BREAKING
October 19, 2025

ဆောင်းပါး

အမေရိကန်ရွေးကောက်ပွဲနဲ့ လူဖြူတွေရဲ့ အကျပ်အတည်း

diz_admin

November 6, 2024

ဘန်ကောက်ပို့စ် သတင်းစာမှာ ဆောင်းပါးတပုဒ် ဖတ်ရတယ်။ Edoardo Campanella. (Oct 28, 2024). The US election and the crisis of whiteness. Bangkok Post. စာရေးသူ Edoardo Campanella က ဟားဗတ် တက္ကသိုလ် ကနေဒီအစိုးရကျောင်း၊ Mossavar-Rahmani Center က စီနီယာဖဲလိုးတဦး။ သူ့ဆောင်းပါးကို စိတ်ဝင်စားမိတာက အမေရိကန် ရွေးကောက်ပွဲကို သူက ရှုထောင့်တခုက ချဉ်းကပ်ထားတာ။ အနောက်နိုင်ငံတွေမှာ အထူးသဖြင့် ဒီမိုကရေစီ အကျပ်အတည်း (crisis of democracy) ကို ဖော်ပြ ပြောဆိုကြတဲ့ ပြဿနာတွေက အထူးသဖြင့် ဆူကြုံနိမ့်မြင့် ဆင်းရဲချမ်းသာ ကွာဟမှုပြဿနာ၊ လူလတ်တန်းစာတွေမှာ အနှစ်မဲ့မဲ့ ချွတ်ခြုံ […]

ဗိုလ်ရဲ့ တကယ့် အဓိပ္ပါယ်

Dawei Watch

November 3, 2024

ဒီခေါင်းစဉ်က တကယ်တော့ ၁၉၉၁ ခုနှစ်က ထုတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အက်ဆေး တစ်ခုရဲ့ ခေါင်းစဉ်ပါ။ The True Meaning of Boh တဲ့။ သူ့ဆောင်းပါးကို ဖတ်မိရင်း အတွေးပွားစရာတွေ များလှတယ်။ ဗိုလ်ဆိုတာ ဘာပါလဲ။ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ်က တပ်ထဲမှာ ကိုယ့်ကိုယ့်ကို ဗိုလ်တွေ တပ်ခေါ်ကြတယ်။ ဗိုလ်တေဇ၊ ဗိုလ်လကျ်ာ၊ ဗိုလ်ကျော်ဇော စသည်ဖြင့်ပေါ့။ အဲဒီတုန်းက ထုံးစံ အတိုင်းစစ်အတွင်းထဲမှာ ဆိုတော့ ဗိုလ်ဆိုတာ သည်းချေကြိုက်၊ ပြည်သူ့ အသည်းနှလုံးပေါ့။ လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်သူတွေကိုး။ ဆိုတော့ ဗိုလ်ရဲ့ တကယ့် အဓိပ္ပါယ်က ဘယ်က လာပါသလဲ။ ဗိုလ်ဆိုတာ ‘ဗလ’ က လာတာလို့ ဒေါ်အောင်ဆန်းစုကြည်က အက်ဆေးထဲမှာ အနက်ကောက်တယ်။ […]

တနင်္သာရီတိုင်းထဲက ‘မူဆလင်တပ်ခွဲ’

Dawei Watch

October 30, 2024

(Aljazeera သတင်းဌာနပါ Muslims join Buddhist, Christian fighters to topple Myanmar’s military ဆောင်းပါးကို မူရင်းအတိုင်း ဘာသာပြန်ဆိုဖော်ပြထားခြင်း ဖြစ်သည်) မြန်မာပြည် တနင်္သာရီဒေသရဲ့ စိမ်းလန်းစွာ အနိမ့်အမြင့်သွယ်တန်းနေတဲ့ တောင်တန်းများ။ ဒီတောင်တန်းတွေအနှံ့မှာ ဖြန့်ကျက်အခြေချထားတဲ့ သူပုန်စစ်သည်တွေဟာ စစ်ဆေးရေးဂိတ်တွေမှာ မော်တော်ကားတွေကို စစ်ဆေးနေတယ်။ ဒီမော်တော်ကားတွေဟာ ရန်သူတော်မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်က အနီးအနားမြို့တစ်မြို့ကို ဦးတည်သွားနေကြတယ်။ ဒီဒေသဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက မြန်မာစစ်တပ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ ခိုင်မာအားကောင်းလာနေတဲ့ နေရာ။ ဒီနေရာ ဒီဒေသမှာ ဒီမြင်ကွင်းဟာ ရင်နှီးပြီးသားအရာ။ ဒါပေမယ့် ဒီသူပုန်စစ်သည်တွေကို အခြားသူတွေနဲ့ ကွဲထွက်ထူးခြားနေစေတာက သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှုပါ။ သူတို့ဟာ အင်မတန်လူသိနည်းတဲ့ “မူဆလင်တပ်ခွဲ”ရဲ့ တပ်ဖွဲ့ဝင်များ ။ ခရစ်ယာန်နဲ့ […]

ခယောင်းလမ်းပေါ်က ယုံကြည်ချက် ခြေလှမ်းများ

Dawei Watch

October 29, 2024

မီးရောင်စုံထွန်းထားသည့် ထိုင်းတောင်ပိုင်းက စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးနှင့် သန့်ရှင်းရေးအလုပ်များ လုပ်ကိုင်နေသည့် ခန္ဓာကိုယ်သေးသေးသွယ်သွယ်နှင့် တက်ကြွဖျတ်လတ်ဟန်ရှိသည့် အမျိုးသမီးတစ်ဦး။ ယင်းအမျိုးသမီးမှာ ၂၀၂၁ စစ်အာဏာမသိမ်းမီက တနင်္သာရီတိုင်းရှိ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဒုဦးစီးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဒေါ်မေ (အမည်လွှဲ) ဖြစ်သည်။ ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်း ဒေါ်မေသည် အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် ဆက်ပြီးအလုပ်လုပ်ရန် လိပ်ပြာမလုံတော့သည့်အတွက် သူမြတ်နိုးစွာရွေးချယ် လုပ်ကိုင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းအလုပ်ကို စွန့်လွှတ်ရန် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရဟုဆိုသည်။ ဒေါ်မေက စစ်အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာတွင် မိခင်ဌာနဆီ ထွက်စာတင်ပြီး အလုပ်ထွက်ခဲ့ခြင်းဖြစ်သည်။ အလုပ်ထွက်ပြီးနောက် ပြည်တွင်းတွင် ဆက်နေရန် အဆင်မပြေတော့သည့်အဆုံးတွင် ထိုင်းနိုင်ငံသို့ထွက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုင်းနိုင်ငံသို့ရောက်လာချိန်တွင် အခက်အခဲပေါင်းများစွာက သူမကို ဆီးကြိုနေပြီး ကျွမ်းကျင်သည့် အလုပ်ဖြင့် အသက်မွေးခွင့်မရတော့ပေ။ နေထိုင်လုပ်ကိုင်ခွင့်နှင့် ပတ်သက်သည့်အထောက်အထားမရှိသေးသည့်အတွက် ထိုင်းတောင်ပိုင်း စူရတ်ဌာနီရှိ ညီမတစ်ဝမ်းကွဲ၏ အိမ်တွင်နေထိုင်ပြီး […]

လောင်းလုံးက ခွင့်မဲ့အိမ်ပြန်သည့် တော်လှန်ရေးတပ်သား အရေးယူမှုဂယက်

Dawei Watch

October 28, 2024

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ခွင့်ပြုချက်မရှိဘဲ အိမ်ပြန်ညအိပ်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးအပေါ် ကိုင်တွယ်မှုပုံစံနှင့် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များမှာ အငြင်းပွားမှုများစွာဖြင့် ဂယက်ထနေသည်။ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဗန်ဒိန်းသည် အောက်တိုဘာလ ၂၅ ရက်နေ့က အိမ်ပြန်သွားခဲ့ပြီး ညအချိန် တပ်ဖွဲ့ထံ ပြန်လာရမည်ဖြစ်သော်လည်း ပြန်မလာခဲ့‌ဟုဆိုသည်။ တပ်ဖွဲ့ဆီပြန်မလာသဖြင့် မြို့ပြပြောက်ကျားတပ်ခေါင်းဆောင် ဗိုလ်ပီတာဦးဆောင်ပြီး ယင်းညတွင်ပင် တပ်ဖွဲ့ဖြင့် နေအိမ်ထံ သွားရောက်ရှာဖွေခဲ့သည်။ သားကိုမတွေ့၍ ဖခင်ကိုဖမ်း နေအိမ်တွင် တပ်ဖွဲ့ဝင် ဗန်ဒိန်း ရှိမနေခဲ့သဖြင့် ၎င်းအစား ဗန်ဒိန်း၏ ဖခင်ကို ‌မြို့ပြပြောက်ကျားတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင့် အဖမ်းခံရသည့် မိသားစုဝင်တို့ထံမှ သိရသည်။ သားကိုမတွေ့သဖြင့် ဖခင်ဖြစ်သူကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးသွားချိန် ဖခင်ဖြစ်သူအား ပြောက်ကျားတပ်ခေါင်းဆောင် ဗိုလ်ပီတာကိုယ်တိုင် လက်သီးဖြင့်ထိုးခြင်း၊ သေနတ်ဒင်ဖြင့်ထုထောင်းခြင်း၊ သေနတ်ပြောင်းဖြင့်ထိုးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း မိသားစုဝင်တို့က ပြောသည်။ “ခင်ဗျားသားကိစ္စ […]

လောင်းလုံးက အမှောင်မိုက်ဆုံး သီတင်းကျွတ်

Dawei Watch

October 26, 2024

ပွင့်လင်းရာသီအစ ပွဲလမ်းသဘင်များဖြင့် ကလေး၊ လူကြီးမရွေး ပျော်ရွှင်ကြရသည့် သီတင်းကျွတ်ကာလ၊ ဆီမီးထိန်ထိန်လင်းသည့်ကာလ၊ ဗျောက်အိုး၊ ရှူးဒိုင်းတို့ဖြင့် ကလေးများ ပျော်ရွှင်ကြရသည့်ကာလ။ သို့သော် လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများတွင်မူ ရွာလုံးကျွတ်အမှောင်ကျနေပြီး ဗျောက်အိုးသံများအစား လက်နက်ကြီးပေါက်ကွဲသံများ ထွက်ပေါ်နေသည်။ ကျေးရွာလမ်းမများတွင် လူမရှိတော့။ ကုသိုလ်ကောင်းမှုများဖြင့် ဖြတ်သန်းလေ့ရှိသည့် ကျေးလက်ဒေသများ၏ သီတင်းကျွတ်ကာလကို စစ်ကောင်စီစစ်ကြောင်းက အနိဋ္ဌာရုံများဖြင့် ဖုံးလွှမ်းစေခဲ့သည်။ ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်သို့ စတင်ဝင်ရောက်လာသည့်နေ့မှာ သီတင်းကျွတ်ပွဲတော်ကျင်းပရန် သုံးရက်အလို အောက်တိုဘာလ ၁၃ ရက်နေ့ဖြစ်သည်။ စစ်ကောင်စီ စစ်ကြောင်းက လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများသို့ ၈ ရက်ကြာ စစ်ကြောင်းထိုး ဝင်ရောက်လာရာတွင် ဒေသခံများကို ဖမ်းဆီးမှုများ၊ နှိပ်စက်သတ်ဖြတ်မှုများနှင့် နေအိမ်မီးရှို့မှုများလည်း လုပ်ဆောင်ခဲ့သည်။ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့်ကာလအတွင်း သေဆုံးသူဒေသခံ ငါးဦးရှိပြီး ခုနစ်ဦးထက်မနည်း […]

ထိုင်း ဆင့်ပွားစီးပွား အရှုပ်တော်ပုံ

Dawei Watch

October 23, 2024

ထိုင်းမှာ စီးပွားရေး ငလျင်တစ်ခု လှုပ်နေပါတယ်။ ဆင့်ပွားစီးပွား (MLM) လို့ မြန်မာပြည်မှာ လူသိများတဲ့ ပိရမစ်ပုံစံ Multi-level Marketing (MLM) စနစ် အွန်လိုင်း ဈေးရောင်း လုပ်ငန်းစုကြီးတစ်ခုရဲ့ အရှုပ်တော်ပုံဟာ လက်ရှိမှာ ထိုင်းတစ်နိုင်ငံလုံးကို ကိုင်လှုပ်နေတာပါ။ ထိုင်းနိုင်ငံက နာမည်ကျော် သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေ၊ နိုင်ငံရေးသမားတွေ၊ ဆယ်လီဘရစ်တီတွေနဲ့ ထိုင်းအစိုးရဌာန အချို့ ပါဝင်ပတ်သက်နေတဲ့ ဒီ MLM ပြဿနာဟာ နိုင်ငံရေးအရှုပ်တော်ပုံအဆင့် ရောက်လာနေတယ်လို့ ထိုင်းမီဒီယာတွေက ဆိုပါတယ်။ ဒီ့အပြင်မကပါဘူး။ ထိုင်းနိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး ဂယက်ရိုက်ခတ်နေတဲ့ ပိရမစ်စီးပွားရေးငလျင်တစ်ခုထိ ဖြစ်လာပါတယ်။ iCON Group ဆိုပြီး ထိုင်းနိုင်ငံမှာ နာမည်ကျော်တဲ့ ဒိတ်ဒိတ်ကြဲ အွန်လိုင်း အရောင်းအင်ပါယာကြီးရဲ့ လိမ်လည်အမြတ်ထုတ်မှုဒဏ်ခံရလို့ စီးပွားပျက်ပြီး […]

ဖုတ်လှိုက်ဖုတ်လှိုက် ဒေသမုန့်များ

Dawei Watch

October 14, 2024

ထားဝယ်ဒေသ၏ ပွဲဦးထွက်ပွဲတော်ဖြစ်သော မမဘုရားပွဲစပြီဖြစ်သည်။ ကိုဗစ်၊ ကိုစစ်နှင့်အတူ ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် ပွဲစျေးငတ်နေသည့် ဒေသခံများအတွက် အာသာပြေသွားနိုင်သည့် ပွဲလမ်းတစ်ခုပင်။ သို့သော် ထားဝယ်ဒေသပွဲစျေးဟု ဆို၍မရတော့။ ပွဲစျေးတန်းတွင် ရောင်းချနေသည့် မုန့်သည်များပင် ဒေသရနံ့ကို မသယ်ဆောင်လာတော့။ ယခုနှစ်မမဘုရား ပွဲစျေး၌ ဒေသမုန့်များအစားတွင် ယိုးဒယားအစားအစာများက နေရာယူလာသလို အခြားဒေသမှ အစားအသောက်များက ပိုမိုလွှမ်းမိုးနေဟုဆိုသည်။ မမဘုရားပွဲစျေးနှင့် နှစ်စဥ် ထိတွေ့နေရသည့် ရှမ္မလည်ဆွဲရပ်ကွက်က အသက်လတ်ပိုင်း အမျိုးသားတစ်ဦးကလည်း ယခုနှစ် ဘုရားပွဲစျေးသည် စည်းကားသော်လည်း ဒေသရိုးရာမုန့်ဆိုင် အားနည်းပြီး အသားကင်နှင့် အခြားအစားအစာများ ပိုတိုး၍ နေရာယူလာသည်ကို မြင်ရကြောင်း ပြောသည်။ “အရင်က မမဘုရားပွဲဆို အာပုံမုန့်သည် သုံးယောက်လာတယ်။ ဘိန်းမုန့်သည်၊ ထိုးမုန့်သည်၊ ကလယ်မော (ကောက်ညှင်း ကျည်တောက်) သည် အဲဒါတွေလည်း […]