BREAKING
October 19, 2025

ဆောင်းပါး

စစ်ကောင်စီလက်ထက် ခေတ်စားလာသည့် လက်ထိယဉ်ကျေးမှု

Dawei Watch

April 1, 2024

ကားထဲမှ ထွက်လာသည့် လက်သီးဆုပ်ထားသော လက်တစ်ဖက်နှင့် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေသော ယူနီဖောင်းဝတ်၏ လက်တစ်ဖက်ထိတွေ့သွားပြီးနောက် အတားအဆီးများ မရှိတော့။ ယင်းမှာ စစ်ကောင်စီလက်ထက်တွင် ထွန်းကားလာသော ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ လမ်းပေါ်က စစ်ဆေးရေးဂိတ်များတွင်ပဲလား ဆိုတော့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေး ရုံးများမှသည် ဌာနဆိုင်ရာများအားလုံးတွင်လည်း ယင်သို့ပင်ရှိနေသည်။ ထိုင်းနိုင်ငံတွင် လူတစ်ဦးနှင့်တစ်ဦး တွေ့ပါက လက်အုပ်ချီနှုတ်ဆက်သကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း လက်ချင်းထိယဉ်ကျေးမှုက ခေတ်စားလာခြင်းဖြစ်သည်။ သို့သော် နှုတ်ဆက်သည်တော့မဟုတ်။ စစ်ကောင်စီလက်ထက် ပိုမိုရှုပ်ထွေးလာသည့် ကြိုးနီစနစ်များကို ဖြတ်ကျော်နိုင်ရန် လာဘ်ထိုးရခြင်းဖြစ်သည်။ လာဘ်မထိုးပါက စစ်ဆေးရေးဂိတ်တစ်ခုကို အလွယ်တကူဖြတ်သန်း၍ မရသလို ရပ်ကွက်ထောက်ခံစာပင် မရသည့် အခြေအနေကို ဆိုက်ရောက်နေသည်။ အောက်ခြေအဆင့် ရပ်ကျေးစာရေးတစ်ဦးထံတွင် ထောက်ခံစာရေးသည်ကအစ ငွေကျပ် ၃၀၀၀ ခန့် မဖြစ်မနေပေးနေရသည်။ ပြည်သူများမှာ စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပျူ‌စောထီးများ၊ စစ်ကောင်စီတပ်သားများအတွက် […]

စောမိညိုကို အငြှိုးနှင့်ခဲလေသလား စစ်ကောင်စီ

Dawei Watch

March 21, 2024

စောမိညိုဆိုသည်ကား ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်ရှိ လက်လုပ်လက်စားသမား အများစုနေထိုင်သည့် နေရာဖြစ်သည်။ ယခုမူ ထိုနေရာရှိ တဲသာသာအိမ်များအားလုံးကို စစ်ကောင်စီက ဖိအားပေးဖျက်ခိုင်းသဖြင့် ဖျက်ပေးလိုက်ရသည်။ “အားလုံးဖျက်ပြီးပြောင်းသွားကြတာ အခုဆို ခုနစ်ရက်လောက်ရှိနေပြီ” ဟု စောမိညိုအနီးရှိ မြို့ခံတစ်ဦးက မတ်လ ၁၉ ရက်နေ့က ပြောဆိုသည်။ စောမိညိုတွင် နေထိုင်သူများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူပြီး နေအိမ်ဖျက်ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။ နေအိမ်ဖျက်ပေးရန် ၅ ရက်သာအချိန်ပေးခဲ့ပြီး သတ်မှတ်ရက်အတွင်း မဖျက်ပေး၊ မပြောင်းပေးသူများကို ထောင်ချမည်ဟု ဖိအားပေး ခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။ နေစရာဘုံပျောက်သွားသည့် စောမိညိုဒေသခံအချို့မှာ နီးစပ်ရာဘုန်းကြီးကျောင်းများတွင် ခိုကပ်နေထိုင်ကြရသည်ဟု ၎င်းတို့နှင့် ဆွေးမျိုးတော်စပ်သူတို့က ဆိုသည်။ နေအိမ်‌များဖယ်ခိုင်းခဲ့သော်လည်း စစ်ကောင်စီက မည်သည့် အကူအညီ အထောက်အပံ့မှ မပေးခဲ့ဟုဆိုသည်။ ‌“မြေကတော့ […]

“သတ်သေချင်စိတ်ပါ‌ ပေါက်တယ်” အဓမ္မစစ်မှုထမ်းရန် ဆင့်ခေါ်လာသည့် စစ်ကောင်စီ

Dawei Watch

March 17, 2024

စစ်ကောင်စီက ထားဝယ်မြို့တွင် စစ်မှုထမ်းစာရင်း စကောက်နေပြီဖြစ်သည်။ အလားတူ ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ လောင်းလုံးအစရှိသည့် မြို့နယ်တို့တွင်လည်း စာရင်းစကောက်နေပြီဖြစ်သည်။ ထားဝယ်မြို့တွင်မူ မတ်လ ၁၇ ရက်နေ့မှစပြီး စုပေါင်းရုံးဟုခေါ်သည့် ထားဝယ်မြို့နယ် အထွေထွအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ စစ်မှုထမ်းစာရင်းပါသူများ လာရောက်ရန် ဆင့်ခေါ်ထားသည်။ စစ်မှုထမ်းစာရင်း ပါနေသူများထဲမှ ထွက်ပြေး‌၊ တိမ်းရှောင်နိုင်သူများက နေရပ်စွန့်ခွာနေကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်နိုင်ခြင်း မရှိသူများလည်း ရှိနေသည်။ Dawei Watch အနေဖြင့် ထားဝယ်မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်မှ စစ်မှုထမ်းစာရင်းပါဝင်နေသူ ၆ ဦး၏ အကြောင်းကို စုံစမ်းကြည့်ရာ ၄ ဦးမှာ နေရပ်တွင်မရှိတော့ဟု ဖြေဆိုကြသည်။ စစ်ကောင်စီက အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်လာမှုအပေါ် လူငယ်ထုက စိုးရိမ်နေကြပြီး စစ်မှုထမ်းစာရင်းတွင် နာမည်မပါသေးသူများလည်း ကြိုတင်နေရပ်စွန့်ခွာကာ လုံခြုံရာဒေသများကို […]

ရခိုင်မှာ ဘာကြောင့်စစ်ကောင်စီ အရှုံးကြီးရှုံးရသလဲ

Dawei Watch

March 15, 2024

ရခိုင်တွင် စစ်ကောင်စီတပ်က အသည်းအသန်ခုခံနေသည့်ကြားက တစ်မြို့ပြီးတစ်မြို့ သိမ်းယူခံနေရသည်။ ရခိုင့်ဘုရင်များ ထီးနန်းစိုက်ခဲ့သည့် ရှေးဟောင်းမြို့တော် မြောက်ဦးအပါအဝင် မြို့နယ်အဆင့်ရှိသည့် မြို့ရှစ်မြို့ကို ရက္ခိုင့် တပ်တော် AA သိမ်းယူထားနိုင်ပြီဖြစ်သည်။ စစ်ရေးမှာ ရခိုင်မြောက်ပိုင်းမှ တောင်ပိုင်းသို့ အရှိန်ဖြင့်ကူးလာနေသလို မြို့တော် စစ်တွေအနီးသို့လည်း ရောက်ရှိနေပြီဖြစ်သည်။ ယခင်က စစ်ရေးအရဖိထားခဲ့သည့် စစ်တပ်မှာ လက်ရှိကာလတွင် ခံစစ်အခြေအနေသို့ရောက်ရှိသွားပြီဖြစ်သည်။ ပြောက်ကျား စစ်ဖြင့် တိုက်ခိုက်ခဲ့ရသည့် AA မှာ ထိုးစစ်ဆင်တိုက်ခိုက်လာပြီး စစ်ရေးချိန်ခွင်လျှာ ပြောင်းပြန်ဖြစ်သွားပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်မျက်နှာများစွာအနက် ကမ်းရိုးတန်းဒေသဖြစ်သည့် ရခိုင်တွင် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ဘက်စုံ ပူးပေါင်းတိုက်ခိုက်ခွင့်ရသည့် တစ်ခုတည်းသောဒေသ ဖြစ်သည်။ သို့သော် AA က စစ်ရေးဖော်ဆောင်ပြီး လေးလကျော်ကာလတွင် ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်မြောက်ပိုင်းကမြို့နယ် […]

မီးခိုးငွေ့တွေကြား တောစကားတောင်စကား

Dawei Watch

March 10, 2024

ကျနော်တို့ကားလေးဟာ တောင်စဉ်တောင်တန်းတွေကြားထဲက မြေသားလမ်းတစ်လျှောက် ဆင်းလိုက်၊ တက်လိုက်၊ ကွေ့လိုက်ပတ်လိုက်နဲ့ ပြေးလွှားနေပါတယ်။ သစ်တောကြီးတွေကလည်း တောင်တန်းတွေနဲ့ လျှိုတွေထဲက သစ်တောကြီးတွေကလည်း အုံ့အုံ့ဆိုင်းဆိုင်းပါပဲ။ ရိတ်သိမ်းပြီးစ တောင်ယာခင်းတွေဟာလည်း သစ်တောတွေရဲ့ကြားထဲမှာ ခေါင်ခေါင်ပြောင်ပြောင် ဖြစ်လို့နေပါတယ်။ နေက ကျဲကျဲတောက်ပူနေတာကြောင့် တောင်ယာတဲကလေးတွေဟာ ဖြူရော်နွမ်းလျလို့ နေကြပါတယ်။ အဲဒီမြင်ကွင်းဟာ ကျနော့်ကို အတွေးတွေအများကြီး မွေးဖွားပေးလိုက်တာပါပဲ။ တလောက သွားခဲ့တဲ့ ခရီးတစ်ခုမှာ မြင်ခဲ့ရတာကို လှမ်းပြီး သတိရမိနေတာပါ။ ဒီရက်ပိုင်း ကျနော်နေထိုင်ရာ မြို့ရဲ့ ကောင်းကင်တစ်ခွင်မှာ ပိတ်ပိတ်သည်းသည်း ဖြစ်နေတဲ့ မီးခိုးမြူတွေဟာ အသက်ရှူခက်စေ၊ မျက်လုံးတွေကို ကျိန်းစပ်စေ၊ ဦးခေါင်းတွေကို နောက်ကျိစေပါတယ်။ အသက်ရှူမဝသလိုလိုဖြစ်၊ မျက်ရည်ပူတွေကျ၊ နားထင်တွေ ကိုက်သလိုလို ခံစားရ။ မီးခိုးရာသီ။ နှစ်စဉ်လိုလိုပဲ ဒီဒေသမှာ မီးခိုးရာသီ ရှိနေခဲ့ပါပြီ။ နွေ၊ […]

လေကြောင်းတိုက်ခိုက်မှုခံလာရသည့် တောင်ပိုင်း

Dawei Watch

March 9, 2024

၂၀၂၄ နှစ်ဦးပိုင်းမှစပြီး တောင်ပိုင်းဒေသတွင် တော်လှန်ရေး အားကောင်းလာသလို စစ်ကောင်စီကလည်း နယ်မြေစိုးမိုးနိုင်ရေးအတွက် နည်းလမ်းစုံသုံးကာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသည်။ စစ်ကောင်စီတပ်က တနင်္သာရီတိုင်းကို လေးကြောင်းပစ်ကူဖြင့် ဖိတိုက်လာနေခြင်းဖြစ်သည်။ ယခုနှစ်ဦးပိုင်း တောင်ပိုင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးများကလည်း စစ်ကောင်စီတပ်ကို အထိနာစေယုံသာမက စခန်းသိမ်းတိုက်ပွဲများအထိပါ ဆင်နွှဲလာနိုင်နေသည်။ ထိုအခြေအနေတွင် စစ်ကောင်စီတပ်က ၎င်းတို့၏ တပ်စခန်းများ မကျစေရေး၊ ထိန်းချုပ်ဧရိယာများ လက်မလွှတ်ရရေးအတွက် ၎င်းတို့အားသာသည့် လေကြောင်းပစ်ကူကို ပေါပေါလောလော အသုံးပြုလာခြင်းလည်းဖြစ်သည်။ စစ်ကောင်စီတပ်အနေဖြင့် မြေပြင်တွင် စစ်ရေးအခြေမလှသဖြင့် လေကြောင်းပစ်ကူသုံးလာရခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတစ်ဦးကဆိုသည်။ “သူတို့( စစ်ကောင်စီတပ်) ကတော့ မနိုင်တဲ့အဆုံး နိုင်တဲ့အပိုင်းကနေ( လေကြောင်းပစ်ကူ) လုပ်နေရတယ်လို့ပဲမြင်တယ်” ဟု ၎င်းတာဝန်ရှိသူကဆိုသည်။ စစ်ကောင်စီ၏ ‌လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့က အရပ်သားများကို […]

တော်လှန်ရေးအရှိန်မြင့်နေသည့် ထားဝယ်အရှေ့တော

Dawei Watch

February 25, 2024

စစ်အစိုးရအဆက်ဆက် အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြသော ထားဝယ်အရှေ့တောဒေသ။ ယခုစစ်အာဏာသိမ်းမှုနှင့်အတူ ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေး ကာလတွင်လည်း စစ်ကောင်စီကို အကောင်းဆုံး ခြိမ်းခြောက်ထားနိုင်နေသည်။ ပထဝီအနေအထားအရ အရေးပါသည့် ဒေသတစ်ခုဖြစ်သော ထားဝယ်အရှေ့တောကို လက်မလွှတ်ရရေး စစ်ကောင်စီကလည်း လေကြောင်းအကူအညီပင် အသုံးပြုတိုက်ခိုက်လာနေသည်။ ယခုရက်ပိုင်းအတွင်း ထားဝယ်အရှေ့တော နယ်မြေတွင် စစ်ကောင်စီက အကျအရှုံးများစွာရှိနေပြီး နယ်မြေစိုးမိုးမှု ပြန်ရရေးအတွက် အကြမ်းဆုံးနည်းလမ်းများဖြင့် လုပ်ဆောင်လာနေသည်။ သို့သော် တော်လှန်ရေးအဖွဲ့များ၏ ကောင်းမွန်စနစ်ကျသည့် တုန့်ပြန်မှုများနှင့်အတူ အကျအရှုံးများစွာ ရင်ဆိုင်လိုက်ရသည်။ အရှေ့တောဒေသ ထားဝယ်အရှေ့တောဒေသဟု ဒေသခံများက အလွယ်ခေါ်ကြသည့်ဒေသမှာ သီးသန့်သတ်မှတ်ထားခြင်းမရှိဘဲ ‌အကြမ်းအားဖြင့်ထားဝယ်မြို့၏ အရှေ့ဘက်နေရာတစ်ခုလုံးကို လွှမ်းခြုံခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ပျမ်းမျှဧရိယာအားဖြင့် ၂၄၀၀ စတုရန်းမိုင်ခန့် ကျယ်ဝန်းပြီး အနောက်ဘက်တွင် ထားဝယ်မြို့၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်များနှင့် ထိစပ်နေကာ အရှေ့ဘက်တွင် ထိုင်းနိုင်ငံနယ်စပ်မျဉ်းတလျှောက် ထိစပ်နေသည်။ ထိုင်း-မြန်မာနယ်စပ်သို့သွားရာ […]

စစ်ပွဲတွေရဲ့ အတွင်းထဲမှာ

Dawei Watch

February 23, 2024

လေးငါးနှစ်အရွယ် ကလေးမလေးဟာ ရက်များစွာ အစာရေစာဝလင်အောင်မစားရပြီးတဲ့နောက်မှာ အာဟာရပြတ်လပ်ပြီး သေဆုံးသွားပါတော့တယ်။ သူ့ကို စောင့်ရှောက်နေတဲ့ ၁၂-၁၃ နှစ်အရွယ် အစ်ကိုဖြစ်တဲ့ကောင်လေးဟာလည်း များမကြာမီမှာပဲ အစာပြတ်ပြီး သေပြန်ပါတယ်။ မသေခင်မှာ ညီမလေးကို လွမ်းတဲ့စိတ်၊ မိဘတွေကို သတိရတဲ့စိတ်တွေကို တနင့်တပိုး ထမ်းပိုးသွားပါသေးတယ်။ နေ့စဉ်ရက်ဆက် လေယာဉ်တွေနဲ့ ဗုံးကျဲလို့ နေအိမ်တွေမီးလောင်၊ လူတွေက ထွက်ပြေးကြရ။ ဗုံးကျည်ဆန်တွေအကြားမှာ သေသူတွေက သေသွားကြ။ ကျန်ရစ်သူတွေမှာလည်း အလုပ်အကိုင်တွေ မဲ့၊ နေစရာမဲ့၊ ခိုကိုးရာမဲ့၊ စားစရာတွေ ရှားပါးလာ။ ကျနော်ကြည့်နေတဲ့ ဂျပန်ကာတွန်းရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတချို့ဖြစ်ပါတယ်။ စစ်ပွဲတွေကို ပေါ့သေးသေးလို့ ထင်ပါသလား။ ဇာတ်ကားကို ကြည့်နေရင်းနဲ့ပဲ ကျနော်ဟာ တစ်ယောက်တည်း တုန်လှုပ်ခြောက်ခြားလို့ နေပါတယ်။ ဘဝမှာ အဆိုးရွားဆုံးသော ဆင်းရဲဒုက္ခကို ကြုံတွေ့ဖို့ ကိုယ်ဘာအမှားမှ ကျူးလွန်စရာ […]