Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းနဲ့ ပုလောမှာ စစ်ဘေးရှောင်တွေ မိုးရာသီ နေရေးအခက်ကြုံနေတဲ့ အခြေအနေ
- တနင်္သာရီမြို့နယ် ဖားကွင်းရွာကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ စာသင်ကျောင်းပျက်စီးတဲ့ သတင်း
- စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သား ၆ ဦး မြိတ်ခရိုင်တပ်ရင်း ၃ ဆီ ခိုလှုံလာတဲ့ အကြောင်း
- စစ်မှုထမ်းအဓမ္မစုဆောင်းခံနေရလို့ မြန်မာလူငယ်တွေကို နေရပ်ပြန်မပို့ဖို့ အာဆီယံအမတ်တွေ တိုက်တွန်းတဲ့ အခြေအနေ
- ကျန်းမာရေးထောက်ခံစာအတု မလုပ်ကြဖို့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရသတိပေးတဲ့သတင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






