မြန်မာပြည်အနောက်ပိုင်း စစ်ရေးချိန်ခွင်လျှာအပြောင်းအလဲနဲ့ အိန္ဒိယရဲ့ မူဝါဒ
Dawei Watch
January 7, 2025အိန္ဒိယနိုင်ငံက Deccan Herald သတင်းစာမှာ ၂၀၂၄ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ “Why India needs to heed the dramatic churning in western Myanmar” “အိန္ဒိယအစိုးရအနေနဲ့ မြန်မာပြည်အနောက်ပိုင်းက အံ့အားသင့်စရာအကြီးစားအပြောင်းအလဲကို ဘာကြောင့် အာရုံစိုက်သင့်သလဲ”ဆိုတဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်းတစ်ယောက်နဲ့ အာရှရေးရာပါရဂူဘွဲ့ စာတမ်းပြုစုနေသူတစ်ယောက်က ပူးတွဲရေးသားထားပါတယ်။ Gautam Mukhopadhaya က နယူးဒေလီအခြေစိုက် Centre for Policy Research ရဲ့ စီနီယာဧည့်သုတေသီတစ်ယောက်ဖြစ်ပါတယ်။ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ Angshuman Choudhury ကတော့ စင်္ကာပူအမျိုးသားတက္ကသိုလ်နဲ့ လန်ဒန်ဘုရင့်ကောလိပ်တို့မှာ […]


