ရွှေ့ပြောင်းလုပ်သား မရှိတော့တဲ့တစ်နေ့ ထိုင်းစီးပွားရေး
Dawei Watch
March 16, 2025ထိုင်းနိုင်ငံတွင် နိုင်ငံသားများ မလုပ်လိုသော အလုပ်အမျိုးအစား သုံးမျိုးရှိသည်။ 3Ds ဟုခေါ်သော Dirty (ညစ်ပတ်သော) ၊ Dangerous (အန္တရာယ်ရှိသော) ၊ Difficult (ခက်ခဲသော) အလုပ်များပင်။ ယင်းအလုပ်များကို ထိုင်းနိုင်ငံသား အနည်းစုသာ လုပ်ကိုင်နေကြပြီး အများဆုံးဝင်ရောက်လုပ်ကိုင်နေသူများက မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ ထိုင်းလုပ်ငန်းရှင်အများစုက ထိုင်းအလုပ်သမားကို ရှာမတွေ့သလို ကုန်ကျစရိတ်လည်း သက်သာစေရန် ရွှေ့ပြောင်း အလုပ်သမားများကို အလုပ်ခန့်ထားကြပြီး ၎င်းတို့၏ အားကို မှီခိုလျက် လုပ်ငန်းလည်ပတ်နေကြသည်။ ထိုင်းနိုင်ငံသားအများစုကလည်း 3Ds အလုပ်များသည် ၎င်းတို့နှင့် မကိုက်ညီသည့်အပြင် အန္တရာယ်များပြီး ညစ်ပတ်အနံ့ပြင်းသဖြင့် လုပ်ကိုင်ရန် ဆန္ဒမရှိပေ။ “တကယ်လို့ ထိုင်းစီးပွားရေးစနစ်လို ရွှေ့ပြောင်းအလုပ်သမားတွေကိုသာ မှီခိုနေရတဲ့ စီးပွားရေးစနစ်တစ်ခုကို သေချာ စီမံနိုင်မှု မရှိဘူးဆိုပါစို့။ ထိုင်းနိုင်ငံကလည်း ဈေးသက်သာတဲ့ အလုပ်သမားတွေကို […]


