ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

GDP ကိန်းအတွက် နောက်ကြည့်မှန်များ လိုသည်

diz_admin

February 6, 2020

တိုင်းပြည်တစ်ပြည်၊ ဒေသတစ်ခု၊ မြို့တစ်မြို့၏ တိုးတက်မှုကို တိုင်းတာ သက်သေပြနိုင်ရန် အမြဲလိုလို အသုံးပြု လေ့ရှိသော စံတော်ဝင်ညွှန်းကိန်းမှာ GDP ဖြစ်သည်။ အထက်တန်း ကျောင်းသုံး စာအုပ်များတွင်ပင် GDP အကြောင်း ပြဋ္ဌာန်းလေ့ရှိသည်။ Gross Domestic Product (GDP) ဆိုသည်ကို မြန်မာလို အမျိုးမျိုးအဓိပ္ပာယ်ပြန်ဆိုလေ့ရှိသည်။ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးဟု အများအားဖြင့် ပြန်လေ့ရှိသည်။ GDP ကို တွက်ချက်တိုင်းတာသော နည်းအမျိုးမျိုးရှိသည့်အနက် တိုင်းပြည် တစ်ခုအတွင်းရှိ ဝယ်ယူသုံးစွဲသော ဝန် ဆောင်မှုနှင့် ထုတ်ကုန်တန်ဖိုး၊ အစိုးရ အသုံးစရိတ်၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး မျှခြေ (ပို့ကုန်မှ သွင်းကုန်နုတ်ထားသော တန်ဖိုး) စသည်တို့၏ စုစုပေါင်းအဖြစ် လည်း တွက်ချက်လေ့ရှိသည်။ တိုင်းပြည် တစ်ပြည် (သို့မဟုတ် ဒေသတစ်ခု) […]

ဝူဟန် တုပ်ကွေး၊ ကမ္ဘာ့အရေး၊ မြန်မာ့ အရေး

diz_admin

February 6, 2020

တစ်လနီးပါး စောင့်ကြည့်နေကြခဲ့ရတဲ့ ကိုရိုနာ ဝူဟန်ဗိုင်းရပ်စ် ကပ်ရောဂါ အသွင် ကူးစက်ပြန့်ပွားနေခြင်းဟာ ကြောက်ခမန်းလိလိ ဆိုရလောက်အောင် နိုင်ငံပေါင်းများစွာကို အချိန်တိုအတွင်း ပျံ့နှံ့ရောက်ရှိလာပြီး လူဦးရေ တစ်သောင်း နီးပါး (၉၈၀၀ ဦး) ကူးစက်ပြန့်ပွားခံရပြီး သည်မနက်မှာ သေဆုံးသူဦးရေဟာ စုစု ပေါင်း ၂၁၃ဦး ရှိလာခဲ့တယ်။ သည်အခြင်း အရာအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာ အရေးပေါ် ကပ်ရောဂါ အခြေအနေအဖြစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါ တယ်။ “အဲသလို ဗိုင်းရပ်စ်ဟာ အချိန်တိုတို အတွင်း လျင်မြန်စွာ ကူးစက်ပြန့်ပွားလာမှု ဟာ အခြေခံကျန်းမာရေးစနစ်တွေ အားနည်းလို့ ဖြစ်ရတာဖြစ်ပြီး သည်ကူးစက် ပြန့်ပွားမှုကို ကျွန်တော်တို့တွေ အတူတကွ ပူးပေါင်းလက်တွဲပြီး ထိန်းချုပ်နိုင်ဖို့ရာ ကြိုးစားချိန်တန်ပါပြီ”လို့ […]

ဝူဟန် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ပါ

diz_admin

February 6, 2020

ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ဝင်ရောက် ကူးစက်ပျံ့နှံ့စေခြင်း။ အရာဝတ္တုများ၌ ထိကပ်နေသော ရောဂါပိုးများအား လက်နှင့် ကိုင်တွယ် ထိတွေ့ရာမှတစ်ဆင့် ကူးစက်ခြင်း။ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ လွန်ခဲ့သည့် ၁၄ ရက်အတွင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့သို့ ခရီး သွားခဲ့ခြင်း(သို့မဟုတ်) အဆုတ်ရောင် ရောဂါ (2019 – nCoV) ဖြစ်ပွားသည် ဟု အတည်ပြုခြင်းခံရသူနှင့် အတူနေထိုင် ခဲ့ခြင်းတို့ ရှိခဲ့ပြီး ဖျားခြင်း(အပူချိန် 38 ဒီဂရီ C / 100.4 ဒီဂရီ F နှင့် အထက်ရှိခြင်း) ချောင်းဆိုး ခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ အားအင် ကုန်ခမ်းခြင်း။ ကာကွယ်နိုင်မည့်နည်းလမ်းများ ၁။ အဆုတ်ရောင်ရောဂါလက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ ခြင်းမှ […]

တံငါရွာက ပုလင်းအိမ်

diz_admin

January 30, 2020

ရွာအတွင်း ခြေချလိုက်မိသည်နှင့် ပထမဆုံး သတိထားမိသည်က ပုလင်းများဖြင့် ဆောက်ထားသည့် အိမ်ကလေး တစ်လုံးဖြစ်သည်။ ကျွန်းစုမြို့နယ်၊ ဝဲကျွန်းဆိုသည်က အိမ်ခြေ ၃၀၀ ကျော် လောက်ရှိသည့် တံငါရွာလေးတစ်ရွာ။ သည်ရွာကို ရောက် ရန် မြိတ်ကနေ အမြန်ရေယာဉ်ဖြင့် နှစ် နာရီခန့် မောင်းရသည်။ ပုလင်းအိမ်မှာ အိမ်တစ်လုံးဆို သည်ထက် ဘီယာနှင့် ယမကာများ ရောင်းချသည့် ဆိုင်တစ်ဆိုင်ဆိုတာက ပိုပြီးမှန်ပါလိမ့်မည်။ ဆိုင်လေးက အလျား ၂၅ ပေ၊ အကျယ် ၂၀ ပေနှင့် အမြင့် ၁၅ ပေခန့်ရှိကာ ပုလင်းများကို နံရံနှစ်ထပ်လုပ်ပြီး ခိုင်ခိုင် မာမာ ဆောက်လုပ်ထားသည်။ လက်ရှိအချိန်မှာတော့ ဆောက်လုပ် မှု လက်စသတ်နေသေးသည့် အချိန်ဖြစ် သည့်အတွက် ဆိုင်လေးတွင် ဘီယာနှင့် ယမကာများတော့ […]

ဝူဟန် ကိုရိုနာ ဗိုင်းရပ်စ်အရေး ရတက်အေးကြရမလား

diz_admin

January 30, 2020

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် မတိုင်မီလေးမှာပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် ကူးစက်ရောဂါ တစ်မျိုးရဲ့ သတင်းကို ကြားလာရပါတယ်။ တိတိပပ ဆိုရမယ် ဆိုရင်တော့ တရုတ်အလယ်ပိုင်း လူနေထူ ထပ်တဲ့ ဝူဟန်မြို့လေးမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်အသစ်တစ်မျိုး လူကို ကူးစက်ပျံ့ ပွားနေပါတယ်လို့ တရုတ် ဆေးပညာရှင် တွေက ၂၀၂၀ ဇန်နဝါရီအစောပိုင်းမှာ စတင် သတိထား မိလာကြပါတယ်။ ဝူဟန်မြို့မှာ စတင်တွေ့ရတဲ့အတွက် အဲသည် ဗိုင်းရပ်စ်ကို ဝူဟန်ဗိုင်းရပ်စ်လို့ အမည်ပေးကြပါတယ်။ တရုတ်နိုင်ငံက စလို့ ဂျပန်၊ တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ထိုင်းနဲ့ အမေရိကန်နိုင်ငံတွေအထိ ကူးစက် မှုကို တွေ့ကြရပြီး ဖြစ်တယ်။ တစ်ကမ္ဘာ လုံးစာရင်းအရ လူသုံးရာနီးပါး ကူးစက် ခံခဲ့ကြရပြီး ခြောက်ယောက်တော့ သေဆုံး ခဲ့ရပါတယ်လို့ အစောပိုင်းထုတ်ပြန်ချက် […]

ခေတ်ပြိုင်ဒဿနထဲက နိုင်ငံတော်ဒဏ္ဍာရီ

diz_admin

January 30, 2020

ခေတ်ပြိုင်ဒဿနဂန္ထဝင် မောင်ကြည်သစ် အဖြူရောင်ပဲ့တင်၊ ၂၀၁၈၊ ဇန်နဝါရီ  ဒုတိယအကြိမ် ၁၉၉၀ နောက်ပိုင်းရေးခဲ့တဲ့ ဒဿန ဆိုင်ရာဆောင်းပါးတွေ။ ဒဿနပညာရှင်တွေရဲ့ ထင်ရှားတဲ့ စာအုပ်တွေကို မိတ်ဆက်ပေးတဲ့ ဆောင်းပါးတွေလို့လည်း ပြောလို့ ရတယ်။ အခု ဒုတိယအကြိမ်ထုတ်မှာ ပထမအကြိမ်ထုတ်တုန်းက စာပေစိစစ်ရေးကြောင့် အဖြုတ်ခံ လိုက်ရတဲ့ ဆောင်းပါး နှစ်ပုဒ် ပြန်ပါလာတယ်။ တစ်ပုဒ်က ကတ်ဆီယာ၏ နိုင်ငံတော်၏ဒဏ္ဍာရီတဲ့။ Ernst Cassiner ရဲ့ The Myth Of State အကြောင်း။ ကတ်ဆီယာရဲ့ မူရင်းကျမ်းကိုက ၁၉၄၆ ခုနစ်မှာ ထုတ်ထားတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီတွေ၊ ဖက်ဆစ်တွေ ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုတွေအောက်က ယုတ္တိမတန်တဲ့ ဖြစ်ရပ် (Irrational Phenomena) တွေကို ရှင်းပြထားတာ။ ကျိုးကြောင်း […]

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

diz_admin

January 27, 2020

၂၇ – ၁ -၂၀၂၀ မှ ၂ – ၂ -၂၀၂၀ အထိ တနင်္ဂနွေ အလှူအတန်းများ ပြုရတတ်သည်။ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေမည်။ ဥစ္စာပစ္စည်းများ စုဆောင်းမိမည်။ အဖိုးတန်ပစ္စည်းများ ပျောက်ရှတတ်သည်။ အလေးအပင် မခြင်း၊ အကြောနှင့်ပတ်သက်၍ သတိထားပါ။ လူငယ်များ ပညာရေးကိစ္စ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် စိတ်ကောက်လိုက် အဆင်ပြေလိုက် ဖြစ်နေတတ်သည်။ အကျိုးပေးသော အရောင် – အနီရောင်၊ ခရမ်းရောင် အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အဝါရောင် မသွားသင့်သော အရပ် – အရှေ့တောင်အရပ် ယတြာ – ဆွမ်းခံဘုန်းကြီးတစ်ပါးအား ဆွမ်းနှင့် ဟင်းလှူဒါန်းပါ။ တနင်္လာ ခရီးမကြာခဏ သွားရတတ်သည်။ ငွေကြေးများ […]

တံဆိပ်ကိုကြိုက်သည် အရည်အသွေးကို ထိန်းသိမ်းပါ

diz_admin

January 22, 2020

ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ တံဆိပ်တွေဟာ အရေးပါလှပါတယ်။ အစားအသောက်ဖြစ်ဖြစ်၊ အဝတ် အထည်ဖြစ်ဖြစ် ဘယ်က ထုတ်တာလဲ၊ ဘယ်တံဆိပ်လဲ စသည်ဖြင့် မေးမြန်းလေ့ ရှိပါတယ်။ ယုတ်စွအဆုံး ရပ်ကွက်ထဲ မုန့်ဟင်းခါး စားတဲ့နေရာမှာတောင် ဘယ်သူ့ မုန့်တီလဲ ဆိုတာက အတော်တာသွားပါ တယ်။ ဘယ်သူ့မုန့်တီကမှ အကောင်း၊ ဘယ်ဆိုင်က လို့ပြောလိုက်တာနဲ့ အဲဆိုင် ဆိုရင်တော့ဖြင့် အချို့မှုန့်တွေတအားထည့် တာ၊ ငါးက မလတ်ဘူး။ ဟိုဆိုင်ကဆိုရင် တော့ဖြင့် ထားဝယ်မုန့်တီကို ငါးပုတ် ခြောက်ကလေးက အနံ့ကလေးကတော့ ဖြင့်ဘယ်လို၊ လန်ဂေါ်ရွက် (တညင်ရွက်) ကတော့ ဘယ်လိုလေးနူးတာ၊ ငှက်ပျောအူ ကလေးဆိုတာ ဝါးလိုက်ရင်တော့ဖြင့် နူးအိပြီးဘယ်လို စားကောင်းတာ စသည် ဖြင့် ပြောကြဆိုကြလေရဲ့။ ဒီလိုနည်းမျိုးစုံ နဲ့ တံဆိပ်တွေဟာ ကျွန်တော်တို့ရဲ့ […]