ရွေးကောက်ပွဲဝင်မယ့် ဒေါ်နယ်ထရမ့်ရဲ့ တရားခွင်ဇာတ်ကြောင်း
Dawei Watch
May 3, 2024ကမ္ဘာအနှံ့က သတင်းထောက်တွေ စောင့်ဆိုင်းသတင်းယူနေကြတဲ့ နယူးယောက်မြို့ မန်ဟက်တန်တရားရုံးအရှေ့က ပန်းခြံထဲမှာ လူတစ်ယောက်ဟာ သူ့ကိုယ်သူ မီးရှို့ပစ်လိုက်ပါတယ်။ ဒီနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ သိပ်မကြာသေးခင်က နယူးယောက်မြို့ရဲ့ အချက်အချာကျတဲ့ တနေရာမှာ လူတစ်ယောက်ဟာ လက်ကမ်းစာရွက်တွေကို လေထဲကို ပစ်ကြဲလိုက်တယ်။ သူဟာ သူ့ဘဝရဲ့ နောက်ဆုံးနေ့ကို ရွေးလိုက်တယ်။ သူ့ကိုယ်သူ မီးမရှို့ခင် ရက်ပိုင်းလောက်အလိုမှာ ဒေါ်နယ်ထရပ်ကို ထောက်ခံတဲ့ သူ့မိတ်ဆွေအဘိုးကြီးတစ်ယောက်နဲ့ ခြံထဲမှာ ဘီယာသောက်ရင်း စကားပြောနေခဲ့တယ်။ သူ့ဂစ်တာကို သူ တီးနေခဲ့တယ်။ သူ မသေခင်မှာ Instagram ပေါ်မှာ နားလည်ရခက်တဲ့ story တစ်ခု တင်ထားတဲ့တယ်။ “I love you”ဆိုတဲ့ ဝါကျကို အကြိမ်ပေါင်းများစွာ ရေးထားတဲ့ story ။ သူ […]


