မီးကြိုက် ခြခြောင်း
diz_admin
July 1, 2020မိုးတစ်ဖြိုက်နှစ်ဖြိုက် ရွာလိုက်သည်နှင့် ပလူကောင် (ထားဝယ်အခါ် ခြခြောင်း)တို့ ထွက်ကြလေပြီ။ ခြခြောင်းတို့ စထွက်လာသည်က မီးထွန်းစ ညဦးမှအစ ညလုံးပေါက်နီးပါး ဖြစ်ပါသည်။ မီးထွန်း၊ မီးဖွင့်လိုက်သည်နှင့် မီးကို တိုးဝှေ့ပျံသန်းကြတော့သည်။ မီးကိုတိုးကာ သေဆုံးကြသည်အထိ ခြခြောင်းများ မီးကြိုက်လှသည်။ “ဟိုတုန်းက ရေနံဆီမီးခွက်တို့ ဖယောင်းတိုင်တို့မှာ လာတိုးပြီးသေကြတယ်။ ဒါကြောင့် စကားပုံပေါ်လာတာပေါ့။ ပိုးဖလံမျိုးမီးကိုတိုး ကိုယ်ကျိုးနည်းလိမ့်မယ် ဆိုပြီးတော့ပေါ့” ဟု ဦးအင်ရှိန်က ပြောသည်။ မြို့သစ်ရပ် မြိတ်မြို့ အသက် ၇၂ နှစ်အရွယ် ဦးအင်ရှိန်၏အဆိုအရ မိုးတစ်ဖြိုက်နှစ်ဖြိုက်တွင်အပူနှင့်အအေး တိုးတိုက်မိပြီး ခြခြောင်းတို့ မြေတွင်းအတွင်း မနေနိုင်တော့ဘဲ အပြင်ကိုထွက်ကြရာ အပြင်အရောက်တွင် မီးကို တိုးကြခြင်း ဖြစ်ပါသည်။ “သူတို့ကမီးအလင်းရောင်ကို တအားကြိုက်တယ်။ မီးဆို ဘာမီးမဆို အကုန်လာကြတယ်” ဟု ဦးအင်ရှိန်က […]


