Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံး ကဒက်ကြီးရွာက နေအိမ်ခြောက်ဆောင်ကို စစ်အာဏာရှင်တပ် မီးရှို့တဲ့သတင်း
- မေလအတွင်းမှာ တနင်္သာရီတိုင်းက လူငယ် ၁၆၀ ကျော် စစ်မှုထမ်းစုဆောင်းခံရတဲ့အကြောင်း
- ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ် ဒရုန်းဗုံးချခံရပြီးနောက် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးတဲ့သတင်း
- ရေဖြူ နဘုလယ်ဒေသမှာ စစ်အာဏာရှင်တပ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့သတင်းနဲ့
- စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ပြန်သိမ်းပြီးနောက် နေအိမ်တွေမှာရှိတဲ့ ပစ္စည်းတွေကို ဖောက်ထွင်းတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






