BREAKING
May 1, 2025

ဆောင်းပါး

လောင်းလုံးက အမှောင်မိုက်ဆုံး သီတင်းကျွတ်

Dawei Watch

October 26, 2024

ပွင့်လင်းရာသီအစ ပွဲလမ်းသဘင်များဖြင့် ကလေး၊ လူကြီးမရွေး ပျော်ရွှင်ကြရသည့် သီတင်းကျွတ်ကာလ၊ ဆီမီးထိန်ထိန်လင်းသည့်ကာလ၊ ဗျောက်အိုး၊ ရှူးဒိုင်းတို့ဖြင့် ကလေးများ ပျော်ရွှင်ကြရသည့်ကာလ။ သို့သော် လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများတွင်မူ ရွာလုံးကျွတ်အမှောင်ကျနေပြီး ဗျောက်အိုးသံများအစား လက်နက်ကြီးပေါက်ကွဲသံများ ထွက်ပေါ်နေသည်။ ကျေးရွာလမ်းမများတွင် လူမရှိတော့။ ကုသိုလ်ကောင်းမှုများဖြင့် ဖြတ်သန်းလေ့ရှိသည့် ကျေးလက်ဒေသများ၏ သီတင်းကျွတ်ကာလကို စစ်ကောင်စီစစ်ကြောင်းက အနိဋ္ဌာရုံများဖြင့် ဖုံးလွှမ်းစေခဲ့သည်။ ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်သို့ စတင်ဝင်ရောက်လာသည့်နေ့မှာ သီတင်းကျွတ်ပွဲတော်ကျင်းပရန် သုံးရက်အလို အောက်တိုဘာလ ၁၃ ရက်နေ့ဖြစ်သည်။ စစ်ကောင်စီ စစ်ကြောင်းက လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများသို့ ၈ ရက်ကြာ စစ်ကြောင်းထိုး ဝင်ရောက်လာရာတွင် ဒေသခံများကို ဖမ်းဆီးမှုများ၊ နှိပ်စက်သတ်ဖြတ်မှုများနှင့် နေအိမ်မီးရှို့မှုများလည်း လုပ်ဆောင်ခဲ့သည်။ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့်ကာလအတွင်း သေဆုံးသူဒေသခံ ငါးဦးရှိပြီး ခုနစ်ဦးထက်မနည်း […]

ထိုင်း ဆင့်ပွားစီးပွား အရှုပ်တော်ပုံ

Dawei Watch

October 23, 2024

ထိုင်းမှာ စီးပွားရေး ငလျင်တစ်ခု လှုပ်နေပါတယ်။ ဆင့်ပွားစီးပွား (MLM) လို့ မြန်မာပြည်မှာ လူသိများတဲ့ ပိရမစ်ပုံစံ Multi-level Marketing (MLM) စနစ် အွန်လိုင်း ဈေးရောင်း လုပ်ငန်းစုကြီးတစ်ခုရဲ့ အရှုပ်တော်ပုံဟာ လက်ရှိမှာ ထိုင်းတစ်နိုင်ငံလုံးကို ကိုင်လှုပ်နေတာပါ။ ထိုင်းနိုင်ငံက နာမည်ကျော် သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေ၊ နိုင်ငံရေးသမားတွေ၊ ဆယ်လီဘရစ်တီတွေနဲ့ ထိုင်းအစိုးရဌာန အချို့ ပါဝင်ပတ်သက်နေတဲ့ ဒီ MLM ပြဿနာဟာ နိုင်ငံရေးအရှုပ်တော်ပုံအဆင့် ရောက်လာနေတယ်လို့ ထိုင်းမီဒီယာတွေက ဆိုပါတယ်။ ဒီ့အပြင်မကပါဘူး။ ထိုင်းနိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး ဂယက်ရိုက်ခတ်နေတဲ့ ပိရမစ်စီးပွားရေးငလျင်တစ်ခုထိ ဖြစ်လာပါတယ်။ iCON Group ဆိုပြီး ထိုင်းနိုင်ငံမှာ နာမည်ကျော်တဲ့ ဒိတ်ဒိတ်ကြဲ အွန်လိုင်း အရောင်းအင်ပါယာကြီးရဲ့ လိမ်လည်အမြတ်ထုတ်မှုဒဏ်ခံရလို့ စီးပွားပျက်ပြီး […]

ဖုတ်လှိုက်ဖုတ်လှိုက် ဒေသမုန့်များ

Dawei Watch

October 14, 2024

ထားဝယ်ဒေသ၏ ပွဲဦးထွက်ပွဲတော်ဖြစ်သော မမဘုရားပွဲစပြီဖြစ်သည်။ ကိုဗစ်၊ ကိုစစ်နှင့်အတူ ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် ပွဲစျေးငတ်နေသည့် ဒေသခံများအတွက် အာသာပြေသွားနိုင်သည့် ပွဲလမ်းတစ်ခုပင်။ သို့သော် ထားဝယ်ဒေသပွဲစျေးဟု ဆို၍မရတော့။ ပွဲစျေးတန်းတွင် ရောင်းချနေသည့် မုန့်သည်များပင် ဒေသရနံ့ကို မသယ်ဆောင်လာတော့။ ယခုနှစ်မမဘုရား ပွဲစျေး၌ ဒေသမုန့်များအစားတွင် ယိုးဒယားအစားအစာများက နေရာယူလာသလို အခြားဒေသမှ အစားအသောက်များက ပိုမိုလွှမ်းမိုးနေဟုဆိုသည်။ မမဘုရားပွဲစျေးနှင့် နှစ်စဥ် ထိတွေ့နေရသည့် ရှမ္မလည်ဆွဲရပ်ကွက်က အသက်လတ်ပိုင်း အမျိုးသားတစ်ဦးကလည်း ယခုနှစ် ဘုရားပွဲစျေးသည် စည်းကားသော်လည်း ဒေသရိုးရာမုန့်ဆိုင် အားနည်းပြီး အသားကင်နှင့် အခြားအစားအစာများ ပိုတိုး၍ နေရာယူလာသည်ကို မြင်ရကြောင်း ပြောသည်။ “အရင်က မမဘုရားပွဲဆို အာပုံမုန့်သည် သုံးယောက်လာတယ်။ ဘိန်းမုန့်သည်၊ ထိုးမုန့်သည်၊ ကလယ်မော (ကောက်ညှင်း ကျည်တောက်) သည် အဲဒါတွေလည်း […]

ရွှေကုက္ကိုနဲ့ တရုတ်သူလျှို

Dawei Watch

October 5, 2024

အာရှတိုက်ရဲ့ လျှို့ဝှက်အသိရအခက်ဆုံးနေရာတွေထဲကတစ်ခုဟာ စစ်မီးတောက်လောင်နေတဲ့ မြန်မာပြည်တစ်နေရာမှာ နီယွန်မီးရောင်တွေနဲ့ လင်းထိန်နေလေရဲ့။ ဒုစရိုက်မြို့သစ် မွေးဖွားခြင်း မြဝတီမြို့နဲ့ ဆယ်မိုင်လောက်ဝေးတဲ့ လယ်ကွင်းတွေကြားမှာ စပါးပင်တွေအစား အထပ်မြင့်တိုက်တွေ ပေါက်လာတယ်။ မှောင်မည်းတိတ်ဆိတ်နေတဲ့ ရွာလမ်းကလေးတွေဟာ နီယွန်မီးရောင် လင်းထိန်နေတဲ့ မြို့ပြလမ်းမ ဖြစ်လာတယ်။ ၂၀၁၇ မတိုင်ခင်အထိ သောင်ရင်းမြစ်ကမ်းဘေးမှာ အိပ်မောကျနေခဲ့တဲ့ ရွာလေးဟာ မယုံနိုင်စရာ မြို့တစ်မြို့ဖြစ်လာခဲ့တယ်။ ဒုစရိုက်မှုတွေ မင်းမူနေတဲ့ မြို့။ ‘ရွှေကုက္ကို’ ။ ဒီနေရာဟာ ‘မြန်မာပြည်ရဲ့ မကာအို’ ၊ ‘လပ်စ်ဗီးဂတ်စ်ရဲ့ မြန်မာဗားရှင်း’လို့ အချို့က တင်စားကြတယ်။ ဒီနေရာဟာ ဘယ်လိုနေရာမျိုးလဲ။ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower ဒီလို ရှင်းပြပါတယ်။ “မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အကျဉ်းထောင်လို ဒီတသီးတခြားနေရာတွေမှာ အလုပ်လုပ်ဖို့ လူတွေ […]

ရနောင်းရောက် မြန်မာများ၏ ဘတ်သုံးထောင်တန် သောက

Dawei Watch

October 4, 2024

မြန်မာဘက် မှောင်ခိုတင်ပို့မည့် ဆိုင်ကယ် ၁၂ စီးကို ရနောင်းမြို့အနီးရှိ ကရဘူရီဒေသတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိသွားသည်။ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖြစ်ခဲ့သည့် ယင်းဖမ်းဆီးမှုမှတစ်ဆင့် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား တရားစွဲခံရမည့် ပြဿနာ တစ်ရပ်ပေါ်ပေါက်လာသည်။ ဖမ်းမိသည့် ဆိုင်ကယ်များမှာ ရနောင်းမြို့တွင် အရစ်ကျဝယ်ထားသည့် ဆိုင်ကယ်များဖြစ်နေသည်။ မြန်မာနိုင်ငံသားများထံမှ အထောက်အထား စာရွက်စာတမ်းများကို အခပေးငှားရမ်းကာ ဝယ်ယူထားသော ဆိုင်ကယ်များဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့သည်။ ထိုင်းသတင်းဌာန၏ ဖော်ပြချက်အရ ပတ်စပို့ကဲ့သို့ အထောက်အထားများငှားရမ်းပြီး ဝယ်ယူကာ လိမ်လည်ခဲ့သည့် ဆိုင်ကယ်အစီးရေ ၁၅၀၀ ဝန်းကျင်အထိရှိသည်ဟု ဆိုသည်။ နိုင်ငံကူးလက်မှတ်ငှားခဲ့သည့် မြန်မာနိုင်ငံသား တစ်ထောင်ကျော်ခန့် တရားစွဲခံရမည့်ကိန်း ဆိုက်ရောက်သွားခြင်းဖြစ်သည်။ ရနောင်းရှိမြန်မာလုပ်သားများအကြား တိုးတိုးတိတ်တိတ် ဖြေရှင်းနေသည့် ပြဿနာမှာ ယခုအခါတွင် အုတ်အော်သောင်းနင်း ပေါ်ထွက်လာခြင်းဖြစ်သည်။ အထောက်အထား အငှားစျေးကွက် […]

ရှင်သူမှာ အသက်ရှူကျပ် – ပဋိပက္ခကြားက ဘိုးဘွားများ

Dawei Watch

October 1, 2024

တတိယအရွယ်ရောက်ရင် တရားရှာ အခုတော့ ခဏဆိုင်းထားလိုက်ရတယ်။ တရားရှာရမယ့် အစား ကျေးလက်နေ အဘိုးအဘွားတွေ အခုတော့ လုံခြုံဘေးကင်းတဲ့ ကျောတစ်နေရာစာရဖို့ ရှာနေကြရပါတယ်။ “ဒီမှာတော့ တိုက်ပွဲက ခဏခဏပဲ။ အေးအေးဆေး‌ဆေးနေရတဲ့ အချိန်ကိုမရှိဘူး။ အသက်ကို ဖက်နဲ့ထုပ်ထားရတယ် ငါ့သားဝေး” ထားဝယ် အထူးစီးပွား‌ရေးဇုန်ဧရိယာထဲက ရလိုင်ကျေးရွာမှာနေတဲ့ အသက် ၆၈ နှစ် အရွယ်ဖွားမယ်အေးက ဗလုံးဗထွေးဖြင့် ပြောလိုက်တယ်။ သူနေတဲ့အရပ်က ‌မီးခိုးတလူလူ၊ သွေးသံတရဲရဲ၊ စစ်ရဲ့အနိဋ္ဌာရုံမြင်ကွင်းတွေပဲ မြင်တွေ့နေရပါတယ်။ လူတွေဆိုလည်း စစ်ဘေးအကြား ကြောက်လန့်တကြား ပြေးလွှားပုန်းရှောင်နေကြရတာပါ။ ဒါကြောင့် ဖွားမယ်အေးလည်း အရင်လို တရားနဲ့ပျော်မွေ့ဖို့ မဖြစ်နိုင်တော့ အသက်နဲ့ခန္ဓာမြဲဖို့ စစ်ဘေးက လွတ်ရာကို ရှာဖွေနေထိုင်နေရပါတယ်။ စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာနိုင်ငံမှာ ဘိုးဘွားတွေဟာ လုံခြုံမှုကင်းမဲ့နေပြီး အစားသောက်၊ ဆေးဝါးကုသခွင့်တွေ လုံလုံလောက်လောက်မရကြတော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ […]

စစ်မှုထမ်းမည့်သူခေါ်မရ၍ အကြံကုန်ထုတ်သုံးလာသည့် စစ်ကောင်စီ

Dawei Watch

September 29, 2024

စစ်မှုမထမ်းမ‌နေရဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက စတင်အသက်သွင်းလိုက်ပြီး ဧပြီလတွင် အဓမ္မစစ်မှုထမ်း စုဆောင်းမှုများ စတင်လုပ်ဆောင်ခဲ့သည်။ ငါးလအကြာတွင်တော့ စစ်မှုထမ်းမည့်သူ ရှာမရတော့။ လူထုတစ်ရပ်လုံး၏ မုန်းတီးမှု၊ အယုံအကြည်မဲ့မှုများကြောင့် လူငယ်များက စစ်ကောင်စီတပ်တွင် စစ်မှုမထမ်းလို၍ ရသည့်နည်းဖြင့် တိမ်းရှောင်ကုန်ကြသည်။ ယခင်က ဒေသအချို့တွင် ရပ်ကွက်နေလူထုနှင့် ညှိနှိုင်းကာ စစ်မှုထမ်းမည့်သူပေးရန်နှင့် စစ်မှုထမ်းသွားမည့်သူ၏ မိသားစုကို ကျန်သူများက ဝိုင်းဝန်းထောက်ပံ့ရန် လုပ်ဆောင်ခဲ့သည်။ စစ်မှုထမ်းအပတ်စဉ် ၃ ခန့်အရောက်တွင် ချော့၍လည်း ခေါ်မရ၊ ခြောက်၍လည်း ခေါ်မရတော့ဘဲ စစ်မှုထမ်းမည့်သူ မရှိတော့သည့်အဖြစ်ကို ကြုံနေရသည်။ နောက်ဆုံးတွင်တော့ အကြံကုန် ဂဠုန်ဆားချက် ဆိုသကဲ့သို့ စစ်ကောင်စီကလည်း ဆားချက်ရန်ကြံလာသည်။ ခရီးသွားလူငယ်များ၊ ပြည်ပသို့ တရားမဝင်လမ်းကြောင်းဖြင့် သွားရောက်သည့် လူငယ်များ၊ ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီး […]

သီဟိုဠ် သင်္ဘောပျက်ရဲ့ မာလိန်မှူး

Dawei Watch

September 27, 2024

ကမ္ဘာ့အကြီးဆုံးပင်လယ်အော်ထဲက ‘သီရိလင်္ကာ’ဆိုတဲ့ ကျွန်းနိုင်ငံလေးမှာ နိုင်ငံတော်အာဏာကို တလှည့်စီအုပ်စိုးနေခဲ့တဲ့ လက်တစ်ဆုပ်စာ ပါတီအနည်းငယ်နဲ့ လူ့မလိုင် မိသားစုတွေကို ပြည်သူလူထုက အော့နှလုံးနာ စိတ်ပျက်နေကြတယ်။ မျက်နှာဟောင်း နိုင်ငံရေးသမားတွေအပေါ် လူထုက အယုံအကြည်ကင်းမဲ့နေတဲ့ ဒီတိုင်းပြည်ဟာ ဆွေးမျိုးကောင်းစားရေးဝါဒ၊ ခရိုနီဝါဒ၊ ပြည်ပကြွေးမြီ၊ စီးပွားရေးအကျပ်အတည်း၊ အကျင့်ပျက်ခြစားမှုဆိုတဲ့ ပြဿနာတွေနဲ့ လုံးချာလိုက်နေတယ်။ စီမံခန့်ခွဲမှုဖွတ်ကျား အစိုးရတွေရဲ့ လက်ချက်ထဲက တိုင်းပြည်ဟာ အခုနောက်ဆုံး သမ္မတရွေးကောက်ပွဲဟာ စက်တင်ဘာလ ၂၁ ရက်နေ့ကပဲ ကျင်းပပြီးစီးသွားခဲ့တယ်။ တိုင်းပြည်လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေ ပြန်ကြည့်လိုက်ရင် ဒီရွေးကောက်ပွဲဟာ အထူးခြားဆုံး အပြောင်းအလဲဆန်ခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ရွေးကောက်ပွဲအကြောင်း မဆွေးနွေးမီ ပြီးတဲ့နှစ်တွေက နောက်ခံအခင်းအကျင်းကို အရင်သွားလိုက်ရအောင်ပါ။ သီဟိုဠ်ကျွန်းပေါ်က ဘဝငရဲ ဘယ်တော့ စုံးစုံးမြုပ်သွားမလဲ ရင်ထိတ်နေရတဲ့ […]