ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

အိမ်ဆောက်ကြရာဝယ်

diz_admin

June 1, 2020

“တန်ခူးလမှာ အိမ်ဆောက်ခါ ချမ်းသာပြညြွ့်ကယ်ဝ။ ကဆုန်လကား ဆန်စပါး ပေါများတတ်လှ။ ဝါခေါင် လမှာ အိမ်ဆောက်ခါ ဥစ္စာတိုးပွားရ။ နတ်တော်လတွင် အိမ်ဆောက်လျှင် ပေါ်ထင်ကျော်ဇောစွ။ ပြာသိုလမှာ လူတကာ များစွာချီးမွမ်းရ။ တပေါင်းလ ဝယ် ချမ်းသြွာကယ် ဆောင်ဖွယ်ဤ ခြောက်လ။” ရှေးမူဟောင်း အိမ်ဆောက်လရွေး နည်း ဖြစ်ပါသည်။ အိမ်ဆောက်သည့် လက်သမားဆရာ အတော်များများ အလွတ်ရနေသော စာဆို ဖြစ်ပါသည်။ လက်သမားလုပ်သက် အနှစ် ၂၀ ကျော်ပြီဖြစ်သည့် ထားဝယ်မြို့ ဝဲကျွန်း ရပ်နေ ဦးလူပုကတော့ အိမ်ဆောက်အများ ဆုံးလမှာ တပေါင်းလဟု ဆိုပါသည်။ နေ့ကိုတော့ ရက်ရာဇာ ရွေးကြပြီး အထူး သဖြင့် တပေါင်းလပြည့်နေ့ကို ပိုရွေး ကြကြောင်း ဦးလူပုက ပြောသည်။ “တပေါင်းလပြည့်နေ့ကိုမှ သုံးနှစ် […]

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

diz_admin

May 11, 2020

၁၁ – ၅ -၂၀၂၀ မှ ၁၇ – ၅ -၂၀၂၀ အထိ တနင်္ဂနွေ အမွေအနှစ်များ ရရှိတတ်သည်။ အဓိဋ္ဌာန်ဝင်ပါက ထူးထူးခြားခြားအောင်မြင်မည်။ ယခုလ၌ ဖုန်း ပျက်လျှင်အသစ်မဝယ်ပါနှင့်။ ပြင်သုံးပါ။ ထီကံစမ်းပါ။ အလုပ်အကိုင်နှင့် ပတ်သက်၍ အေးစက်စက် ဖြစ်နေဦးမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခဏတာဝေးနေရဦးမည်။အကျိုးပေးသော အရောင် – အဖြူရောင်၊ အပြာရောင်အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အဝါရောင်အကျိုးပေးသော ဂဏန်း – ၁၊ ၀၊ ၇၊ ၂ ပါသော ဂဏန်းများယတြာ – သရက်သီးမှည့်ကို အစိတ်စိတ်ပြု၍ သစ်သီးဆွမ်းကပ်လှူပါ။ တနင်္လာ လုပ်ငန်းများ အောင်မြင်အဆင်ပြေမည်။ ဈေးဆိုင်ဖွင့်ခြင်းများ ကောင်းမည်။ ယခုလ၌ နာရီ မဝယ်သင့်ပါ။ […]

ကြိုမြင်ခဲ့တဲ့ ကပ်ဘေး

diz_admin

May 11, 2020

အခန်း ( ၂ ) “နောင်ကြုံရမယ့် ကပ်ရောဂါဘေး ဖြစ်လာမှာလား မေးစရာမလိုပါ။ ဘယ် အချိန်ဖြစ်မှာလဲ ဆိုတာသာ မေးရမှာ (The Next Pandemic: Not if, but when)”ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ၂၀၁၃ ခု မေ ၉ ရက်နေ့ထုတ် နယူးယောက် တိုင်းမ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ရေးသူက အမေရိကန်သိပ္ပံစာရေးဆရာ ဒေးဗစ်ကွာမန်း (David Quammen) ဖြစ်ပါတယ်။ သူ့ကို အတော်ဆုံးစာရေး ဆရာထဲက တစ်ယောက်လို့ နယူးယောက် တိုင်းမ်သတင်းစာက ရည်ညွှန်းပါတယ်။ ၂၀၁၃ မှာပဲ သူ့ရဲ့လွင့်စင်ရောက်ရှိလာခြင်း (Sစငူသလနမ)ဆိုတဲ့ စာအုပ်ထွက်လာပါ တယ်။ ပညာရှင်တွေရဲ့ သုတေသနအမြင် တွေကို မူတည်ပြီး အချက်အလက် အထောက်အထားနဲ့ သတိပေးချက်တွေ […]

ကိုယ့်ရဲ့ ကမ္ဘာငယ်

diz_admin

May 11, 2020

အခုလို အခြေအနေမျိုးကို ဗြုန်းစား ကြီး ကြုံတွေ့ရလိမ့်မယ်လို့ အိပ်မက်ထဲ တောင် ထည့်မမက်ခဲ့ဖူးပါဘူး။ ကိုယ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းမှန် သမျှ ရပ်ဆိုင်းသွားတယ်။ ဝင်ငွေမရှိတော့ တဲ့ အခြေအနေကို ဗြုန်းဆိုပြီး ရောက်သွားတယ်။ အခုတော့ နဖူးတွေ့ဒူးတွေ့ ရုတ်တရက်ကြီး ကြုံလိုက်ရတော့ ဘာမှ မစဉ်းစားတတ် လောက်အောင်ပါပဲ။ ဘယ်လို ရှေ့ဆက် ရမယ်မှန်း မသိလောက်အောင်ပဲ ဘ၀ဟာ ဝေဝါးသွားတယ်။ အစပိုင်းတော့ ဖေ့စ်ဘုတ်ပေါ် နည်းနည်း ညည်းတွားမိတယ်။ နောက်ပိုင်း တော့ ဒါဟာကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိလာခဲ့ရတော့ မညည်းဖြစ်တော့ပါဘူး။ ဒီကပ်ဘေးကြီး ကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ရင်ဆိုင် ကျော်လွှားမလဲ၊ ကိုယ့်မိသားစုလေး ဘေးကင်းအောင် ဘယ်လို လိုက်နာဆောင် ရွက်ရမလဲပဲ တွေးနေမိတော့တယ်။ ကမ္ဘာကြီး နာမကျန်းဖြစ်နေချိန်မှာ […]

ကိုရိုနာညောင်ရေ

diz_admin

May 11, 2020

“ကဆုန်လ ညောင်ရေသွန်းပွဲ”ကဆုန်လပြည့်နေ့တိုင်း ဘုရားနှင့် ညောင်ပင်အား ရေသွန်းကြသည်က ရာစု နှစ်ချီခဲ့ပြီ။ ဗုဒ္ဓဘုရားရှင်၏ အသုံးအဆောင် ပရိဘောဂစေတီ ဗောဓိညောင်ပင် ရေသွန်း လောင်းပွဲက အရပ်ဒေသအသီးသီးတွင် ဆင်နွှဲသည့်ပွဲတော် ဖြစ်သည်။ အချို့က သူ့အရပ်နှင့်သူ့ဇာတ် ပျော်ပွဲ၊ ရွှင်ပွဲများထည့်သွင်းကျင်းပကြသည်။ အချို့ရပ်ရွာများတွင်ကား မိမိတို့ ရပ်ရွာ၏ ရာဇဝင်များ၊ ရိုးရာဓလေ့များကို ပုံဖော်ကြ၊ ကပြဖျော်ဖြေကြသည်။ ယခုတော့ အဖြစ်က မနှစ်ကနှင့်ပင် မတူတော့ပါ။ ကိုရိုနာရောဂါပိုးက ဖြစ်နေ၊ ရှိနေကျ ထုံးတမ်းအစဉ်အလာ အားလုံးကို ယူသွားပြီ။ သင်္ကြန်ကိုလည်း အလွတ်မပေးသကဲ့သို့ ကဆုန်ညောင်ရေ သွန်းပွဲလည်း မချန်ပါ။ တစ်နှစ်တစ်ခါ လည်သာ ရှိသေးသော်လည်း မှတ်မှတ် ရရ ပြန်ပြောင်းပြောစရာများပင် ဖြစ်နေ တော့သည်။ တနင်္သာရီတိုင်း၏ အချို့ဒေသ ညောင်ရေသွန်းပွဲတော်များ၏ စည်ချက် ကား […]

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

diz_admin

April 27, 2020

၂၇ – ၄ -၂၀၂၀ မှ ၃ – ၅ -၂၀၂၀ အထိ တနင်္ဂနွေ ရွှေ ဝင်မည်။ ယခုအချိန် လုပ်ငန်းများ မဆောင်ရွက်သင့်သေးပါ။ ပရိဘောဂပစ္စည်းများ ဝင်မည်။ ကျန်းမာရေးနှင့်ပတ်သက်၍ အညံ့မရှိပါ။ ငွေကြေးဝင်လာစရာတစ်ခု ပေါ်လာမည်။ မေတ္တာရေး သည်ကား သင်မစိုးရိမ်ပါနှင့်။ သူဟာနှင့်သူ အဆင်ပြေသွားမည်။အကျိုးပေးသော အရောင် – အနက်ရောင်၊ အဖြူရောင်အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အပြာရောင်မသွားသင့်သော အရပ် – အနောက်အရပ်ယတြာ – ငှက်ပျောသီးကို အခွံနွှာ၍ ဘုရားဆွမ်းတော်ကပ်လှူပါ။ တနင်္လာ ငွေကြေးများစွာ ဝင်မည်။ ဂုဏ်သတင်း ကျော်စောမည်။ ယခုလအတွင်း သေတ္တာ၊ သော့ချိတ်များ မဝယ်ပါနှင့်။ လုပ်ငန်းကတော့ အဆင်ပြေမည်။ သို့သော် စက်ဘီး၊ […]

Dawei Watch Tv/‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’

diz_admin

April 24, 2020

‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’ဒေါက်တာမြင့်ဇော် ရေးသည်။အခန်း (၁) ကျုပ်တို့ ဖန်တီးတဲ့ ကပ်ရောဂါ(အသံသွင်း တင်ဆက်မှု) ဒေါက်တာမြင့်ဇော် ရေးသားသော ‘ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒ နှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း’ စာအုပ်ကို အပိုင်း တစ်ပိုင်းချင်းစီအလိုက် အသံသွင်းယူထားခြင်းဖြစ်ပါသည်။ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖိုးဇော် (ထားဝယ်) ဖတ်ကြားပြီး Dawei Watch Studio တွင် အသံသွင်းယူထားပါသည်။ စာအုပ်ပါအကြောင်းအရာများကို တစ်ပိုင်းချင်းစီ တင်ဆက်လျက်ရှိပါသည်။ ယခုအပိုင်းမှာ အပိုင်း (၁) ‘ကျုပ်တို့ဖန်တီးတဲ့ ကပ်ရောဂါ’ ဖြစ်သည်။ လာမည့် ရက်ပိုင်းအတွင်း အပိုင်း (၂) ကို ဆက်လက် တင်ဆက်သွားပါမည်။ အိမ်တွင်နေရင်း ကိုဗစ်ကပ်ရောဂါနှင့် ဂေဟ စနစ်အကြောင်း လေ့လာဆင်ခြင်နိုင်ကြပါစေ။ […]

အသွားအလာကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများ ဒါတွေလိုက်နာပါ

diz_admin

March 30, 2020

အသွားအလာ ကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများ လိုက်နာရန် အချက်များ ၁) မိမိနေအိမ်သို့ ပြန်ရောက်ပြီး ၁၄ ရက်အတွင်း နေအိမ်တွင် သီးခြားအခန်း ဖြင့် သီးခြားခွဲခြား နေထိုင်ပါ။ လေဝင် လေထွက်ကောင်းစေရန် ပြတင်းပေါက် များကို ဖွင့်ထားပါ။ ၂) အိမ်သားများနှင့်အတူ ရောနှော နေထိုင်ခြင်း မပြုဘဲ တစ်ဦးနှင့်တစ်ဦး ၁ မီတာ သို့မဟုတ် ၃ ပေ အထက် အကွာ တွင် နေထိုင်ပါ။ မိသားစုနှင့်အတူတကွ စားသောက်ခြင်း မပြုပါနှင့်။ ၃) ဖြစ်နိုင်လျှင် ရေချိုးခန်း၊ အိမ်သာ သီးသန့်သုံးပါ။ အကယ်၍ အတူမျှဝေ သုံးစွဲရလျှင် မိမိအသုံးပြုခဲ့သော ရေပိုက် ခေါင်း၊ တံခါးလက်ကိုင် စသည်တို့ကို 1 : 50 […]