မြစ်ရေစံချိန်တင်မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေ အနည်းငယ်ပြန်ကျ
Dawei Watch
August 1, 2024ရေစံချိန်တင်မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေသည် ယနေ့ ဩဂုတ်လ ၁ရက် နံနက်ပိုင်းကစပြီး တဖြည်းဖြည်း ပြန်ကျလာကြောင်း တနင်္သာရီဒေသခံများထံမှ သိရသည်။ တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ရက် နံနက်က ၃၁ ပေကျော်အထိ မြင့်တက်လာခဲ့ပြီးနောက် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာဒါဇင်ပေါင်းများစွာ ရေကြီးရေလျှံခဲ့သည်။ အဆိုပါစံချိန်မှာ ၁၉၉၄နောက်ပိုင်း အမြင့်ဆုံးအထိ မြင့်တက်လာခြင်းဖြစ်ပြီး ယနေ့ နံနက်တွင် ၁ ပေခန့်ပြန်ကျလာကြောင်း တနင်္သာရီမြို့ခံတစ်ဦးက ဆိုသည်။ တနင်္သာရီမြစ်ရေ၏ အန္တရာယ်ရေအမှတ်မှာ ၂၄ ပေဖြစ်ပြီး လက်ရှိတွင် အန္တရာယ်ရေအမှတ်အထက် ငါးပေကျော်တွင် ရှိနေဆဲဖြစ်သည်။ မြစ်ရေအနည်းငယ် ပြန်ကျသဖြင့် ဩဂုတ်လ ၁ရက် မွန်းလွဲ ၁ နာရီခန့်တွင် ၂၉ ပေ ၁၁ လက်မသာ ရှိတော့ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့် တကူ၊ ညောင်ပင်ကွင်း၊ […]