ခေတ်ပြိုင်ဒဿနထဲက နိုင်ငံတော်ဒဏ္ဍာရီ
diz_admin
January 30, 2020ခေတ်ပြိုင်ဒဿနဂန္ထဝင် မောင်ကြည်သစ် အဖြူရောင်ပဲ့တင်၊ ၂၀၁၈၊ ဇန်နဝါရီ ဒုတိယအကြိမ် ၁၉၉၀ နောက်ပိုင်းရေးခဲ့တဲ့ ဒဿန ဆိုင်ရာဆောင်းပါးတွေ။ ဒဿနပညာရှင်တွေရဲ့ ထင်ရှားတဲ့ စာအုပ်တွေကို မိတ်ဆက်ပေးတဲ့ ဆောင်းပါးတွေလို့လည်း ပြောလို့ ရတယ်။ အခု ဒုတိယအကြိမ်ထုတ်မှာ ပထမအကြိမ်ထုတ်တုန်းက စာပေစိစစ်ရေးကြောင့် အဖြုတ်ခံ လိုက်ရတဲ့ ဆောင်းပါး နှစ်ပုဒ် ပြန်ပါလာတယ်။ တစ်ပုဒ်က ကတ်ဆီယာ၏ နိုင်ငံတော်၏ဒဏ္ဍာရီတဲ့။ Ernst Cassiner ရဲ့ The Myth Of State အကြောင်း။ ကတ်ဆီယာရဲ့ မူရင်းကျမ်းကိုက ၁၉၄၆ ခုနစ်မှာ ထုတ်ထားတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီတွေ၊ ဖက်ဆစ်တွေ ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုတွေအောက်က ယုတ္တိမတန်တဲ့ ဖြစ်ရပ် (Irrational Phenomena) တွေကို ရှင်းပြထားတာ။ ကျိုးကြောင်း […]


