‘ကလေးကို လိုချင်တဲ့သူ ရှိလားရှင့်’
Dawei Watch
May 21, 2025ဟောင်းနွမ်းစပြုနေပြီဖြစ်သည့် နှစ်ထပ်တိုက်အိမ်တစ်လုံး၏အောက်ထပ် အဖီလေးအောက်ရှိ ကြိမ်ကုတင်ပေါ်တွင် ရက်သားအရွယ်ကလေးလေး ပက်လက်အိပ်နေသည်။ ပြီးနောက် စူးစူးဝါးဝါးငိုချလိုက်သဖြင့် အိမ်နောက်ဖေးမှ မွေးစားမိခင်ဖြစ်သူ ဒေါ်ထွေး သုတ်သီးသုတ်ပျာ ပြေးထွက်လာပြီး ပွေ့ချီလိုက်သည်။ ဒေါ်ထွေး ရင်ခွင်ထဲရောက်သွားသည့် နီတာရဲလေးမှာ အငိုတိတ်သွားတော့သည်။ အသက် ၃၉ ရက်သာ ရှိသေးသည့် နီတာရဲလေး၏ အမည်မှာ မောင်နိုင်။ ရင်ခွင်မဲ့ကလေးတစ်ဦး တစ်နည်းအားဖြင် မိဘ၏စွန့်ပစ်ခြင်းခံခဲ့ရသည့် သနားစရာကလေးငယ်တစ်ဦး။ မောင်ထက်နိုင်ဦးလေးမှာ အောက်ပိုင်းဗလာဖြင့် နို့စို့ရင်း ငြိမ်ချက်သားကောင်းနေသည်။ နို့စို့နေသည်ဟုဆိုသော်လည်း အဟာရပြည့်ဝသော မာတာမိခင်၏ နို့ချိုတော့မဟုတ်။ အသင့်ဖျော်နို့မှုန့်ကို သောက်စို့နေခြင်းသာဖြစ်သည်။ “သူ့အမေမှာ နို့အရမ်းထွက်တယ်။ ဒါပေမဲ့ ကလေးကိုလုံးဝ မပေးစို့ဘူး။ ဒီကလေးကို သူမလိုချင်ဘူးတဲ့။ နီးတဲ့နေရာမှာ လွှင့်ပစ်မယ်ပြောလို့ ကျွန်မမွေးစားလာခဲ့တာ” ဟု ဒေါ်ထွေးကပြောသည်။ ဒေါ်ထွေးနှင့် သည်ကလေးမှာ ထားဝယ်ဆေးရုံကြီးပေါ်တွင် ရေစက်ဆုံလာကြခြင်းဖြစ်သည်။ […]


