည်း တစ်စိပ်တစ်ပိုင်းပဲ ခံယူရှုမြင်နိုင်တယ်။ ကံ ဆိုတာ အလုပ်လို့ သတ်မှတ်ကြတယ် ဆိုရင်ပေါ့။ မှတ်ဉာဏ်နဲ့ဒဏ်ရာဆိုတာ လက်ခံတဲ့ ကံကြမ္မာလိုပါပဲ။ မှတ်ဉာဏ်ဆိုတာ မှတ်သား။ မှတ်မိနေတာ။ ရွှံ့ပျော့ပျော့မှာ ကျွံဝင်စူးနစ်သွားတဲ့အရာ၊ တချို့ဆို သေရာပါလို့။ ကလေးငယ်တစ်ယောက်ရဲ့ ရင်ဘတ်နုနုလေးဟာ ဖယောင်းရည်ပူမှာ သွန်းလောင်း ပုံထွင်းခံခဲ့ရသလိုမျိုး။ အဆိုးချည်းပဲ လည်းမဟုတ်ပြန်ဘူး။ ကောင်းတဲ့အမှတ်တရ တွေလည်းရှိတယ်။ ခြံဝန်းဂိတ်တံခါးစီကနေ အိမ်ရှေ့အထိ မောင်းဝင်လာတဲ့လင်န်းရိုဗာ အင်ဂျင်စက်သံ တဗျဲဗျဲကြားလိုက်ရတယ်။ အဖေပြန်လာပြီ။ အိမ် ဧည့်ခန်းတံခါးဆီ […]

အပြုံးမဲ့ မင်္ဂလာဆောင်

Dawei Watch

February 17, 2026

မင်္ဂလာဆောင်ရာသီ ရောက်လာပြီဆိုတော့ ပတ်ဝန်းကျင်မှာ ပြုံးပျော်နေကြတာ မြင်ရလို့ စိတ်ချမ်းသာစရာပါပဲ။ ဒါပေမဲ့ အဲဒီအပြုံးတွေရဲ့ နောက်ကွယ်မှာ အကြွေးစာရင်းတွေ ရှိနေတယ်ဆိုတာကိုတော့ ကာယကံရှင်ဖြစ်တဲ့ သတို့သားနဲ့ သတို့သမီးပဲ သိကြမှာပါ။ မင်္ဂလာဆောင်ပြီးရင် ဟန်းနီးမွန်းခရီးထွက်ရမှာလား မသေချာပေမယ့် အများစုကတော့ အကြွေးယူထားတဲ့ မင်္ဂလာဆောင်စရိတ်ဆပ်ဖို့ အပေါင်ဆိုင်ကို မျက်စောင်းထိုးနေကြရပါပြီ။ မင်္ဂလာဧည့်ခံပွဲပြီးလို့ ဧည့်သည်တွေလည်းပြန်၊ လက်ဖွဲ့ငွေတွေလည်း ရေတွက်ပြီးတဲ့အချိန်မှာ စုံတွဲသစ်လေးများ မျက်နှာမကောင်းနိုင်ကြတော့ပါဘူး။ ဘာလို့လဲဆိုတော့ လက်ဖွဲ့ငွေနဲ့ ကုန်ကျစရိတ်ကို တွက်ကြည့်လိုက်ရင် အနုတ်ပြနေလို့ပါ။ အာဏာမသိမ်းခင်ကတော့ မင်္ဂလာဆောင်စရိတ်တွေ နုတ်ပြီးတာတောင် လက်ဖွဲ့ငွေတွေ ကိုယ့်အိတ်ကပ်ထဲ ကျန်ရစ်သေးတော့ အိမ်ထောင်သစ်ကို ပြုံးပြုံးလေး စတင်နိုင်ကြတယ်။ အခုခေတ်မှာတော့ အဲဒီလို မျှော်လင့်လို့ မရတော့ပါဘူး။ လက်ရှိအချိန်မှာ မင်္ဂလာဆောင်မယ်ဆိုရင် ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့ လက်ဖွဲ့ငွေက ဘယ်လိုမှ မကာမိတော့တာကြောင့် သတို့သားနဲ့ […]

လွမ်းလို့ရေးတဲ့ စာ

Dawei Watch

February 10, 2026

ဖုန်းစခရင်ရဲ့ ဂျီမေးအိုင်ကွန်မှာ စာတစ်စောင်စောင် အသစ်၀င်နေတယ်။ စာအသစ်ထပ် ရောက်နေတယ်ဆိုတဲ့ အမှတ်လက္ခဏာ နိုတီလေးပေါ်နေတယ်။ မနက်ကပို့လိုက်တဲ့စာကို အ‌ကြောင်းပြန်လာတာ။ မြန်ချက်။ ဒီဘက်မှာ ည၊ ဟိုဘက်မှာ မနက်၊ အချိန်ကွာဟချက်တွေနဲ့ မိုင်ထောင်ချီဝေးတဲ့တိုင်းပြည်တွေစီကတောင် မနေ့ကပို့တဲ့စာကို သည်နေ့ပြန်စာ ရောက်လာလေ့ရှိတာကိုး။ ဒါကြောင့် ဟိုးအရင်လို ရင်တော့သိပ်မခုန်တော့ဘူးပေါ့။ ဘယ်နေ့ ဘယ်ရက် စောင့်မျှော်မှန်းဆ ကာလရှည်ကြာ မဟုတ်လေတော့ ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်မနေတော့တာ။ စာဗျို့၊ စာ စာ။ စာ ပါတယ်ဗျို့ ဆိုတဲ့ စာပို့လုလင် ပို့စ်စမင်းရဲ့ အသံစာစာ ခြံရှေ့မှာကြားခဲ့ရတုန်းကတော့ ခုန်လိုက်တဲ့ရင်၊ စိတ်ကူးထဲတင် ကြိုတင်ဖတ်နေမိခဲ့တာ။ လွမ်းဖို့ကောင်းလိုက်တာ။ ဂိတ်တံခါးမှာ ချိတ်ထားတဲ့ စာထည့်ပုံးလေးထဲမှာ ပြန်စာ‌ရောက်နေလောက်ပြီဆိုတဲ့ စိတ်ဇောနဲ့ သွားဖွင့်ကြည့်ခဲ့ရတဲ့ကာလတွေ။ မတွေ့သေးရင်နာကျင်ခဲ့ရတာ။ လွမ်းလို့ရေးတဲ့စာတွေပါပဲ။ ကိုယ်စီမှာ လွမ်းစရာတွေရှိတတ်ကြတာချည်းပဲမဟုတ်လား။ အလှမ်းကွာလေ လွမ်းစရာတွေပဲမဟုတ်လား။ […]

မီးပွိုင့်မဲ့ အရပ်ကနေ ဆင်ခြင်ခြင်း

Dawei Watch

February 2, 2026

မီးပွိုင့်တွေ မမြင်ဖူးတာတောင် တော်တော်ကြာခဲ့ပြီလို့ တွေးမိတယ်။ ပြောရရင် မြို့ကြီးပြကြီးကနေ ဒီနယ်မြို့လေးကို ပြောင်းလာကတည်းကပဲ ဆိုပါတော့။ ဒီလို မီးပွိုင့်တွေ၊ လူအုပ်ကြီးတွေနဲ့ အဝေးမှာ ရက်ပေါင်းများစွာကြာလာတော့ ဘဝနေထိုင်မှုနဲ့ပတ်သက်တဲ့ ဆင်ခြင်မိတာတွေ ရှိလာတာပါပဲ။ မြို့ပြကြီးမှာ မီးပွိုင့်တွေကို အချိန်နဲ့အမျှ ကြုံတွေ့ရပါလိမ့်မယ်။ အနီရောင်မီးလေး လင်းလာတိုင်း ရှေ့ဆက်မတိုးနိုင်ဘဲ လမ်းပေါ်မှာ ရပ်တန့်နေကြရတယ်။ ဒါကို ‘သေဆုံးမှု’အဖြစ် ကျွန်တော် တင်စားစာဖွဲ့ခဲ့ဖူးပါတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ လူသားတွေဟာ နေ့စဉ်နဲ့အမျှ လမ်းမပေါ်ကို ထွက်လာပြီး သေဆုံးနေသလိုမျိုးပါပဲ။ မီးပွိုင့်ရပ်စောင့်နေရတဲ့အခါတိုင်း ကျွန်တော် ဘေးဘီကို ဝေ့ဝဲငေးမောရင်း အတွေးနယ်ချဲ့နေမိတတ်ပါတယ်။ ကိုယ့်လိုပဲ လမ်းပေါ်မှာ မတ်တပ်ရပ်ရင်း သေဆုံးနေကြတဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူတွေ။ ကျွန်တော် သူတို့ကို မသိသလို၊ သူတို့ကလည်း ကျွန်တော့်ကို မသိကြဘူး။ […]