BREAKING
May 2, 2025

သဘာဝဝန်းကျင်/ဥတုဘေး

မော်လမြိုင်မြို့ပေါ်ရပ်ကွက်အားလုံးနီးပါး ရေကြီး၊ လူအချို့ပြောင်းရွှေ့နေရ

Dawei Watch

July 19, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး လူအချို့ပြောင်းရွှေ့နေရကြောင်း မြို့ခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တို့တွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့သည်။ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းမူ ဈေးကြို၊ မြိုင်သာယာ၊ သီရိမင်္ဂလာ၊ သီရိမြိုင်၊ စာရင်းကြီးကုန်း၊ ရွှေပြည်အေး၊ ရွှေပြည်စိုး၊ ဒိုင်းဝန်ကွင်း၊ ဇေယျာ ၁/၂/၃၊ သုခဝတီ အစရှိသည့် မြို့ပေါ်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဆိုးရွားနေကြောင်း မြို့ခံတို့က ပြောသည်။ “မိုးက ဆက်တိုက်ကို ရွာနေတယ်။ အခုထိလည်း သည်းကြီးမဲကြီးရွာနေဆဲပဲ။ ရပ်ကွက်တွေမှာ မနေ့ညနေပိုင်းလောက်ကတည်းက ရေစဝင်နေတာ။ ဒီမနက်မှာတော့ ရပ်ကွက်အတော်များများမှာ ရေဝင်ကုန်တယ်။ လမ်းတွေမှာလည်း ရေတွေကျော်နေတော့ သွားလာဖို့လည်း အခက်အခဲရှိတယ်” […]

တနင်္သာရီတိုင်းတွင် မိုးသက်လေပြင်းကျရောက်၊ လူတစ်ဦးသေဆုံး

Dawei Watch

July 18, 2023

တနင်္သာရီတိုင်းအတွင်း နေရာအချို့တွင် ယခုရက်ပိုင်းအတွင်း မိုးသက်လေပြင်းများကျရောက်ပြီး သစ်ပင်လဲခြင်း၊ မြေပြိုခြင်း၊ ရေကြီးရေလျှံခြင်းတို့ ဖြစ်ပွားလျက်ရှိသည်။ ယနေ့(ဇူလိုင် ၁၈) မနက်ပိုင်းတွင် တနင်္သာရီတိုင်းအတွင်း မိုးသက်လေပြင်းများ ထပ်မံကျရောက်ခဲ့ပြီး မြိတ်မြို ကလွင်ကျွေးရွာအုပ်စု  ရှားတော၀ရပ်ကွက်တွင် အမျိုးသားတစ်ဦး အုန်းပင်ပိ၍ သေဆုံးခဲ့သည်။ လတ်တလော မြေနိမ့်ရပ်ကွက်အချို့၊ မြို့တွင်းလမ်းအချို့နှင့် ကမ်းနားလမ်းတို့တွင်လည်း ရေကြီးရေလျှံနေသည်။ ယင်းအပြင် ကော့သောင်းမြို့ရှိ အေးရိပ်ငြိမ်နှင့် သီရိမြိုင်ရပ်ကွက်တို့တွင် လမ်းပေါ်ရေလျှံခြင်း၊ နေအိမ်ထဲ ရေစီးဝင်းခြင်းတို့ဖြစ်ပေါ်နေပြီး ရွှေဟင်္သာရပ်ကွက်တွင်မူ မြေပြိုမှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောဆိုသည်။ “ကြီးကြီးမားမားတော့ မဟုတ်သေးပါဘူး။ ရွှေဟင်္သာရပ်ကွက်ကျတော့ ပင်လယ်ကမ်းစပ်ဆိုတော့ သူကတော့ပြောလို့မရဘူး” ကော့သောင်းမြို့ရှိ ပရဟိအဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုသည်။ ညောင်ရမ်းတောင်ရပ်ကွက် မျှော်အင်းလမ်းသွယ်ထဲရှိ နေအိမ်တစ်ဆောင်ပေါ်သို့လည်း သစ်ပင်လဲကျခဲ့သည်။ ထားဝယ်ခရိုင်ရှိ အခြားမြို့နယ်တို့တွင်လည်း လေပြင်းကြောင့် သစ်ပင်လဲကျခြင်း၊ အိမ်ခေါင်မိုး လန်ခြင်းတို့ ဖြစ်ပွားနေသည်။ “အခုလည်း မိုရောလေပါ […]

မွန် မြို့နယ်သုံးခုတွင် ရေကြီးရေလျှံ

Dawei Watch

July 18, 2023

မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအချို့တွင် ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းကစပြီး ရေကြီးရေလျှံနေကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေကြီးရေလျှံနေသည့်အပြင် ကားလမ်းရေကျော်မှုများလည်း ဖြစ်ပွားနေကြောင်း ၎င်းတို့က ဆိုသည်။   မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းလာသည့်အတွက် ရေးမြို့နယ်၊ ဟံဂံကျေးရွာအတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်တို့တွင် ယနေ့ နံနက်ပိုင်းကစပြီး ရေကြီးရေလျှံသဖြင့် ပြည်သူအချို့ ဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ “လက်ရှိက လမ်းပေါ်မှာ ရေက သုံး လေး ပေလောက်ရှိတယ်။ အဓိက အနိမ့်ပိုင်းတွေက ရေဝင်နေတာပေါ့။ ရေကတော့ တိုးလာနေတဲ့အတွက် တချို့ အနိမ့်ပိုင်းကလူတွေက စပြီးတော့ ပြောင်းရွှေ့နေကြရတယ်” ဟု […]

တောင်ကိုရီးယားတွင် ရေကြီးမြေပြိုမှုကြောင့် လူ ၇ ဦးသေဆုံး

Dawei Watch

July 16, 2023

တောင်ကိုရီးယားနိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နေကာ ၃ ရက်မြောက် ဖြစ်သည့် ဇူလိုင် ၁၅ ရက်နေ့တွင် မြေပြိုမှုများနှင့် ဆည်ရေလျှံတက်ခဲ့မှုကြောင့် သေဆုံးသူ ၇ ဦးအထိ ရှိခဲ့သည်။ ယင်းအပြင် ပျောက်ဆုံးသူ ၃ ဦး ၊ ထိခိုက်ဒဏ်ရာရသူ ၇ ဦးအပြင် ပြည်သူ တစ်ထောင်ကျော် ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ဒေသစံတော်ချိန် နံနက် ၁၁ နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်း ၁၅၆၇ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ပြည်ထဲရေးနှင့် ဘေးကင်းရေး ဝန်ကြီးဌာန၏ က ထုတ်ပြန်ခဲ့သည်။ နိုင်ငံ၏ မြောက်ဘက် ချွန်းချောင်း ပြည်နယ်ရှိ ဆည်တစ်ခု သည် မိုးသည်းထန်မှုကြောင့် ရေလျှံတက်လာသဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းရသူ ဦးရေမှာလည်း တိုးလာနိုင်ဖွယ် ရှိကြောင်း […]

ကမ္ဘာ့ရန်စွယ်ကို အံ့တုဖက်ပြိုင်ကြသူများ

Dawei Watch

July 15, 2023

အမှိုက်ပုံဖြစ်သွားလေ့ရှိသည့် ကွမ်းသီးပင်ဘုတ်ဖတ်မှာ ကိုသန်းဇော်ဦးနှင့်တွေ့ချိန်တွင်တော့ ဆိုင်ပေါ်တင် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများအဖြစ် ပြောင်းလဲသွားသည်။ တနင်္သာရီတိုင်းတွင် ကွမ်းသီးပင်ဖြစ်ထွန်းအောင်မြင်သည့် ပူနွေးစိုစွတ်သည့် အီကွေတာရာသီဥတုဖြစ်သည့်အတွက် ကွမ်းသီးပင်ဘုတ်ဖတ်များ ပေါများသည့်ဒေသဖြစ်သည်။ ကွမ်းသီးဘုတ်ဖတ်ကို ဆေးလိပ် လိပ်ရာတွင်သာ အနည်းစုအသုံးပြုခဲ့ပြီး အများစုမှာ အမှိုက်ပုံသို့ ရောက်ရှိသွားလေ့ရှိသည်။ မြိတ်မြို့မှ စွန့်ဦးတီထွင်သူ ကိုသန်းဇော်ဦးကမူ အမှိုက်အဖြစ်စွန့်ပစ်နေရသည့် ကွမ်းသီးဘုတ်ဖတ်ကို ပုံစံတစ်မျိုးဖြင့် အသုံးပြုနိုင်မည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန် အတွေးစတစ်ခု ရလာခဲ့သည်။ သူစိတ်ကူးပြီး အတွေးရလာသည့်အချိန်ကလည်း ဒီမိုကရေစီခေတ်ဦးဟု ဆိုနိုင်သည့် ၂၀၁၄ ခုနှစ်ဝန်းကျင်။ ထိုအချိန်က အမှိုက်ကောက်သည့်အဖွဲ့များ အပြိုင်အဆိုင်ပေါ်လာချိန် မြိတ်ဒေသတွင်လည်း ပရဟိတ အမှိုက်ကောက်အဖွဲ့များ ပေါ်လာသည်။ သို့ရာတွင် အမှိုက်ကောက်ခြင်းက သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အထောက်အကူပြုသော်လည်း ယင်းတစ်ခုတည်းဖြင့် လုံလောက်မည်မဟုတ်ကြောင်းကို ကိုသန်းဇော်ဦးက နားလည်လိုက်သည်။ “ဒီနေ့အမှိုက်ကောက်သွားတယ် ပြောင်တယ်။ နောက်တစ်နေ့ကျရင် […]

ထားဝယ် ဒေါင်းငူဈေးအနီး ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရ

Dawei Watch

July 14, 2023

ထားဝယ်မြို့ ဒေါင်းငူရပ်ကွက် ဒေါင်းငူဈေးအနီးတွင် ယနေ့ ညနေက ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ ဇွန်လ ၁၄ ရက် ညနေ ၇နာရီခန့်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ညနေဈေး (ခေါ်) ဒေါင်းငူဈေးတွင် ဒူးရင်းသီးရောင်းသူ နှင့် ဝယ်သူအမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း အထက်ပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ “ဈေးဘက်ထိုးထွက်နေတဲ့ ‌လုံးပတ် ၅ပေ အရှည်ပေ ၂၀ ရှိတဲ့ ညောင်ကိုင်းက ဈေးဘက်ကျိုးကျသွားတာ” ဟု ၎င်းက ဆိုသည်။ ညောင်ကိုင်းပိမိသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးနှစ်ဦးစလုံးမှာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ “တစ်ယောက်ကတော့ အသက် လေးဆယ်ကျော်လောက်ရှိမယ်။ သူကတော့ ခြေထောက်ဒဏ်ရာရထားတယ်။ ကျန်တစ်ယောက်က ကျွန်တော်တို့မရောက်ခင် သုံးဘီးနဲ့ ဆေးရုံတင်သွားလို့ […]

တနင်္သာရီတိုင်းတွင် စပါးဖျက်ရွှေခရုကျရောက်မှုပိုများလာ

Dawei Watch

July 13, 2023

တနင်္သာရီတိုင်းရှိ လယ်ကွက်များထဲသို့ စပါးဖျက်ရွှေခရု ကျရောက်မှု ယခုနှစ်တွင် ပိုများလာသည်ကို‌တွေ့ရကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ ရွှေခရုကျရောက်မှုများလာသည့်အပြင် ရွှေခရုကျရောက်သည့် နေရာများပါ ပိုကျယ်ပြန့်လာကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့တွင် ၂၀၁၉ ခုနှစ်ကတည်းက ရွှေခရုစတင်တွေ့ရှိခဲ့ပြီး သတိပေးခဲ့သော်လည်း နှိမ်နင်းမှုအပိုင်းတွင် အားနည်းခဲ့ ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်‌ရေးတာဝန်ခံက ပြောသည်။ တောင်သူများမှာ ဖမ်းယူစားသုံးသူများကြပြီး ဟင်းအမယ်အဖြစ် ရှုမြင်ကြသဖြင့် နှိမ်နင်းရာတွင် အားနည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “အခုဆိုရင် မြိတ်မှာ (ရွှေခရုနဲ့ ပတ်သတ်ပြီး) သဲကြီးမဲကြီး ဖြစ်လာပြီ” ဟု ၎င်းက ဆိုသည်။ ၂၀၁၉ တွင် မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ လယ်တို့တွင် ရွှေခရုဖျက်ဆီးသဖြင့် လယ်ကွင်းတစ်ခုလုံး ပျက်စီးသည့် အနေအထားရှိခဲ့ဖူးကြောင်း ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့နယ်ရှိ ဇဟာကျေးရွာတွင်လည်း နွေစပါးစိုက်တောင်သူအချို့တွင် […]

အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှုအတွက် ကြိုတင်ပြင်ဆင်ရန် ကျွမ်းကျင်သူများ တိုက်တွန်း

Dawei Watch

June 20, 2023

ထိုင်းနိုင်ငံ အနေနှင့် အယ်လ်နီညိုရာသီဥတုပုံစံကြောင့် မိုးရွာသွန်းမှုနည်းပါးမည့်အခြေအနေနှင့် မိုးခေါင်ရေရှားမှု ကြုံလာနိုင်မည့် အခြေအနေအပေါ် ကြိုတင်ပြင်ဆင်ထားရန် မိုးလေဝသ ကျွမ်းကျင်သူများက ထိုင်းအစိုးရကို သတိပေးလိုက်သည်။ ယင်းအပြင် ပြီးပြည့်စုံသော ရေစီမံခန့်ခွဲမှုအစီအစဉ်ကို အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု တိုက်တွန်းလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၅ရက်နေ့ က ကျင်းပခဲ့သည့် ရေစီမံခန့်ခွဲမှုဆိုင်ရာ ညီလာခံတွင် ထိုင်းနိုင်ငံ သိပ္ပံသုတေသနနှင့် ဆန်းသစ်တီထွင်မှု အင်စတီကျူ (TSRI) သည် ယခုနှစ်မှစ၍ ဒေသတွင်း ရင်ဆိုင်နေရပြီ ဖြစ်သည့် အယ်လ်နီညိုရာသီဥတု အပေါ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ TSRI မှ ဦးဆောင်ပံ့ပိုးထားပြီး မကြာသေးမီကမှ ထုတ်ပြန်ထားသော လေ့လာမှုတစ်ခုအရ ထိုင်းနိုင်ငံအတွင်း ကာလကြာရှည် မိုးရွာသွန်းမှု နည်းပါးသည့် အခြေအနေကို ကြုံတွေ့ရနိုင်ပြီး ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ တောင်ပိုင်းတွင် […]